ဒဿနနည်းနဲ့ ဗေဒင်ကိုချဉ်းကပ်ခြင်း..နဲ့ . '''unknown ''..(၀ါ).''မသိကိန်း'' ..
-----------
ဒဿနနယ်မှာ အများသိဥပမာ အဖြစ် ကျီးကန်း ကိစ္စရှိပါတယ်...ကျီးကန်းတွေကို တွေ့ ရတိုင်း အမဲရောင်တွေချည်း လိုလိုတွေ့ ရလို့  ကျီးကန်းတွေဟေ့ လို့ ကြားတာနဲ့ စိတ်မျက်စိမှာ အရင်ကတွေ့ ဖူးခဲ့ တဲ့  အမဲရောင်ကျီးကန်းကို တမ်းပြီး အာရုံဖေါ်လိုက်ရင်း '''' ကျီးကန်း၏အရောင်သည် မဲသည် '''' ဆိုတဲ့  အဆိုတစ်ခုထွက်လာပါတော့ တယ်... ..ဒါပေမယ့်  သြဇီဘက်မှာကျီးကန်းအဖြူရောင်အုပ်တစ်အုပ်ကိုလည်း တွေ့ လိုက်ရရော...မူလအဆိုဖြစ်တဲ့  .ကျီးကန်း အများစုသည် အမဲရောင်များဖြစ်ကြ၏ ဆိုတဲ့  အဆိုတစ်ခုအပြင် နောက်ထပ်အဆိုတစ်ခု အဖြစ် ''''သို့ သော် အချို့ သော ကျီးကန်းတို့ သည် ဖြူကြ၏.'''..ဆိုတဲ့  အဆိုတစ်ခု ထွက်လာပါတော့ တယ်...
ဗေဒင်အဖြစ်ဖွဲ့ စည်းထားတဲ့ ဂြိုလ်တွေ သဘောမှာလည်း ကျီးကန်းကိစ္စလို သဘောတွေ ရှိတတ်ပါတယ်...ဥပမာ စနေဂြိုလ်လို့ ဆိုတဲ့ နေရာလေးကို တစ်နှစ်ဖြတ်သွားတဲ့  လူအယောက် ၁၀၀ မှာ လူ တစ်ယောက် ၊ လူ ဆယ်ယောက် ၊ အယောက် ၅၀ ၊ အယောက် ၉၀ အထိ ဖြတ်သန်းသွားသူတွေကို စောင့် ကြည့် လိုက်တဲ့ အခါ ဒဲ့ ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ လူတွေ မလိုချင်တတ်တဲ့  မကြိုက်နှစ်သက်တဲ့  ထူးခြားကွိုင်တစ်ခုခု ကြုံတွေ့ ပြီး ဖြတ်သွားတာကိုတွေ့ ခဲ့ ရတဲ့ အခါ
''စနေသက်ရောက်သည် အညံ့ ဆိုသော အဖြစ်အပျက်တွေ ကြုံတွေ့ ရသော ဂြိုလ်ဆိုး သက်ရောက်တစ်နှစ်တာ ဖြစ်သည် ''ဆိုတဲ့ ကောက်ချက်တစ်ခုကို စချလိုက်ပြီး...နောက်ထပ် စနေဂြိုလ်ဆိုတဲ့ သက်ရောက်ကို ဖြတ်တော့ မယ့် လူတွေကို (အရင်က အယောက် ၉၀ရဲ့ နမူနာတွေကိုကြည့် ပြီး ) စနေဂြိုလ်ဝင်တော့ မယ် ဘာတွေဖြစ်တတ်တယ် ဘယ်လိုကျော်ပါ ဘာတွေ ဘာတွေသတိထားပါဆိုပြီး သတိပေးချက်တွေ ကြိုတင်ထုတ်ပေးထားလိုက်ရပါတယ်...
ဒါပေမယ့် လူတစ်ရာမှာ ၉၀ အထိက ပြဿနာတစ်ခုခု ကြုံကြပေမယ့် လူဆယ်ယောက်ကတော့  ထူးခြားကြီးမားတဲ့ ပြဿနာတစ်ခုခု ကြုံလိုက်တာမျိုး မတွေ့ ရပဲပုံမှန်လေးကျော်ဖြတ်သွားတာတွေ့ လိုက်ရတဲ့ အခါ '''အချို့ တွေကိုတော့  စနေဂြိုလ်လို့ ဆိုတဲ့ နေရာဆိုးကြီးကတော့  ရစ်ချင်မှ ရစ်လွှတ်လိုက်မယ် '''ဆိုတဲ့  ချွင်းချက်တစ်ခု ဖြစ်လာပါတယ် ....သဘောက စနေသက်ရောက်မှာ ပြဿနာတစ်ခုခု ၁၀၀% ကြုံတွေ့ ရလိမ့် မယ်လို အပြတ်မဆိုနိုင်...ပြဿနာ တစ်ခုခုတော့ ကြုံတတ်တယ်..ဒီတော့  အရင်အသက်ပိုင်းတွေထက် သတိတော့ နဲနဲ ပိုထားတာကောင်းလိမ့် မယ် သတိထားလိုက်တော့  ကွိုင်တစ်ခုခုလာဦးတောင် သတိကြိုရှိနေလို့  သတိ လက်လွတ်နေတဲ့ သူထက် စာရင် ..ဆိုပြီး... ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စကားလုံးအစား '' ဖြစ်တန်ရာချေ..'' စကားလုံး အဆင့် ကို လျှော့ ချပေးလိုက်ရတယ်ပေါ့ ...
ကျီးကန်းကိစ္စ နဲ့ မတူတာက ကျီးကန်းကိစ္စက ရုပ်သဘောကြည့် ပြီး ဆင်ခြင်အဆို တစ်ခုကို တည်ဆောက်တာဖြစ်ပြီး လူ့ ကိစ္စမှာကြတော့  အကျိုးပေးပုံစံမျိုးစုံနဲ့  ရှုတ်ထွေး ပွေလီလှတဲ့  ကံ သဘောအပေါ်မှာ တည်ဆောက်ရတာဖြစ်လို့  စနေသက်ရောက်ဖြတ်တဲ့ လူ၁၀၀မှာ ပြဿနာကြုံပြီးဖြတ်ရတဲ့  လူအယောက် ၉၀ထဲမှာ ကိုယ်ပါမှာလား ? ဘေးကင်းပြီးဖြတ်သွားတဲ့  ၁၀ယောက်ထဲမှာကိုယ်ပါမှာလား? ယတိပြတ် မပြောနိုင် မပြောသင့် မပြောကောင်းပါဘူးပေါ့ 
အကြောင်းက သတ္တ၀ါတစ်ခုကံတစ်ခုထဲအပါအ၀င်ဖြစ်တဲ့  လူဟာ ( သံသရာက ပါလာတဲ့ ကံ+ ပစ္စုတ်ပန်>>>အနာဂတ်ကံ ) သဘောနဲ့ သွားနေတာဖြစ်လို့ ပစ္စုတ်ပန်ကံတွေကို ဆင်ခြင်ပြုပြင်လို (၀ါ) လောကီပညာအကူယူလို့  (၀ါ) ယတြာတွေကာလို့  ရကောင်းရနိုင်ပေမယ့်  မတိုင်းတာနိုင်လောက်အောင် အလွန်ရှည်လျားတဲ့ သံသရာကပြုခဲ့ သမျှ ကံတွေထဲက တစ်ချို့ ကံသတ္တိတွေဟာ လက်ရှိပစ္စုတ်ပန်ကာလရဲ့  ဘယ်အချိန်မှာ ကြားဖြတ် ၀င်ရောက်လာပြီး ကောင်းကျိုးဆိုး ကျိုးပေးချိန် ဆိုက်ရောက်လာမယ် မသိနိုင်ဆိုတဲ့  '''unknown ''..(၀ါ).''မသိကိန်း'' ..အတွက် ကံ တစ်ကွက်ချန်ထားပေးရပါတယ်...
ကမ္ဘာ့ အကောင်းဆုံး စစ်တပ်ပိုင်ရှင် အမေရိကန်တွေဟာ ဓားစာခံတွေကို ကယ်တင်ဖို့  သဲကန္တာရမြေခွေးစစ်ဆင်ရေး ဆိုပြီး အဆင့် မြင့်  နည်းပညာ တိကျတဲ့  သတင်းပညာတွေနဲ့ အဖက်ဖက်က ဟာကွက်မရှိ ထောင့် စေ့ အောင် စီစဉ်ပြီး စစ်ဆင်ရေးလုပ်ခဲ့ ပေမယ့်  သွားကယ်တဲ့  ရဟတ်ယာဉ်အုပ်ဟာ သဲကန္တာရအဖြတ်မှာ မျှော်လင့် မထားတဲ့  ပြင်းထန်တဲ့  သဲမုန်တိုင်းဒဏ်ကြောင့်  အကုန် ပျက်ကျကုန်ပါတယ်....အဲ့ ဒီမှာ ယူအက်စ် ဗိုလ်ချုပ်က ဘယ်လောက်တိကျတဲ့ စီမံချက်ဖြစ်ဖြစ်
ကံတစ်ကွက်တော့ ချန်ထားပေးရတာပါပဲ လို့ ငြီးခဲ့ တယ်လို့ ဆိုပါတယ်...
ကျနော်တို့ ရဲ့ အသက်တိုမှု့ ရှည်မှု့ တွေလဲ အဲ့  '''unknown ''..(၀ါ).''မသိကိန်း'' ..လက်ထဲမှာရှိနေနိုင်ပါတယ်ဗျားးး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..