Powered By Blogger

Saturday, October 29, 2016

လေးဘီးကားသမားဘ၀မှာ.... ( ၁)






လေးဘီးကားသမားဘ၀မှာ.... ( ၁)
---------------------
ဘ၀တစ်ကွေ့ သဘောတွေက အလုပ်တစ်ခုခုမှာ စိတ်ဂနာငြိမ်ပြီး အထိုင်မကျသေးခင်အထိတော့  ခဏခဏ ဘ၀တစ်ကွေ့ တွေက ကွေ့ ကြ ကြုံကြရတာမျိုးပါပဲ ဘယ်အချိန် အဲ့ အကွေ့ တွေ ဘရိပ်ဖြစ်ပြီး စိတ်ဂနာငြိမ် အထိုင်ကျသွား တည်ငြိမ်သွားမလဲဆိုတာကလဲ တကယ်တော့  မှန်းဆရခက်တတ်တာမျိုးပါပဲ လူတစ်ယောက်နဲ့  တစ်ယောက်က သတ္တ၀ါတစ်ခု ကံတစ်ခု သဘောမျိုးဆို တော့  ဘ၀မှာ တည်တည်ငြိမ်ငြိမ်နဲ့  အထိုင် ကျသွားပြီဆိုလို့ ရလောက်တဲ့  သဘောတွေဆိုတာ စောချင်စော နောက်ကျရင် ကျနေတတ်တာမျိုးပါပဲပေါ့ လေ...

ကျောင်းပြီးပေမယ့်  ကျောင်းသားစိတ်က မကုန်သေးတော့  မိဘပွဲရုံမှာ အလုပ်သမားမကျ အလုပ်ရှင်မကျ ၀ိုင်းလုပ်ဝိုင်းစားလိုလို အိမ်ကို ကူသလိုလိုနဲ့  တကယ်တော့  ယောင်ဝါးနဲ့  လေလွင့် နေခဲ့ သေးတယ်အိမ်က ကိုယ့် ဝင်ငွေ မလိုသေးတဲ့ အခြေအနေမို့  သဘောလည်းပါပါတယ်၊ အဲ့ မှာ အဖေတွေရဲ့  နှုတ်က ဖွင့် မပြောတတ်ပေမယ့်  သူ့ သားသမီးတွေရဲ့  အနေအထားကို တစ်ချိန်လုံးအကဲခတ်နေတတ်ပြီး ဘာလုပ်ပေးရကောင်းမလဲဆိုတဲ့  အဖေတွေရဲ့  စိတ်သဘာဝက ပေါ်လာတော့ တာပါပဲ...၊ သူ့ သား ကျနော် အဲ့ လို ယောင်ဝါး လုပ်နေတာကို အာရုံမလာတော့ ဘူးနဲ့  တူပါရဲ့  ကားမောင်းမလားလို့  မေးလာပါတော့ တယ်..

နှစ်ဖက်ဆွေမျိုးစုတွေ အများစုက ဈေးသည်ကုန်သည်တွေကသာ ပိုများပြီး အစိုးရ၀န်ထမ်း ရုံးဝန်ထမ်းက အတော်နဲနေတာရယ် ပြီးတော့  ကိုယ့် မိဘ အဖိုးအဖွားတွေကိုယ်တိုင်က ဈေးသည်ကုန်သည် ဖြစ်နေတာရယ်ပိုက်ဆံကို တွက်ချက် ချွေတာ ကပ်စီးကုပ်ပြီး သောကတွေ တပူပူ နဲ့ သုံး နေရတာမျိုးကို အာရုံမလာတတ်တာရယ် ကိုယ့် ကိုယ် သြဇာပေးမယ့်  ကိုယ့် ကိုယ် ခိုင်းမယ့်  ကိုယ်က ကြောက်နေရမယ့်  အခြေအနေမျိုး အလုပ်တွေကို မကြိုက်တာရယ် နောက်ဆုံးကတော့  အိမ်မကပ်ပဲ လမ်းပေါ်မှာ ဂလေ ရိုက်ချင်စိပ်က ပိုများနေတာရယ်က ဟုတ်ကဲ့ အဖေ မောင်းမယ် ဖြစ်သွားတော့ တာပါပဲဗျာ... အဟီး.....

တကယ်က ကားမောင်းစားတာဟာ နောက်မှ ဖြစ်လာတာဖြစ်ပြီး ဒီ့ အရင်က ကျနော်က ကျောက်တူးကြည့် ချင်သေးတယ်ဆိုလို့  အဖေက သူ ကြည်ညိုတဲ့  မင်းကွန်းက ဘုန်းကြီး အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ပြီးမိုးကုတ်မှာ ကျောက်သွားတူးကြည့် ခဲ့ သေးတာပါ.. ဘုန်းကြီးကို ကိုးကွယ်တဲ့  ဒကာအများစုက မိုးကုတ်က ကျောက်သမားတွေ ဖြစ်နေတော့  အဲ့ မင်းကွန်းမှာ ၀ါဆိုဦးကတည်းက တစ်ဝါတွင်းလုံး သွားနေ ၀ါထွက်လို့ မိုးလေ နဲသွားချိန်မှာမှ အဲ့ မိုးကုတ်ကို ဘုန်းကြီး ရဲ့ ကျောက်သမား ဒကာတွေနဲ့ (တစ်စု ရှယ်ယာဝင်ပြီး) လိုက်သွားပြီး ဓါတ်တော်ချိုင့်  လုပ်ကွက်မှာ ကျောက်တူး အလုပ်လုပ်ပေါ့ လေ..၊

ကျောက်တူးသမားသာဆိုတာပါ အစု ရှယ်ယာရှင် ဖြစ်နေလို့  မြေတစ်ချက်မပေါက်ခဲ့ ရပါဘူး ( သထိမ်းဈေးရောင်းစတိုင်က ပိုဆန်နေတာမျိုးပေါ့  )...အဲ့ မှာ ကျောက်တွင်း သွားကြည့် လိုက် ထာပွဲထဲသွား ကျောက်တွေ ကိုက်ကြည့် ပွတ်ကြည့် လိုက်သူများတွေ ပြောတဲ့  မစားရ၀ခမန်း ကျောက်ပုံပြင်တွေ သွားရည်တွေ ယိုပြီး ထိုင်နားထောင်လိုက် မိုးကုတ် ၀န်းကျင်က တောင်တွေ ရွာတွေ လျှောက်လည်လိုက် တွတ်တီးမျိုးစုံ လျှောက်စားလိုက် နဲနဲ ဘာညာလေးတွေ လျှောက်ကြောင်လိုက်နဲ့  လတွေ အတော်ကြာပါတယ်....

( အဲ့ က အကြောင်းတွေ တစ်ချို့ တော့  တစ်ခါက ရေးခဲ့ ဘူးသေးပေါ့ လေ )...နောက်တော့  မိုးကုတ်ရဲ့  အအေးဒဏ် မခံနိုင်တာရယ် ( အကြောင်းပြတာပါ ငိငိ) အစားအသောက်က ရန်ကုန်လို ဖွယ်ဖွယ်ရာရာ မရှိတာ အဆိုးဆုံးက ကုန်းတက်ကုန်းဆင်းတွေ လျှောက်ရသွားရလို့ နဲ့  ရန်ကုန်လို လည်စရာပတ်စရာ ကဲချင်စရာတွေက မရှိတာနဲ့  အဲ့  မိုးကုတ်ကနေ ရန်ကုန်ကို ပြန်ချလာခဲ့ ရောဆိုပါတော့  ....ခ်....

အဲ့ ကတည်းက ဖအေလုပ်သူက သူ့ သား ကျနော့် စရိုက်ကို ချက်ကင်ဝင် ဒီကောင် လပ်ယား လပ်ယား နဲ့  အာရုံမလာဘူး ပွဲရုံလဲ လုပ်မဲ့ ပုံမပေါ်ဘူး.. ဘာများလုပ် ခိုင်းရကောင်းမလဲလို့ 
 တွေးတောနေပုံရပါတယ်ပေါ့ လေ..

တက္ကစီဆွဲမယ်လို့ သာ ပြောလိုက်တာ ကျနော့်  အတွက်တော့  ကားက ဘယ်ဆီနေမှန်း မသိသေးပါဘူး ဒါပေမယ့်  ဖအေက ပလန်ရှိထား သတင်းရထားပုံရပါတယ်..အဲ့ ကာလက လေးဘီးကာ B 360 တွေဟာ အိုစနာကျလာလို့  ကစလကနေ B 600တွေ စထုတ်ပေးနေတဲ့  ကာလဖြစ်နေပါတယ် အဲ့  ဘီ ၆၀၀တွေကို အပြင်ကိုမရောင်းသေးပဲမဆလ တိုင်းကောင်းစီဝင်တွေကိုသာ ပါမစ် ချပေးပြီး သောင်းဂဏန်းပိုက်ဆံနဲ့  ရောင်းပေးနေသေးတဲ့ အချိန်ပါ.၊အမေ့ ဖက်က အမျိုးထဲမှာ အဲ့ တိုင်ကောင်းစီဝင် ဗိုလ်မှုးကြီး တစ်ယောက် ရှိနေတဲ့ အချိန်ပါ ( ကျနော်တို့ နဲ့ ဆို ဦးလေးပေါ့ လေ နောက်တစ်မျိုးခေါ်ရရင် အကောင်ပေါ့ လေ...ငိငိ )

သူက အဲ့ ဘီ ၆၀၀ကားတစ်စီး ၀ယ်ခွင့် ပါမစ်ရပါတယ် အဲ့  ဦးလေးဆီကနေ ပြန်ဝယ်မယ်ပေါ့ လေ...( ၀ယ်တော့  အဲ့ အချိန်က ကာလပေါက်ဈေးနီးပါး သိန်းဂဏန်းပေးခဲ့ ရတယ်...အမျိုးရင်းတွေ ဖြစ်နေပေမယ့်  ပိုက်ဆံနဲ့ ပတ်သက်လာရင် အချင်းချင်းတွေ ဘာတွေဆိုတာ မရှိတတ်ကြဖူးပေါ့ လေ ( ငိုပြီလေ..ခ် ငိငိ )

ဒါပေမယ့် လေ ဆိုသလိုပါပဲ စကတည်းက ကားဆွဲစားတာဟာ ဘ၀ရဲ့  တကယ့်  အထိုင်ကျ အလုပ်ဖြစ်မယ့် ပုံမရချက်ကပေါ့ ဗျာ..

ကားဝယ်ပေးမယ် တက္ကစီဆွဲလို့ သာပြောတာ မြန်မာမိသားစု အများစုရဲ့  ဘ၀စတိုင်အတိုင်း လက်ထဲမှာ ငွေသားများများ ဆောင်ထားတာမျိုးထက် ရွှေတွေ အတွင်ပစ္စည်း ရတနာတွေသာ စုဆောင်းထားတာမျိုးပါအလုပ်သဘောအတွက်တွေ ကျမ္မာရေးအတွက်သဘောတွေကြုံလာလို့  လိုအပ်ရင်တော့  ထုပစ်ဖို့ ကလည်း ၀န်မလေးတတ်ကြဘူးပေါ့ လေ)..

အဲ့ မှာ ကားအတွက် လိုတဲ့ ငွေကို ရွှေတစ်ချို့ နဲ့  အတွင်းပစ္စည်းတစ်ချို့ ကို ထုပစ်လိုက်တာပေါ့ လေ..၊ အဲ ကုန်ချင်တော့  အဲ့ ရောင်းရငွေတွေ လက်ထဲရောက်လို့  နောက်နေ့ ဆိုရင်းပဲ တရားမ၀င်ကြေငြာတာနဲ့  တန်းတိုးသွားတော့ တာပါပဲဗျာ...( ငိုချင်းချဖို့ ကောင်းချက်..ဟီး..)

ဒါပေမယ့်  အဖေက ပွဲရုံသမား ကုန်သည်ဖြစ်နေတော့  ကားဝယ်ပါ့ မယ်လို့  ပေးထားတဲ့  ကတိကို မဖျက်ပဲ ရွှေတစ်ချို့ ထပ်ထု ပြီး ဇွတ်ဝယ်ချလိုက်တော့ တာပါပဲဗျာ..( ကုန်သည်လောကစိတ်သဘောကကတိက အသက်သဘောနီးပါးဆန်တယ် )..အဖေလုပ်သူက ကျနော့် အတွက်ဆိုတော့  အဲ့ လေးဘီးကားလေးကျနော့ လက်ထဲ ရောက်လာတော့ တာပေါ့ လေ.... ( ပျော်ချက်ပေါ့  ငွေကြေငြာတဲ့ အထဲပါသွားလို့ အသားလွတ်ကြီး ပလုံသွားတဲ့  ပိုက်ဆံတွေ အကြောင်းတောင် သတိမရတော့ ဘူး ခြင်္သေ့ ကို အတောင်တပ်ပေးလိုက်သလိုပဲပေါ့ လေ..ခ် )

ကားထုတ်ခွင့် လက်ထဲရောက်လာတော့  အခုမှ ကားကိစ္စ ဇာတ်ထုတ်စ ဆိုသလိုပါပဲ အင်းလျားလိပ်နားက ကစလစက်ရုံထဲ ကိုယ်တိုင် သွားထုတ်ရတဲ့ အပြင် ကားလေးက  ကားဘောဒီရုံမှာ အမိုးကိုင်းတွေတင် လေးတွေ ထပ်ပိုးနဲ့  အဲ့ မှာတင် ကားဝပ်ရှော့ ဆရာတွေ ကားဘော်ဒီရုံဆရာတွေ နဲ့ လုံးထွေးပြီး ရေရေလည်လည် ပင်ပမ်း စိတ်မောချက် ဆိုပါတော့ လေ... ( အဲ့ မှာ လူကတော့  ကားမမောင်းစား ရသေးဘူး ပေါက်တတ်ကရတွေ စပြောတတ်လာခဲ့ ပြီ...ဟီးဟီး )

ကားမောင်းတတ်ထားတာကလည်း ကားသာလက်ထဲရောက်လာတ တစ်လမပြည့် သေးဘူးဆိုပါတော့  ကားမောင်းသင်ပေးတာက ၂ ယောက်ပေါ့  တစ်ယောက်က ဘီ ၃၆၀ ကားလေး အရင်မောင်းနေတဲ့  စတိတ်က သူငယ်ချင်းပေါ့  ( ခုတော့  ဂျပန်မှာ ).. သူကလည်း ဘ၀နာချက်က သူ့ အဖေက ဆိုက်ကားပြင်ဆရာကြီး. သူ့ သားတွေတွေကို သူ့ လို ပင်ပင်ပမ်းပမ်း ဆိုက်ကားပြင်မစားစေချင်လို့  သူ့ သား ကျနော့် သူငယ်ချင်းကို (ချေးငှားပြီး) ကားလေးထောင်ပေးထားလိုက်တာမျိုးပဲ အဲ့ ဘီ ၃၆၀ ဂျုံးဂျုံးကျလေးနဲ့  ကားမောင်းစသင်တာမျိုးပေါ့ လေ၊ ဂျုံးဂျုံးကျ ဆိုတဲ့ အတိုင်း လေးဘီးကား ဆီပျောက်မီးပျောက်လေး သဘောပါ အဲ့  ဘီ ၃၆၀လေးနဲ့  သင်လိုက်ရသလိုဖြစ်သွားပါရောဗျာ

နောက်တစ်ယောက်က အမျိုးထဲက ဟိုင်းဝေး ကုန်ကားကြီးထောင်ထားတဲ့  ဦးလေးပါပဲ သူက ည ည ကားရှင်းချိန်မှာ လမ်းမကြီးတွေမှာ ထွက်ဗျင်းခိုင်းခဲ့ တာ သူက ဘေးကနေထိုင်လိုက်ပေပေါ့ လေ... သူငယ်ချင်းကလညာ်း အဗျင်းသမား တိုက်ပစေ ဗျင်းသာဗျင်းဆိုတာချည်းပါပဲ...

အဲ့ လို ဖိုက်သာဖိုက် ဗျင်းသာဗျင်း ဆိုတဲ့  အဗျင်းသမား တွေနဲ့ ဂျုံးဂျုံးကျ ဘီ ၃၆၀ နဲ့  ကားသမား ဇာတ်ထုတ်ကို စခဲ့ ရတာမျိုးပေါ့ ဗျား.....
--------------------------------------------------------------------------------------------------------------------------

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..