Powered By Blogger

Sunday, May 31, 2015

ဥပမာ မရဏသောကြာသက်ရောက် ရှော့ ကီးဆိုပါတော့ 

ဥပမာ မရဏသောကြာသက်ရောက် ရှော့ ကီးဆိုပါတော့ 
===========
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..မရဏ ဆိုတာ ဖြစ်တည်နေဆဲ အခြေအနေတစ်ခု ရပ်တံ့ သွားတာ ၊ ဒီတော့  သောကြာ သက်ရောက် မရဏကျတယ်ဆိုတာ လှုပ်ရှားနေဆဲ အခြေအနေတစ်ခုကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ ရုတ်တရက် ရပ်တံ့ သွားတာ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေ တိုက်ဆိုင်လာတတ်တာ...ကိုယ့် အပြုအမူကြောင့် ဖြစ်ချင်ဖြစ်မယ် ကိုယ်က တိုက်ရိုက်ပြုမူမိတာမျိုး မဟုတ်ရပါပဲ ပြင်ပ ပယောဂတစ်တစ်ခုခုရဲ့  သက်ရောက်မှု့ တစ်ခုခုကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒဲ့ ကြုံရတာမျိုး ဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ကြုံရတာမျိုးဖြစ်ချင်ဖြစ်မယ်...)...



ဥပမာ မထင်မှတ်ပဲ အောက်ပိုင်း လေဖြတ်သွားတာမျိုး၊ ပလန်မရှိပဲ ရုတ်တရက် အိမ်ထောင်ကျသွားတာမျိုး .၊ ထင်မထားသေးပဲ မိဘရှိသေးရင် မိဘ အိမ်ထောင်ဘက်ရှိရင် ကောက်ကာ ငင်ကာ ဖျားနာပြီး ခပ်သုတ်သုတ် ကွယ်လွန်သွားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် အိမ်ထောင်ဘက်ကို ထားခဲ့ ရတာမျိုး..၊ ရုတ်တရက် အလုပ် လူလျှော့ ခံလိုက်ရတဲ့ အထဲပါသွားတာ ၊ရုတ်တရက် အမှု့ တစ်ခုခု ဆိုက် ရောက်လာတာ ၊ လုပ်နေဆဲ အလုပ်တွေ ပြင်ပယောဂတစ်ခုခုကြောင့်  ရုတ်တရက် ရပ်တံ့ သွားတာ ၊ ရုတ်တရက် အူအတက် ထယောင်လို့ ဆေးရုံ ထတက်လိုက်ရတာ...စသဖြင့်  စသဖြင့်  မျှော်လင့် မထားမိတဲ့ ထောင့် တွေက အလစ်ဝင်ချလာတတ်တာမျိုးပဲ..ဘယ်ထောင့် က ထ ရစ်မလဲဆိုတာ ခန့် မှန်းရ ခက်တတ်သလို အတိတ်ကံသတ္တိ အင်အားကြောင့် ဖြစ်ရတာမျိုးတွေ ပိုများတဲ့ ဘက်မှာ ရှိတတ်ပြီး
တစ်ခါတစ်လေ ဘ၀တစ်ဆစ်ချိုးကွေ့ သဘောဆန်တယ်ပေါ့ ဗျာ....

တစ်ဆစ်ချိုးကွေ့ ဆိုတာ ဥပမာ အလွတ်နေရင်းက မရဏသက်ရောက်ဖြတ်တော့ မှ စိတ်ပေါက်ပေါက် ရှိလှတာ ထူးဘူးဆိုပြီး ၀ုန်းဒိုင်းနဲ အိမ်ယာထထူထောင်လိုက်တာမျိုးသဘောပေါ့ ...အဲ့ လိုများ အိမ်ထောင်ထပြုလိုက်ရင် အကျိုးဆက်က ဘယ်သို့ ဆိုရင် ရိုးရိုးလေးပဲ မရဏသက်ရောက်မှာ အိမ်ထောင်ပြုရင် မရဏအိမ်ထောင်ရေး (၀ါ) လူသေနဲ့ ပြုလိုက်ရသလို လောကီအရသာမဲ့ တဲ့ အိမ်ထောင်ရေး (၀ါ) မှန်းချက်နဲ့ နှမ်းထွက်လွဲတဲ့ အိမ်ထောင်ရေးမျိုးဖြစ်လာနိုင်တယ်ပေါ့ ဗျာ..

ဒါဆို မရဏသက်ရောက်မှာ အိမ်ထောင်ပြုတာ ရှောင်သင့် တယ်ပေါ့ နော်လို့ ဆိုလာပြန်ရင် အဲ့ ဒါမျိုး မဖြစ်ချင်ရင်တော့ ရှောင်ကြည့် ပေါ့ ..အဲ ရှောင်လို့ ရမရတော့  မပြောတတ်ဖူး...အိမ်ထောင်ရေးဆိုတာ စတိုးဆိုင်မှာ အရုပ်ဝယ်သလို ရွေးယူလို့ ရတာလား.မရဘူးလား ရှေးရေစက် ဆုတောင်း အကြောင်းခံတွေ တစ်ခုခုကရော ၀င်ပြီးခြယ်လှယ်သွားတာမျိုးရော မပါနိုင်ဘူးလားဆိုတာ တွေးစရာရှိသေးတယ်ပေါ့ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..