Powered By Blogger

Saturday, October 29, 2016

လေးဘီးကားသမားဘ၀မှာ.... ( ၂ )






လေးဘီးကားသမားဘ၀မှာ.... ( ၂ )
=======================
အဖေထောင်ပေးထားတဲ့ ကားလေးလည်း ဖြစ်နေသလို ကားက ၀င်ငွေထက် သူ့ သားကျနော့် ကို အလုပ်လက်မဲ့ လပ်ယားလပ်ယား လုပ်နေမှာကို အာရုံမလာတာမျိုးက ပိုများနေပုံရတာက ဒီ လေးဘီးကားလေးကျနော့် ဆီရောက်လာတော့  ပျော်တာပေါ့ အမေရယ် ဖြစ်သွားတော့ တာပေါ့ ဗျာ..ထချင်တဲ့ အချ ပြန်ချင်တဲ့ အချိန်ပြန် ကားဆွဲလို့ ရတဲ့ အထဲက ငွေကို အိမ်ကို ပေးချင်သလိုပေး နဲ့ ပေါ့  ကားပေါ်ရောက်တာနဲ့  စိတ်ပါရင် ကားထဆွဲ မပါရင် လမ်းဘေးမှာထိုးထား မအားသေးဘူး တစ်ခြား လူစောင့် နေတာ လို့ တွေ ပြော တစ်ခြားကားဆရာတွေနဲ့ လေထိုင်ပစ် ပျင်းလာရင် စိတ်ကူးတည့် ရာတွေ လျှောက်ပတ်မောင်းပေါ့ လေ..

ဒီကြားထဲမှာ ကားကို သလိုက်သေးတာက အဲ့ ခေတ်က ဘော်ဒီအိမ်နဲနဲကြီးတဲ့  ဆန်နီနဲ့  ပရက်စတိုကားလေးတွေ ၀င်နေပြီ သူတို့  အနက်နဲ့ ပရိုက်ဗိတ်သဘောတွေ ဟိုင်းဝေးသဘောတွေ လိုက်ကျတယ်ပရက်စတိုကတော့  ဆန်နီထက် ဆီပိုစားပြီး ဘော်ဒီဖရိမ်က ပိုမာတယ်ပေါ့ လေ..ကားလေးတွေက သန့် တော့  အားကျမခံပေါ့  ကိုယ့် လေးဘီးကားလေးကို တောင်လုပ်မြောက်လုပ်တွေပေါ့  ကားခေါင်းခန်းထဲကို သန့် နေအောင်ထား လိုက်ကာတွေတပ်ရှေ့ လေကာမှန်မှာ တစ်ထွာကျော်လောက် နေကာပလတ်စတစ်အမဲကိုကပ်ထား ဘက်ကြည့် မှန်က နဂိုပါ သေးသေးလေးကိုဖြုတ် ဆလွန်းကားတွေက အကွေး ဘက်ကြည့် မှန်အကြီးကို တပ် ရှေ့ နောက် ရှဲ အပို စတီးပိုက်တွေ ဆင်ပေါ့ လေ၊

လေးဘီးကားသမားဘ၀မှာ.... ( ၁)






လေးဘီးကားသမားဘ၀မှာ.... ( ၁)
---------------------
ဘ၀တစ်ကွေ့ သဘောတွေက အလုပ်တစ်ခုခုမှာ စိတ်ဂနာငြိမ်ပြီး အထိုင်မကျသေးခင်အထိတော့  ခဏခဏ ဘ၀တစ်ကွေ့ တွေက ကွေ့ ကြ ကြုံကြရတာမျိုးပါပဲ ဘယ်အချိန် အဲ့ အကွေ့ တွေ ဘရိပ်ဖြစ်ပြီး စိတ်ဂနာငြိမ် အထိုင်ကျသွား တည်ငြိမ်သွားမလဲဆိုတာကလဲ တကယ်တော့  မှန်းဆရခက်တတ်တာမျိုးပါပဲ လူတစ်ယောက်နဲ့  တစ်ယောက်က သတ္တ၀ါတစ်ခု ကံတစ်ခု သဘောမျိုးဆို တော့  ဘ၀မှာ တည်တည်ငြိမ်ငြိမ်နဲ့  အထိုင် ကျသွားပြီဆိုလို့ ရလောက်တဲ့  သဘောတွေဆိုတာ စောချင်စော နောက်ကျရင် ကျနေတတ်တာမျိုးပါပဲပေါ့ လေ...

ကျောင်းပြီးပေမယ့်  ကျောင်းသားစိတ်က မကုန်သေးတော့  မိဘပွဲရုံမှာ အလုပ်သမားမကျ အလုပ်ရှင်မကျ ၀ိုင်းလုပ်ဝိုင်းစားလိုလို အိမ်ကို ကူသလိုလိုနဲ့  တကယ်တော့  ယောင်ဝါးနဲ့  လေလွင့် နေခဲ့ သေးတယ်အိမ်က ကိုယ့် ဝင်ငွေ မလိုသေးတဲ့ အခြေအနေမို့  သဘောလည်းပါပါတယ်၊ အဲ့ မှာ အဖေတွေရဲ့  နှုတ်က ဖွင့် မပြောတတ်ပေမယ့်  သူ့ သားသမီးတွေရဲ့  အနေအထားကို တစ်ချိန်လုံးအကဲခတ်နေတတ်ပြီး ဘာလုပ်ပေးရကောင်းမလဲဆိုတဲ့  အဖေတွေရဲ့  စိတ်သဘာဝက ပေါ်လာတော့ တာပါပဲ...၊ သူ့ သား ကျနော် အဲ့ လို ယောင်ဝါး လုပ်နေတာကို အာရုံမလာတော့ ဘူးနဲ့  တူပါရဲ့  ကားမောင်းမလားလို့  မေးလာပါတော့ တယ်..

တစ်ခါတုန်းက ရန်ကုန်မြို့ မှာ... ( ၂) ( တစ်ခေတ်တစ်ခါက ချာဂါလီ အကြောင်းလေး)


တစ်ခါတုန်းက ရန်ကုန်မြို့ မှာ... ( ၂) ( တစ်ခေတ်တစ်ခါက ချာဂါလီ အကြောင်းလေး)
-----------------------
ဒီ ဆွဲလှည်းကို တစ်ချို့ က ချယ်ဂါရီလို့ ရေးတယ်ခေါ်တယ်ပေါ့  ၊ ကျနော်တို့ က ကျနော်တို့ နားအကြားတိုင်း ချာဂါလီ လို့ ခေါ်တာ နှုတ်ကျိုးနေခဲ့ ပြီပေါ့ လေ..၊ အရင် မဆလခေတ်ဦးတုန်းကအထိ သိပ်အသုံးတွင်ကျယ်တဲ့ ကုန်တိုက် ကုန်ပို့ လှည်းတွေပေါ့ လေ. အဲ့  ချာဂါလီတွေမှာ လူဆွဲ လန်ခြား လက်တံအရှည်မျိုး ရှေ့ က လူဆွဲ လက်တံ အရှည် ဖင်တို လက်ရမ်းအကာတန်းလေးပါတာနဲ့  လက်ရံအကာ
မပါပဲ ရှေ့ လူဆွဲ လက်တံအတို ပြောင်ရှင်း နဲ့  ဖင်ရှည် ဆိုပြီး ဒီဇိုင်း ၂မျိုး ရှိခဲ့ တာ မှတ်မိတယ်..

အဲတုန်းက ပွဲရုံတွေ အတော်များများမှာ ချာဂါလီ တစ်လှည်းစီလောက်တော့  ကိုယ်ပိုင်ဝယ်ထားလေ့ ရှိပြီး လိုတော့ မှ ငှားသုံးတာမျိုးလုပ်လေ့ ရှိတယ်... ကုန်အမာတွေ ကုန်ဝိတ်ချိန်တွေ အများကြီးတင်နိုင်အောင်လို့  လှည်းက သစ်မာသားတွေနဲ့ ချည်း သိပ်ခိုင်မာတောင့် တင်းအောင်လုပ်ထားကြလို့  အတော့် ကို လေးတယ် အထက်တန်း စတိတ်ကျောင်းသားတစ်ယောက် အနေနဲ့  လှည်းထောင်ထားချိန် လှည်းရှေ့ က လက်တံရှည်ကို ဆွဲခို လှဲချရင်တောင် လှည်းကပါမလာတတ်ဘူး သူတို့  ဆွဲနေကြလူတွေပဲ လှည်းအထာသိလို့  လှဲချ ရှေ့ ကဆွဲနိုင်ကျ နောက်က တွန်းနိုင်ကျ လုပ်နိုင်ကြတယ်....ဒါတောင် အတော် အားထုတ်ယူရတာမျိုးပဲ....