'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, May 31, 2015
သို့ ဆိုပါလျင်..
သို့ ဆိုပါလျင်..
----
အရှေ့ အနောက် အယူတွေအတော် များများမှာ တစ်ချိန်ချိန်မှာ..ကမ္ဘာဟာ ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာထက်
ပျက်ခြင်းသဘောနဲ့အဆုံးသတ်မယ့် ကမ္ဘာကြီး အဖြစ်ဆိုကြတဲ့ သဘောချည်းများတယ်..
ဒီသဘောသာမှန်ရင် ကမ္ဘာပျက်ဖို့ အတွက် အဖျက်သဘောတွေက ပိုအင်အားကောင်းလာဖို့ လိုလိမ့် မယ်..
အဖျက်သဘောတွေ အင်အားကောင်းလာတဲ့ အခါ အပြုသဘောတွေက တစ်စတစ်စ နောက်ဆုတ်ပေးရရင်း နောက်ဆုံးမှာ....
.
..သို့ ဆိုပါလျင်..
အပြုသဘောတွေ ကွယ်ပျောက်လို့  အဖျက်သဘောတွေ အင်အားကြီးလာမှု့ ကြောင့်  ကမ္ဘာပျက်ခါနီးလာချိန်မှာ
အထွတ်အထိပ်ရောက်လာတဲ့  လူ့ ဒေါသတရားရဲ့ ပါဝါကြောင့်  သာမန်အားဖြင့် ပျော့ ပြောင်းလှတဲ့ မြက်တစ်ပင်တောင်
လူ့ ရဲ့ လက်ထဲမှာ မာကျော ထက်မြက်လှတဲ့ လူသတ်လက်နက် ဓားတစ်ချောင်းဖြစ်သွားလိမ့် မယ်လို့ ဆိုတယ်...
အတွေးစတစ်ချို သာ...
ဥပမာ မရဏသောကြာသက်ရောက် ရှော့ ကီးဆိုပါတော့ 

===========
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..မရဏ ဆိုတာ ဖြစ်တည်နေဆဲ အခြေအနေတစ်ခု ရပ်တံ့ သွားတာ ၊ ဒီတော့  သောကြာ သက်ရောက် မရဏကျတယ်ဆိုတာ လှုပ်ရှားနေဆဲ အခြေအနေတစ်ခုကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ ရုတ်တရက် ရပ်တံ့ သွားတာ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေ တိုက်ဆိုင်လာတတ်တာ...ကိုယ့် အပြုအမူကြောင့် ဖြစ်ချင်ဖြစ်မယ် ကိုယ်က တိုက်ရိုက်ပြုမူမိတာမျိုး မဟုတ်ရပါပဲ ပြင်ပ ပယောဂတစ်တစ်ခုခုရဲ့  သက်ရောက်မှု့ တစ်ခုခုကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒဲ့ ကြုံရတာမျိုး ဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ကြုံရတာမျိုးဖြစ်ချင်ဖြစ်မယ်...)...

ရှမ်တိမ်ကံ....
ရှမ်တိမ်ကံ....
---
တစ်ခါတစ်လေ လာတွက်တဲ့ ဘဲကြီးက တတ်သမျှမှတ်သမျှ တွက်ရိုးအရတော့ ဂွတ်နေသားပဲ ပုံမှန်ဆို မြွေဖမ်းနေရလောက်အောင် ပရော်ဘလမ်ကြီးကြီးမားမား မတွေ့ ရတတ်ပါဘူး...ဒါပေမယ့်  တကယ်တမ်းဖြစ်နေတာ ဒီနှစ်ထဲ လုပ်ရကိုင်ရတာ ဘူနေချက်က ကျားမြီးသာပြေးဆွဲလိုက်ချင်သတဲ့ ...အင်းး...ဧကန္တဆိုပြီး.... သူ့ ကြင်ယာတော် မဒီကညာကို ကံလေးကို တွက်စစ်ကြည့် လိုက်တော့ မှ သူ့ အမျိုးသမီးက မြွေအကောင်၂၀လောက် ၀ိုင်းကိုက်နေတဲ့ ကံဖြစ်နေတယ်...
လင်နဲ့ မယားမှာ လင်က ကံမဆိုးလှပေမယ့်  လင့် လုပ်စာမှီစားရမယ့်  မိန်းမကံက မြွေဖမ်းနေရင်လည်း လင့် ခမျာ ရှာလို့ ဖွေလို့ က မကောင်း...ဘာကြောင့် မကောင်းဆို လင်က အရှာကောင်းလေ မိန်းမဆေးဖိုးဖြစ်သွားလေသဘောဖြစ်လာတတ်လို့ ပဲ..ပြီးတော့  မိန်းမကံက ခွင်သာမကောင်းတာ မသေထိုက်သေးဆိုတော့ လင့် ခမျာ ကံသာနေရဲ့ သားနဲ့ အလွဲလွဲတွေဖြစ် ဖတ်သီဖတ်သီ....အဲ့ လိုမျိုးတွေ ခဏခဏကြုံရတော့  လင်ကို သူ့ မူရင်း ကံသာတဲ့ အတိုင်းပြန်ရဖို့ အကြံအဖန် တွေတင်မကဘူး.မမေးတဲ့  သူ့ မိန်းမ အတွက်ပါ အကာအကွယ် အကြံအဖန်တွေ ထည့် ပေးလိုက်ရတယ်..လင်နဲ့ မယား ကံချိတ်ဆက်ဆိုတာ ဒီသဘောပေါ့ ဗျာ

ဒဿနနည်းနဲ့ ဗေဒင်ကိုချဉ်းကပ်ခြင်း..နဲ့ . '''unknown ''..(၀ါ).''မသိကိန်း'' ..

-----------
ဒဿနနယ်မှာ အများသိဥပမာ အဖြစ် ကျီးကန်း ကိစ္စရှိပါတယ်...ကျီးကန်းတွေကို တွေ့ ရတိုင်း အမဲရောင်တွေချည်း လိုလိုတွေ့ ရလို့  ကျီးကန်းတွေဟေ့ လို့ ကြားတာနဲ့ စိတ်မျက်စိမှာ အရင်ကတွေ့ ဖူးခဲ့ တဲ့  အမဲရောင်ကျီးကန်းကို တမ်းပြီး အာရုံဖေါ်လိုက်ရင်း '''' ကျီးကန်း၏အရောင်သည် မဲသည် '''' ဆိုတဲ့  အဆိုတစ်ခုထွက်လာပါတော့ တယ်... ..ဒါပေမယ့်  သြဇီဘက်မှာကျီးကန်းအဖြူရောင်အုပ်တစ်အုပ်ကိုလည်း တွေ့ လိုက်ရရော...မူလအဆိုဖြစ်တဲ့  .ကျီးကန်း အများစုသည် အမဲရောင်များဖြစ်ကြ၏ ဆိုတဲ့  အဆိုတစ်ခုအပြင် နောက်ထပ်အဆိုတစ်ခု အဖြစ် ''''သို့ သော် အချို့ သော ကျီးကန်းတို့ သည် ဖြူကြ၏.'''..ဆိုတဲ့  အဆိုတစ်ခု ထွက်လာပါတော့ တယ်...

မရဏသောကြာသက်ရောက်
Na Win Thi Ha
May 22 at 11:36am
မရဏသောကြာသက်ရောက်
==========
တိုက်ဆိုင်မှု့ တစ်ခုပေါ့ ..၁၂.၁၂.၄၃ တနင်္ဂနွေသား ( ၃ကြွင်းတနင်္ဂနွေရာဇဖွား)..ပေါ့ ..အခု ၇၂ နှစ် သောကြာမရဏထဲမှာပေါ့ ..
.
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..အဲ့ ဒါကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေတိုက်ဆိုင်လာတာ)....
အကန့် အသတ်မဲ့ ပျော်ရွင်ခွင့် အချိန်လေးတွေဆိုတာ...
အကန့် အသတ်မဲ့ ပျော်ရွင်ခွင့် အချိန်လေးတွေဆိုတာ...
-----------
ခေးက အိမ်နံရံပေါ်မှာ ဆော့ ပင်နဲ့  စာသင်နေတာ ပုံဆွဲနေတာ ဆိုပြီး သူ့ နှုတ်ဖျားလေးက အသံမျိုးစုံထွက်ပြီး..လျှောက်ခြစ်ဆော့ နေတော့ .....ပထမတော့  နံရံတွေ ညစ်ပတ်ကုန်ပြီဆိုပြီး ဟန့် မလို့ စိတ်ကူးပြီးမှ..
ကလေးတစ်ယောက် သူ့ စိတ်ကူးနဲ့ သူ သူ့ အသိစိတ်ထဲက မှတ်ယူထားပုံရတဲ့  အပူမဲ့ ကောင်းကင်ကြီးအောက်မှာ အလွတ်လပ်ကြီး လွတ်လပ်ပြီး ပျော်နေတာဟာ ဘေးကကြည့် နေသူကိုပါ အပျော်တွေကူးစက်လာတော့ တယ် ကလေးတွေရဲ အသက်နဲ့ ဝေးတဲ့  အလွတ်လပ်ဆုံးပျော်ရွှင်ခွင့် ရဖို့ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ ခဏခဏရဖို့မလွယ်တဲ့အဖြစ်ပဲ
အိမ့် နံရံတွေမှာ လျှောက်ခြစ်ထားတဲ့  ကလေးတွေရဲ့  စိတ်ကူးယဉ်ပုံရိပ် ဆော့ ပင်ရာတွေ စွန်းထင်းနေတာကို ကြည့် ရင်း ကြည့် ရင်းက အဲ့ အစင်းအရာ အရောင်စုံလေးတွေဟာ ဘ၀တစ်ခုရဲ့ ဖြစ်တည်မှ့ မှာ အပျော်ဆုံးကာလလေးတွေရဲ့ အချိန်တွေကို ပြန်ပြီး ကိုယ်စားပြုပြနေတဲ့ နံရံပေါ်မှာ လွတ်လပ်စွာ ကခုန်နေ တဲ့ပုံရိပ်လေးတွေ လိုပါပဲလားလို့ တွေးရင်း..
.ကလေးတွေ လွတ်လပ်ကောင်းကင်အောက်မှာ အပူမဲ့ အပျော်လေးတွေနဲ့ ပျော်ခွင့် ရသလောက်အချိန်လေးတွေမှာ...ပျော်ခွင့် လေးတွေ ခဏပဲဖြစ်ဖြစ် ရသွားကြပါစေလို့ ....
-------------------------------------------
ဟီးဟီး..ဂယ်က..နံရံက ဆေးတွေက ဟောင်းပြီး နဲနဲရွဲးနေပြီ..အာ့ ကြောင့် စိတ်ကြိုက် လျှောက်ခြစ်ပစေ... နောက်တော့ ဆေးပြန်သုတ်လို့  ရတာပဲဆိုပြီး အကြိုက် ဆော့ နေတာ ကြည့် ကောင်းကောင်းနဲ့ လွှတ်ထားလိုက်တာလဲပါတယ်.ခိခိ

ပြိုင်ဆင်းကံ
ပြိုင်ဆင်းကံ
----
သိပ်မကြာခင်ကပဲဆိုပါတော့  .လမ်း ဟိုဖက်ထိပ်က လမ်းသားချင်းချင် အမျိုးသမီးတစ်ယောက် ၀င်လာတယ်..အဲ့အမျိုးသမီးက တစ်ခါလာဖူးတာတော့ သိတယ်..သူ့ အမျိုးသား ဆုံးသွားတယ်ဆိုတာလဲ သိထားပြီးသား..၊ ၀င်လာပြီးတော့  သူ့ အိပ်ကလေးကို ဖွင့် ပြီး..စာရွက်ကလေးတစ်ရွက်ထုတ်လိုက်ပြီး ကျနော့် ကို လှမ်းပြရင်း.ဆြာပြောလိုက်တာ သတိရလို့ ပြန်ရှာတာ အံဆွဲထဲက ပြန်တွေ့ လို့ ပြန်ဖတ်ကြည့် တာ အဲ့ ထဲမှာ သူ့ အမျိုးသား အသက်အန္တရာယ် သတိထားဆိုတာပါနေရဲ့ သားနဲ့  ကျမ ညံ့ တာဆြာတဲ့ ..၊ပြီးတော့  အငှင့် အငှင့် ဖြစ်ပါလေရောဗျာ..

အကြောင်းအကျိုးသဘော နဲ့ သိနိုင်စွမ်း အကန့် အသတ်ရှိတဲ့ ဗေဒင်.

------------
ကမ္ဘာ့ သမိုင်းကို သုံးသပ်တဲ့  ကမ္ဘာစစ်တွေဖြစ်ရခြင်း အကြောင်းမှာ စစ်ဖြစ်ရခြင်းအကြောင်းကို ဝေးသောအကြောင်းနဲ့ နီးသော အကြောင်းဆိုပြီး ၂ မျိုးခွဲထုတ်လို့ ရတယ်...ဝေးသော အကြောင်း သဘောအဖြစ်က စစ်ဖြစ်လာဖို့  အခြေခံအကြောင်းတွေဆိုပြီး ပင်မအကြောင်းကြီး ၄ ကြောင်းနဲ့ ပြတယ်.အရှုံးသမားကိုလှုပ်မရအောင် စာချုပ် နဲ့ ဝိုင်း ပိတ်ဆို့ ခံထားရတာ ဒါကို တင်းလာတော့  စာချုပ်ကို ဖေါက်ဖျက်စပြလာတာ လူတွေဆင်းရဲလာတာ စသဖြင့် အထွေထွေကျပ်တည်းလာနေတာမျိုးက နှစ်တွေအကြာကြီးဖြစ်လာနေတဲ့ အကြောင်းရင်းကြီးတွေ..အဲ့ အကြောင်းရင်းတွေကြောင့်  ဒေါသတွေအမြင့် ဆုံးရောက်နေချိန်မှာ မင်းသားတစ်ယောက် ဂန်းလျှော့ အလုပ်ခံလိုက်ရတာကို အကြောင်းပြချက်လုပ်ပြီး ချက်ချင်းရာဇသံတွေထပေးပြီး စစ်ထတိုက်ကြတော့ တာက နီးသော အကြောင်းသဘောပေါ့ ...ဒါကို စစ်ဖြစ်ရခြင်းလတ်တလောအကြောင်းကြီးလို့  သုံးနှုံးကြတယ်...
Subscribe to:
Posts (Atom)