Powered By Blogger

Saturday, October 29, 2016

လေးဘီးကားသမားဘ၀မှာ.... ( ၂ )






လေးဘီးကားသမားဘ၀မှာ.... ( ၂ )
=======================
အဖေထောင်ပေးထားတဲ့ ကားလေးလည်း ဖြစ်နေသလို ကားက ၀င်ငွေထက် သူ့ သားကျနော့် ကို အလုပ်လက်မဲ့ လပ်ယားလပ်ယား လုပ်နေမှာကို အာရုံမလာတာမျိုးက ပိုများနေပုံရတာက ဒီ လေးဘီးကားလေးကျနော့် ဆီရောက်လာတော့  ပျော်တာပေါ့ အမေရယ် ဖြစ်သွားတော့ တာပေါ့ ဗျာ..ထချင်တဲ့ အချ ပြန်ချင်တဲ့ အချိန်ပြန် ကားဆွဲလို့ ရတဲ့ အထဲက ငွေကို အိမ်ကို ပေးချင်သလိုပေး နဲ့ ပေါ့  ကားပေါ်ရောက်တာနဲ့  စိတ်ပါရင် ကားထဆွဲ မပါရင် လမ်းဘေးမှာထိုးထား မအားသေးဘူး တစ်ခြား လူစောင့် နေတာ လို့ တွေ ပြော တစ်ခြားကားဆရာတွေနဲ့ လေထိုင်ပစ် ပျင်းလာရင် စိတ်ကူးတည့် ရာတွေ လျှောက်ပတ်မောင်းပေါ့ လေ..

ဒီကြားထဲမှာ ကားကို သလိုက်သေးတာက အဲ့ ခေတ်က ဘော်ဒီအိမ်နဲနဲကြီးတဲ့  ဆန်နီနဲ့  ပရက်စတိုကားလေးတွေ ၀င်နေပြီ သူတို့  အနက်နဲ့ ပရိုက်ဗိတ်သဘောတွေ ဟိုင်းဝေးသဘောတွေ လိုက်ကျတယ်ပရက်စတိုကတော့  ဆန်နီထက် ဆီပိုစားပြီး ဘော်ဒီဖရိမ်က ပိုမာတယ်ပေါ့ လေ..ကားလေးတွေက သန့် တော့  အားကျမခံပေါ့  ကိုယ့် လေးဘီးကားလေးကို တောင်လုပ်မြောက်လုပ်တွေပေါ့  ကားခေါင်းခန်းထဲကို သန့် နေအောင်ထား လိုက်ကာတွေတပ်ရှေ့ လေကာမှန်မှာ တစ်ထွာကျော်လောက် နေကာပလတ်စတစ်အမဲကိုကပ်ထား ဘက်ကြည့် မှန်က နဂိုပါ သေးသေးလေးကိုဖြုတ် ဆလွန်းကားတွေက အကွေး ဘက်ကြည့် မှန်အကြီးကို တပ် ရှေ့ နောက် ရှဲ အပို စတီးပိုက်တွေ ဆင်ပေါ့ လေ၊

ဆီထုတ်ပြီး ရောင်းတုတ်ဖို့ က ဘော်ဒီရုံမှာကတည်းက နဂိုပါတဲ့ ဆီတိုင်ကီကို ဖြုတ်ချ အကြီးချဲ့  ချက်ပိုက်က လုပ်ထားပြီးသားပေါ့ ဗျာ....အဲ့ တော့  ကားလေးက တစ်လက်ကိုင်နဲ့  သိပ်မခိုင်းသလို ဖြစ်နေတော့  မြင်ရတာအတော်သန့် နေတယ်ပေါ့ လေ.. ( ကံကောင်းနေချက်က ပျင်းပျင်းနဲ့  ၂ နာရီ လောက် မြို့ ထဲပတ် ကားထဆွဲရင် သူများ တစ်နေကုန်ကားဆွဲတဲ့  ၀င်ငွေထက် သာသာနေတတ်တာမျိုး ဖြစ်နေတယ်အဲ့ တော့  ကားဆွဲတာ တကယ့် စားဝတ်နေရေးအတွက် မလုပ်မဖြစ်လုပ်နေရတာမျိုးနဲ့ မတူတော့ ပဲ လက်ကြော သိပ်မတင်းပဲ အပျင်းထူပြီး ဆွဲနေသလိုမျိုးကြီးပေါ့ 

နောက် ကံကောင်းတာလေးတစ်ခုက ကားသာ ထဆွဲနေတာ အငှားယာဉ်မောင်လိုင်စဉ်က မရှိဘူး..ကိုယ်ပိုင်ယာဉ်မောင်းလိုင်စဉ်တော့  အကြံအဖန်နဲ့ က ရထားပြီးပြီပေါ့ လေ..၊ ဒါပေမယ့်  ကုန်ကားမောင်းတဲဦးလေးက သူ့ လိုင်စဉ်အပိုတစ်ခုကို ကျနော့် ကို ပေးထားခဲ့ တာလေးတော့ ရှိတယ်ပေါ့ လေ..( ဒါပေမယ့်  ဓါတ်ပုံက ဒဲ့ ကြည့် ကြည့်  ဇောက်ထိုးကြည့် ကြည့်  အမှတ်တမဲ့ ကြည့် ကြည့်  ကျနော်နဲ့ သိပ်မဆင်မှန်း သိသာနေတယ်..ခိခိ) အဲ့ မှာ အကောင် ဆိုတဲ့  သဘောရဲ့  ကျေးဇူးတွေ ဖြစ်လာတော့ တာပါပဲ ၊

ကိုယ်ပိုင်လို့ သာပြောတာ ဆီစာအုပ်နဲ့  ကားလိုင်စဉ်စာအုပ်ထဲက အုံနာ အမည်က ဦးလေး ဗိုလ်မှူးကြီး အမည်ပေါက်ကို ပြောင်းမထားဘူး ၊ အဲ့ မှာ ဘဲဥတွေ တားပြီး ရစ်ရင် အဲ့  တိုင်းကောင်စီဝင် အကောင်အမည်ကြီးနဲ့  သူ့ တူပါ ဘယ်မှာနေပါတယ် ဘာညာ နဲ့  ကိုင်ပေါက်လိုက်ရင် အိုကေ အိုကေ ဖြစ်သွားတော့ တာပါပဲ...ဟီးဟီး အဲ့ လိုပဲ လုပ်စားနေခဲ့ ကြတာ...ငိငိ

ကားကို တကယ်ကို့  စီးပွားရေးဆန်ဆန် နင်လားငါလား မခိုင်းခဲ့ တဲ့  အကြောင်းတွေထဲမှာ တစ်ချက်က ကျနော့် မှာ ဖေါက်သည်တွေရှိလာခဲ့ တဲ့ အကြောင်းတစ်ချက်ကလည်းပါနေတာမျိုးပါ၊ကျနော်က ကျောင်းပြီးစဖြစ်နေတာ လူက ၂၅ ၂၆ အသက်ငယ်နေသေးတာ ကားလေးက သန့် ပြီး လမ်းမှာ ပျက်နေတယ်ဆိုတာ မရှိခဲ့ တာ စောင့် ရတာကြာတယ်တွေ ဘာတွေ ကဂျီကကြောင်မကျတတ်တာပြီးတော့  လူ က ဟေးလားဝါးလားနဲ့  ဂျလေဘီဆန်ဆန်ဖြစ်နေတာတွေနဲ့  ပိုက်ဆံကိစ္စ သိပ်ပြောလေ့ မရှိတာတွေက ဖေါက်သည်တွေ ရလာတဲ့ သဘောဖြစ်လာပါတယ်...အဲ့ ဖေါက်သည်တွေက တစ်ချို့ တွေက လူငယ်အရွယ်လွန် လူလတ်ပိုင်းတစ်ချို့ နဲ့  ဦးလေးကြီးတစ်ချို့ ပါပါတယ်သူတို့ က နာရီနဲ့ ငှားထားတာမျိုး ဖြစ်လာပြီး နောက်တော့  သူတို့ ကိုယ်ပိုင်ကားနီးနီး ခေါ်ထားတာမျိုးတွေ ဖြစ်လာတာမျိုးပေါ့ လေ...မျိုးမျိုးမျက်မျက်လဲ ပေးထားတတ်ကြတယ်...

အဲ့ ဖေါက်သည်တွေတစ်ချို့ ကြောင့်  ပဲ အဲ့ ခေတ်က ရန်ကုန်မှာ ကားသမားတွေကြားမှာ လူသိများခဲ့ တဲ့  ၁၀မိုင်ကုန်းဘိ သာကေတဘိ မြောက်ဥက္ကလာ အ၀င်ဝဘိတွေ အင်းလျားလမ်းနဲ့ ကုန်ဈေးတန်းဘိတွေ မင်္ဂလာတောင်ညွန့် ဘိတွေ စသဖြင့် ပေါ့  အဲ့ နေရာတွေကို အဲ့ လူတွေကို လိုက်ပို့ ပေးခဲ့ ရ ထိုင်စောင့် ခဲ့ ရ နဲ့  လျှောက်ရောက်ဖူးသလို စမောလ်ဆွဲတဲ့  အရှုတ်ထုတ်ဇာတ်လမ်းတွေ ညငှက်တွေရဲ့  ဘ၀အတ္ထုပတ္တိ အကြောင်းတွေ ကြားဖူး သိဖူး ဖြစ်လာတာပေါ့ လေ...တစ်ချို့ လိုတွေဆို ကားထဲမှာကို အရက်ပုလင်းတွေ ထားခဲ့ တာ သိမ်းထားပေးထားရတာအထိပါပဲ ဒီသဘောတွေဟာ အဲ့ ခေတ်က တက္ကစီဆွဲစားသူတွေ တစ်ချို့  ကြုံလေ့ ကြုံထ ရှိတဲ့  သဘောပါပဲ...

ကားသမားလုပ်ရတာ မခက်ခဲလှတာ အစကတည်းက ကုန်သည်ဈေးသည်မျိုးတွေ ဖြစ်နေခဲ့ လို့  လူ့ စိတ်အထာတွေ နဲနဲ ရိပ်မိနေတာ လဆန်းတိုင် ပွဲရုံက ကုန်ကြွေးတွေ အညာတက်တက်ပြီး ခရီးထွက် သိမ်းနေတာနှစ်တွေ အကြာကြီး ဖြစ်ခဲ့ လို့  လူမျိုးစုံနဲ့  တွေ့ ခဲ့ စကားတွေပြောခဲ့ ဘူးတာကြောင့်  ကိုယ့် ကားကို လှမ်းတားလိုက်လို့  စကားပြောသံ လေသံ မျက်နှာဟန်ပန်အမူအယာတွေ ချက်လိုက်တာနဲ့ ဘယ်လို အလိုက်သင့် ပြန်ပြောပေးလိုက်ရမလဲကို အထာပေါက်ထားနေတာမျိုး သဘော ရှိနေလို့ ပါပဲဗျာ...

ကားငှားစီးသူ တစ်ချို့  ဟာ ကားငှားနေတဲ့ အချိန်မှာ နဲ့  ကားပေါ်ရောက်နေတဲ့ အချိန်တွေမှာ ပုံမှန်မဟုတ်တော့ ပဲ ငွေရှင်ကြေးရှင် ဓနရှင်စိတ် လေး မသိမသာလွှမ်းမိုးနေလေ့ ရှိတတ်ပါတယ် ..အဲ့ စိတ်ကို အထာပေါက်လိုက်တာနဲ့  ဘယ်သူလာကားငှားစီးစီး.
..သူဌေးမင်းနဲ့ တွေ့ နေရသလို ဖေါလျှောတွေလိုက်ပြီး အလိုက်သင့် ဆက်ဆံပေးလိုက်ရင်အဲ့ မှာ တစ်ချို့ တွေဟာ ဖေါက်သည် ဖြစ်လာတော့ တာပါပဲဗျာ..

ရန်ကုန်မြို့ တစ်နံတစ်လျားကို တက္ကစီဆွဲရင်း ပတ်ပြီးရောက်ခဲ့ ဖူးသမျှထဲမှာ အကြောက်ရဆုံး အရပ်က သာကေတက ပထမစွဲတဲ့ သဘောရှိခဲ့ တယ် (ကျနော်အတွက်ပဲဆိုပါတော့  )....အဓိက လမ်းမကြီးတွေကိုယ်တိုင်က ပုံမှန်ထက်ကျဉ်းနေသလိုဖြစ်တာရဲနောက်က ကားလာနေမှန်းသိလဲ ရှေ့ ကနေ စက်ဘီးနင်းနေနေ လမ်းလျှောက်နေနေ ဂရုကိုမစိုက်တတ်ကြတာ..အဲ့ လမ်းမတွေအပေါ်မှာ ညနေတွေ ညဦးပိုင်းတွေဆို လူတွေမှာ အများကြီး သွားလာနေလို့  ကားမောင်းရတာ ခက်တဲ့ အပြင် ဟွန်းတောင် မတီးရဲသလောက်ပါပဲ နဲနဲ ရှောင်ဖို့  ဟွန်းတစ်ချက်လောက် တီးမိလိုက်တာနဲ့  ငါ နဲ့ ကိုင်တုတ်တော့ တာမျိုးတွေ တစ်ခါတစ်လေ လူရှုတ်လို့  တစ်လိမ့် ချင်းလေး မောင်းပေးနေတုန်း ကားဘောနက်ဖုံးကို တဘုံးဘုံး လက်နဲ့ ရိုက် အသားလွတ် လက်ဆော့ သွားတာမျိုးတွေ ကလေးတွေက နောက်ခန်းက တက်ဆော့ ခိုလိုက်လာတတ်မျိုးတွေ အများဆုံးကြုံခဲ့ ရတဲ့  အရပ်ပေါ့ လေ...ဒါနဲ့ ပဲ ကားဆွဲတာ လသက်ရလာတော့  သာကေတဆို နဲနဲ စတွန့် သွားတတ်ပြီး လူကို အကဲအရင်ခတ်ရတာမျိုးတွေ ဖြစ်လာတော့ တာပေါ့ လေ သိပ်ချောင်ကျတဲ့ ဖက်တွေ လမ်းသွယ်တွေထဲတွေဆို မလိုက်ပေါ့ လေ..... ပြောရရင်တော့  ကားဆွဲရင်လည်း အတွေ့ အကြုံတွေဆိုတာ တစ်ပုံကြီးရတတ်ပါ့ သဘောရှိတတ်ပါတယ်ပေါ့ လေ...။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..