-----------
ခေးက အိမ်နံရံပေါ်မှာ ဆော့ ပင်နဲ့  စာသင်နေတာ ပုံဆွဲနေတာ ဆိုပြီး သူ့ နှုတ်ဖျားလေးက အသံမျိုးစုံထွက်ပြီး..လျှောက်ခြစ်ဆော့ နေတော့ .....ပထမတော့  နံရံတွေ ညစ်ပတ်ကုန်ပြီဆိုပြီး ဟန့် မလို့ စိတ်ကူးပြီးမှ..
ကလေးတစ်ယောက် သူ့ စိတ်ကူးနဲ့ သူ သူ့ အသိစိတ်ထဲက မှတ်ယူထားပုံရတဲ့  အပူမဲ့ ကောင်းကင်ကြီးအောက်မှာ အလွတ်လပ်ကြီး လွတ်လပ်ပြီး ပျော်နေတာဟာ ဘေးကကြည့် နေသူကိုပါ အပျော်တွေကူးစက်လာတော့ တယ် ကလေးတွေရဲ အသက်နဲ့ ဝေးတဲ့  အလွတ်လပ်ဆုံးပျော်ရွှင်ခွင့် ရဖို့ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ ခဏခဏရဖို့မလွယ်တဲ့အဖြစ်ပဲ
အိမ့် နံရံတွေမှာ လျှောက်ခြစ်ထားတဲ့  ကလေးတွေရဲ့  စိတ်ကူးယဉ်ပုံရိပ် ဆော့ ပင်ရာတွေ စွန်းထင်းနေတာကို ကြည့် ရင်း ကြည့် ရင်းက အဲ့ အစင်းအရာ အရောင်စုံလေးတွေဟာ ဘ၀တစ်ခုရဲ့ ဖြစ်တည်မှ့ မှာ အပျော်ဆုံးကာလလေးတွေရဲ့ အချိန်တွေကို ပြန်ပြီး ကိုယ်စားပြုပြနေတဲ့ နံရံပေါ်မှာ လွတ်လပ်စွာ ကခုန်နေ တဲ့ပုံရိပ်လေးတွေ လိုပါပဲလားလို့ တွေးရင်း..
.ကလေးတွေ လွတ်လပ်ကောင်းကင်အောက်မှာ အပူမဲ့ အပျော်လေးတွေနဲ့ ပျော်ခွင့် ရသလောက်အချိန်လေးတွေမှာ...ပျော်ခွင့် လေးတွေ ခဏပဲဖြစ်ဖြစ် ရသွားကြပါစေလို့ ....
-------------------------------------------
ဟီးဟီး..ဂယ်က..နံရံက ဆေးတွေက ဟောင်းပြီး နဲနဲရွဲးနေပြီ..အာ့ ကြောင့် စိတ်ကြိုက် လျှောက်ခြစ်ပစေ... နောက်တော့ ဆေးပြန်သုတ်လို့  ရတာပဲဆိုပြီး အကြိုက် ဆော့ နေတာ ကြည့် ကောင်းကောင်းနဲ့ လွှတ်ထားလိုက်တာလဲပါတယ်.ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..