
တစ်ခါတုန်းက ရန်ကုန်မြို့ မှာ... ( ၂) ( တစ်ခေတ်တစ်ခါက ချာဂါလီ အကြောင်းလေး)
-----------------------
ဒီ ဆွဲလှည်းကို တစ်ချို့ က ချယ်ဂါရီလို့ ရေးတယ်ခေါ်တယ်ပေါ့  ၊ ကျနော်တို့ က ကျနော်တို့ နားအကြားတိုင်း ချာဂါလီ လို့ ခေါ်တာ နှုတ်ကျိုးနေခဲ့ ပြီပေါ့ လေ..၊ အရင် မဆလခေတ်ဦးတုန်းကအထိ သိပ်အသုံးတွင်ကျယ်တဲ့ ကုန်တိုက် ကုန်ပို့ လှည်းတွေပေါ့ လေ. အဲ့  ချာဂါလီတွေမှာ လူဆွဲ လန်ခြား လက်တံအရှည်မျိုး ရှေ့ က လူဆွဲ လက်တံ အရှည် ဖင်တို လက်ရမ်းအကာတန်းလေးပါတာနဲ့  လက်ရံအကာ
မပါပဲ ရှေ့ လူဆွဲ လက်တံအတို ပြောင်ရှင်း နဲ့  ဖင်ရှည် ဆိုပြီး ဒီဇိုင်း ၂မျိုး ရှိခဲ့ တာ မှတ်မိတယ်..
အဲတုန်းက ပွဲရုံတွေ အတော်များများမှာ ချာဂါလီ တစ်လှည်းစီလောက်တော့  ကိုယ်ပိုင်ဝယ်ထားလေ့ ရှိပြီး လိုတော့ မှ ငှားသုံးတာမျိုးလုပ်လေ့ ရှိတယ်... ကုန်အမာတွေ ကုန်ဝိတ်ချိန်တွေ အများကြီးတင်နိုင်အောင်လို့  လှည်းက သစ်မာသားတွေနဲ့ ချည်း သိပ်ခိုင်မာတောင့် တင်းအောင်လုပ်ထားကြလို့  အတော့် ကို လေးတယ် အထက်တန်း စတိတ်ကျောင်းသားတစ်ယောက် အနေနဲ့  လှည်းထောင်ထားချိန် လှည်းရှေ့ က လက်တံရှည်ကို ဆွဲခို လှဲချရင်တောင် လှည်းကပါမလာတတ်ဘူး သူတို့  ဆွဲနေကြလူတွေပဲ လှည်းအထာသိလို့  လှဲချ ရှေ့ ကဆွဲနိုင်ကျ နောက်က တွန်းနိုင်ကျ လုပ်နိုင်ကြတယ်....ဒါတောင် အတော် အားထုတ်ယူရတာမျိုးပဲ....
ကျနော်တို့ မိဘတွေလည်း ပွဲရုံလုပ်ခဲ့ တော့  လက်တံရှည် လက်ရမ်းအကာပါတဲ့  ချာဂါလီ နှစ်စီး အပိုင်ထောင်ထားရသေးတယ် ကိုယ့် ကုန်လည်း ကမ်းနားက ထုတ်တယ် ဂိတ်ကို ပိုတယ် သူများလာငှားလည်း ငှားပေးလိုက်တယ်ပေါ့ လေ..၊ အဲ့ မှာ အဲ့ ချာဂါလီ လှည်း နောက်တစ်နည်း အသုံးကျပုံကပေါ့ လေ..
ဟိုတုန်းက မဆလခေတ်ဦးမှာ ရန်ကုန်မှာ ဘာပွဲ ညာပွဲ ခေါင်းစဉ်တွေနဲ့  အငြိမ့် တွေ သွင်းတာ ခေတ်စားခဲ့ တယ် အဲ့ တော့ ကျနော်တို့ ဖက်တွေလည်း သီတင်း ကျွတ်တို့  တန်ဆောင်တိုင်တို့ ဆို အငြိမ့် တွေ အပြိုင်အဆိုင်သွင်းကြလေ့ ရှိတယ်....အငြိမ့် ကချိန်က ညနေစောင်း မှောင်စကနေ ပျိုးလိုက်တာ တစ်ခါတစ်လေများဆို မနက်၎ နာရီစွန်းလောက်မှ ပြီးတာမျိုးပဲ တော်ကြာဆို မိုးလင်းပြီပေါ့ လေ...
အဲ့ လို အငြိမ့် ကတာ ညလုံးပေါက် မိုးအလင်း ရှည်ကြရတာက ပြဇာတ် အရှည်ကြီးတွေ အော်ပရာတွေ ပါလို့  ရှည်တာမျိုးပါပဲအော်ပါရာက စောထွက်တတ်ပေမယ့်  ပြဇာတ်ရှည်ကြီးက သန်းခေါင်ကျော်မှ စတတ်ကြတယ် ဒါပေမယ့်  အငြိမ့် က ပြဇာတ်က ပန်တျာကြည်လင်တို့  ဘာတို့ က တင်ဆက်တဲ့ ပြဇာတ်တွေမျိုးလောက်တော့  ခန်းနားတာမျိုးမဟုတ်ပဲ အပြောတွေ အငိုအရှိုက်တွေနဲ့  သီချင်းတွေနဲ့  ဖမ်းစားသွားတာမျိုးများခဲ့ တယ်..
.
အငြိမ့် တစ်ချို့ ကတော့  ခေတ်အကြိုက်သဘောဆန်တဲ့  အော်ပရာ လေးတွေ တင်ဆက်ရတာမျိုးကို အသားပေးကြတယ်...အနောက်စတိုင် ဒွန့် တာမျိုးကိုတော့ တော်ယုံ အငြိမ့် မင်းသမီးမလုပ်ရဲခဲ့ ပါဘူး အတော်ခါလိုက်တဲ့  ညမျိုးဆို ပွဲက ပျက်ချင်လုလုတောင် ဖြစ်သွားတတ်တာမျိုးဆိုတော့လေ....
အဲ့ ခေတ်က အငြိမ့် ပရိပ်သတ်အများစုသဘောက လူပျက်တွေထက် ရှေ့ ထွက် နောက်ထွက် ပြဇာတ် မင်းသမီးတွေ ရဲ့ အကတွေ အခါအဒွန့် တွေနဲ့  အဲ့ အော်ပရာတွေ ပြဇာတ်တွေကို အသားပေးသွားကြည့် ကြတဲ့ အချိန်ပေါ့ လေ အဲ့  အငြိမ့် ငှားဌာန တစ်ချို့ က လမ်းမတော်လှည်းတန်းဖက်မှာလည်း တန်းစီပြီး ဆိုင်းဘုတ်တွေနဲ့  ရှိခဲ့ တယ်ပေါ့ လေ...
ဟိုတုန်းက ကြည့် ဖူးတဲ့ အငြိမ့် တွေထဲက မှတ်မိနေတဲ့ အငြိမ့် တစ်ချို့ က ဆန်းညွန့် စီ တို့  ပွင့် ဦးတို့  ရွှေလိပ်ပြာတို့  ဆောင်း အငြိမ့်  တို့ စသဖြင့် တွေပေါ့ လေ...
ပွင့် ဦး အငြိမ့် ကတော့ အမျိုးထဲက ဘကြီးတစ်ယောက် ထောင်သွားတာနဲ့  ပိုရင်းနေအောင်မှတ်မိပါ့ ပေါ့ လေ.
( တစ်ချို့ ကတော့ အဲ့ လို သီတင်းကျွတ်တန်ဆောင်တိုင် ပွဲတွေမှာ ညလုံးပေါက် ပြတဲ့  ရုပ်ရှင် သွငိးလေ့ ရှိတယ် လမ်းလယ်မှာ ပိတ်ကား အကြီးကြီးထောင် ဟိုဖက် ဒီဖက် က ထိုင်ကြည့် ကြ ၃ကားပေါင်း ၄ကားပေါင်း မိုးအလင်းပေါ့ လေ) ( ပွဲတွေလမ်းတွေ လုပ်ပြီဆိုတာနဲ့  ပွဲဈေးဆိုတာက မဖြစ်မနေ တပါတည်း တွဲလာတာမျိုးဆိုတော့  ဘာခေါင်းစဉ်နဲ့  ပွဲတော်လုပ်လုပ် လွှတ်ကိုပျော်နေတော့ တာပါပဲ ပွဲဈေးတန်းပတ်ရပြီ တစ်ညလုံး အိမ်အပြင်မှာ ကဲံလို့ ရပြီပေါ့ လေ...အိမ်ပြင်ကို ညလုံးပေါက် ထွက်ကဲဖို့ ဆိုတာ ဟိုတုန်းက မလွယ်ဘူးလေ...
အဲ့  မှာ ကျနော်တို့ ပွဲရုံက ချာဂါလီ အသုံးကျလာပုံက အဲ့ အငြိမ့် တွေ စင်ထိုး လာကပြီဆို..အဲ့ ချာဂါလီလှည်းကို ပွဲစင်နဲ့  သိပ်မဝေးလှတဲ့ ဘေးနေရာဘေးနေရာလေးမှာ နေရာယူ ချာဂါလီပေါ်မှာ ဖျာတွေ စောင်တွေခင်း စားစရာတွေနဲ့  ကျနော်တို့ ကလေးတွေ တက်ထိုင်ကြည့် ကြတော့တာပါပဲ....ပွဲခင်းထဲ အထူးတန်းစင်မြင့် ကနေ ပွဲ ကြည့် နေရသလိုလို မြင်ကွင်းက ရှင်းလို့ ပေါ့ 
အပေါ်စီးကနေ မြေပေါ်ဖျာခင်းထိုင်နေကြတဲ့  ပွဲခင်းကြီးတစ်ခုလုံးပါ လှမ်းမြင်နေရသလို ဆိုတော့  ဘ၀င် က နဲနဲ မြင့် သွားချင်သေးတာမျိုးပဲ ( မြေကြီး နဲ့  လေးငါးပေလေး တစ်ညလောက် လွတ်သွားတာတောင် လူက ဘာရယ်ညာရယ် မဟုတ်ပဲ အဲ့ လို ဘ၀င်က ကိုင်ချင်ချင်စိတ်က အသားလွတ် ၀င်လာချင်သေးတာမျိုးပဲ..ခွိခွိခွိ )
ဒီချာဂါလီလှည်း ဆိုတာကြီးအကြောင်းရေးရင်းကနေ ဈေးတစ်ခွင် ဆိမ်းကမ်းတစ်ခွင်က သိခဲ့ ကြုံခဲ့ ဘူးသမျှ ခိုးနည်းပေါင်းစုံထဲက ခိုးနည်း တစ်ချို့  ပြန်သတိရလာပြန်သေးဗျာ...ဟိုတုန်းက ရခိုင်ကတို့  ကော့ သောင်းမြိတ်တို့ က ငါးခြောက် ပိစိသေးသေးလေး အိပ်တွေ
( ငနီတူခြောက်လို့ ခေါ်သလားဘာလား ပဲ ငါးခြောက်က စားပဲ စားတတ်တာ အခေါ်တွေက သိပ်မသိဘူး ).....
စက်လှေကြီးတွေနဲ့  စဉ့် အိုးတန်း လမ်းမတော်မော်တင် လမ်းသစ်ကီလိ ဘောတံတားတွေမှာ ၀င်လာလေ့ ရှိတယ် ကုန်ချိန်တွေအများကြီးပေါ့  အဲ့ မှာ ကုန်တိုက်ရင် ပွဲရုံနဲ့ ဝေးရင် ဒေါ့ ဂျစ်
အိမ်ရှည် အိမ်တိုတွေ အမျာဆုံးသုံးပြီး ပွဲရုံနီးရင် သံဈေးတို့ ညောင်ပင်လေးဈေးတို့  သိမ်ကြီးဈေးတို့ ဆို အဲ့ ချာဂါလီ တွေနဲ့  အများကြီးတင်ပြီး ပို့ ရတယ်..အဲ့ မှာ အဲ့ ငါးခြောက်ပိစိ သေးသေးလေးတွေအိပ်တွေ ရဲ့ ထောင့် စွန်းတွေမှာ အပေါက်လေးတွေ ဖြစ်နေလေ့ ရှိတယ်..( အမှန်က စက်လှေပေါ်ကနေ စူးကောက်ချွန်အရှည်နဲ့ မသိမသာ ဖြဲပေးလိုက်တာ..)
အိပ်တွေက ဂုံနီအိပ် မစိတ်မကျဲတွေဖြစ်လို့  ချာဂါလီ ဆွဲချိန်မှာ လမ်းမှာတအိအိနဲ့ အပေါ်က ကုန်ဝိတ်တွေ ပိလာတော့  အဲ့ မှာ အဲ့ အပေါက်လေးတွေကနေ ငါးခြောက်တွေ နဲနဲ နဲနဲ တစ်လမ်းလုံး ထွက်ကျလာတော့ တာပေါ့ လေ အဲ့ ငါးခြောက်လေးတွေတို အမှတ်မရှိ လမ်းမသိ ကီလီဘောတံတား ဆိုတဲ့  ဂျလေဘီ နင်းပြား စတိုင်လေးတွေ ( အဲ့ ခေတ်အခေါ် အခြေအနေမဲ့ လေးတွေ အာဝါဒါးလေးတွေပေါ့ လေ) သူတို့ က အဲ့ ချာဂါလီနောက်ကနေ တစ်ကောက်ကောက် လိုက် ဂါလီလှုပ်လို့ ထွက်ကျလာတဲ့  ငါးခြောက်လေးတွေကို ကောက်တယ်ပေါ့ လေ...
( ချာဂါလီမှာ တော်ယုံ ကုန်ဝိတ်နဲ့ နောက်တွန်း မပါတတ်ဘူး ရှေ့ သာ နှစ်ယောက်သုံးယောက် အာရုံပြုဆွဲနေတာများတယ်
( တစ်ခါတစ်လေ ချာဂါလီ ဆွဲသမား ၂ ယောက်ထဲ သေလုမျောပါး ကုန်ဝိတ်တွေကို အသေလ=ခံပြီး ဆွဲကြလေ့ ရှိတယ် ၂ ယောက်ထဲဆိုတော့  လူနဲလေလေ လုပ်အားခ ခွဲပေးရတာနဲလေလေဆိုတဲ့  တွက်ကိန်းပေါ့  ဟုတ်သလိုလို နဲ့  ညနေကြတော့  သေလုမျောပါး ပင်ပမ်းလို့ ဆိုပြီး လမ်းဘေး အရက်ဖြူဆိုင် ဘုံဆိုင် ၀င်မော့ လို့  အိမ်အပြန် မန်းနီးက ပိုပါမသွား ခါတိုင်းလိုပဲ ပါသွားနဲ့  ထွေလီကာလီ တွေနဲ့ ချက်ထားတဲ့  တော့အရက်တွေ ထွေးညိုတွေကြောင့်  အသက်တိုတာက တိုသွားတာပါပဲ ဖြစ်ကုန်ရော )
အဲ့  မှာ အဲ့  အာဝါဒါး ဆိုသဟာလေးတွေက အဲ့  ငါးခြောက်တွေကို စုလိုက်ပြီးရင် သူတို့ လူကြီးဆီ သွားအပ် (မိန်းမကြီးတွေ) သူတို့ လူကြီးက ငါးခြောက်တွေ ဆန်ကောတစ်ချပ်နဲ့  ကမ်းနားတင် ထိုင် သန့် ပြာပစ်ပြီး သံဈေးတို့ ညောင်ပင်လေးဈေးတို့ ကသူခိုးလက်ခံဈေးဆိုင်ရှင်တွေဆီကို
သွားသွင်း...ရတဲ့ ပိုက်ဆံကို ငါးခြောက်အိပ်ကို စူးထိုး အပေါက် ဖြဲပေးလိုက်တဲ့  စက်လှေပေါ်က ဂန်ဘား တို့ အစိုးရ လက်အောက်က အလုပ်သမားတို့ နဲ့  ခွဲယူကြပေါ့ လေ.( အဲ့ အလုပ်သမားတွေနဲ့  အဲ့ မိန်းမတွေကလည်း ဘာညာသာရကာတွေများပြီး အချိတ်အဆက်တွေ ပါးယက် နားယက်တွေပေါ့ လေ)
. ဂါလီဆွဲသူတွေ ကိုယ်တိုင်ကတော့  အဲ့ တာမျိုးလုပ်လေ့ မရှိတတ်ပဲ
ကုန်သည် ပွဲရုံရှင်နဲ့  ကုန်အပေါ်မှာတော့ သစ္စာရှိကြတယ် (တစ်ချို့  ဂျစ်ကလေးတွေကြတော့  ထွက်ကျမှ ကောက်ယူလိုက်တာကို မစောင့် နိုင်တော့ ပဲ နောက်ကနေ အိပ်ကိုဖြဲ နှိုက်ယူလိုက်တာမျိုးလဲ ရှိတယ် အဲ့ မှာတော့  ဘေးက လမ်းသွားလမ်းလာတွေ ဆိုင်တွေက ဟိတ် ဘာညာ နဲ့ လှမ်းအော် မောင်းထုတ်လိုက်လေ ရှိတယ် အဲ ဂါလီဆွဲသူကိုယ်တိုင်ကတော့  လှည်းနောက်က တကောက်ကောက်လိုက် ကောက်နေတာမျိုးကိုလဲ သိပ်ဟန့် လေ့ မရှိကြဘူး ဘ၀တွေက သိပ်မကွာတော့ လေ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..