Powered By Blogger

Tuesday, September 15, 2015

အများသဘောယတြာ တစ်မယ်ချင်းသဘော ယတြာ စတိုင်

အများသဘောယတြာ တစ်မယ်ချင်းသဘော ယတြာ စတိုင်(ဂရုထဲက ဗေဒင်စာ)
--------------------
ယတြာတွေပေးတဲ့ အခါ ကျနော့် စတိုင်းက အများသဘောရော တစ်ခုချင်း သဘောကိုပါ မေးစမ်းပြီး ယတြာပေးလေ့ ရှိတယ် အဲ့ စတိုင်က ယတြာပြုသူတွေကို ပိုကျေနပ်စေပြီး ပိုအလုပ်ဖြစ်စေတယ်...

ကျနော်ပေးတဲ့ စတိုင်တစ်ခုမှာ ဆိုပါတော့  ယေဘူယျအားဖြင့်  ထဘီကွင်း ပုဆိုးကွင်း တီရှပ် ဆောင်းဝတ် အနွေးထည် ရယ်ဒီမတ်အထည်တွေနဲ့  မိန်းမ၀တ် အထည်အမျိုးအစားအစုံရောင်းတဲ့ ဆိုင်ကြီးရှင် အမျိုးသမီးက '''ဘော်လီ'' တွေ အရောင်း မသွက်ဘူးလို့ ပြောလာတဲ့ အခါ

အဲ့ ဘော်လီ တွေကို လက်ပံကိုင်းလေးနဲ့  (သို့ ) လဘက်သားထုတ်လေး သေးသေးလေးနဲ့  လိုက်ရိုက်လိုက်ပါ လိုက်ပုတ်လိုက်ပါ ၃ရက် ၄ရက်တော့  ဆက်တိုက်ခဏခဏ ပုတ်ပေးပါ အရောင်းသွက်လာလိမ့် မယ်လို့  ယတြာပေးတာ အထည်အမျိုးအစားစုံတွေထဲက နံတစ်ခုထဲ ထုတ်ပြီး ပြောလာလို့  သူပြောတဲ့  ပညတ်နံကို လိုက် နားထောင်ပြီး ယတြာပေးတာမျိုး...

ဆောင်းဦးပေါက်တော့ မယ် အနွေးထည်တွေ လှောင်ထားတာများလို့  ဆိုလာပြန်တော့  စနေနံ အထည်သဘောကို ကောက်ပြီး တမာကိုင်းနဲ့  (ဘော်လီတွေကိုလိုက်ရိုက်စေသလို) လိုက်ရိုက်ပါ ၃ရက်၎ရက် ဆက်တိုက်တော့ ရိုက်ပါ ကိုယ်တိုင် မရိုက်တောင် ကိုယ့် ဆိုင်က အလုပ်အကူတွေကို ရိုက်ခိုင်းပါ ဆိုတာမျိုး...

ပုဆိုးကွင်းတွေ အကျန်များနေလို့ ဆိုလာတော့  စပယ်ကိုင်းလေး ရရ စိန်ပန်းကိုင်းလေးရရ တစ်ခုခုရရင် အဲ့ ပုဆိုးပုံတွေကို အဲ့ ကိုင်း တစ်ခုခုနဲ့  လိုက်ရိုက်ပုတ်ပေးပါ ၃ရက် ၄ရက်တော့ ဆက်ရိုက်လိုက်ပါ ဆိုတာမျိုးက တပွဲတိုး တစ်နံကောက်သဘောပေးတဲ့ ယတြာမျိုး

အထည်ဆိုင်က အရောင်းအ၀ယ် သိပ်မကောင်းလို့  အရောင်းအ၀ယ်ကောင်းအောင်လို့ လို့  ဆိုလာပြီဆိုတဲ့ အခါမှာတော့  ဒါဟာ တစ်မယ်ချင်းမဟုတ်တော့ ပဲ တစ်ဆိုင်လုံးရဲ့  အထည် ဆိုတဲ့  စနေနံ သဘောကြီး တစ်ခုလုံးအတွက် ပြောလာတာမျိုးဖြစ်လို့  တစ်ဆိုင်လုံးကို ခြုံငုံမိစေမယ့် ယတြာမျိုးကို တွေးဆ တွက်ချက် ပေးရတော့ တယ်..ယေယူယျ သဘောယတြာပေးပုံက

၁။ ဆိုင်ရှင်အချုပ်ပိုင်ရှင်ရဲ့  သူနဲ့ ပတ်သက်တဲ့ အညွန့် ထိုးလှုတာ ဆိုင်ကို အညွန့် အရွက်တွေနဲ့  အမွှေးနံ့ သာရည်နဲ့ ဖြန်းစေတာ

၂။ အထည်ဆိုတဲ့ စနေနံ သဘောကိုယူပြီး ဓါတ်မိတ် အာလူးကြော် ဘုရားကပ်ပြီး အထည်ဆိုင် ရောင်းကောင်းပါစေဆုတောင်းလှုစေတာ..

၃။ အာလူးစိမ်းသေးသေး တစ်လုံးကို ရေနဲ့ ရေမွှေးရေစပ်ထားတဲ့ ခွက်တစ်ခုထဲမှာ ထည့် စိမ် အဲ့ အာလူးစိမ်းစိမ်ထားတဲ့ ရေမွှေးရေတဲ့  ဆိုင်က အထည်ပုံတွေကို စတိိ လက်နဲ့ 
လိုက်တောက်လိုက်ပါ ၃ရက်၎ရက် တော့ ဆက်လုပ်ပါ အထည်တွေ အရောင်းပြန်သွက်လာလိမ့် မယ်ဆိုတာက စနေနံ အထည်စုံအတွက် တစ်ဆိုင်လုံးအတွက်ကိုရည်စူးပြီး ခြုံငုံပေးတဲ့ ယတြာပါ..

ဒါဟာ အရောင်းအ၀ယ်သမားတွေကို ပိုပြီး အလုပ်ဖြစ်စေတဲ့ နည်းပါ..ပြီးတော့  ဒီလိုနည်းဟာ ယတြာကူစေချင်တဲ့ သူတွေ ရဲ့  စိတ်က သူတို့  ဘာကို အဓိက ဖြစ်စေချင်နေတာလဲ ဆိုတာကို သူတို့ နှုတ်ဖျားက ထွက်လာတဲ့ ဆန္ဒပညတ်သဘောကို နားထောင်ပြီး ဖြစ်နိုင်သမျှ လိုက်ကစားပေးတဲ့ ယတြာ သဘောဖြစ်ပြီး ယတြာ ပညတ် နဲ့  သူတို့ ဖြစ်ချင်တဲ့  စိတ်ဆန္ဒ ပေါင်းမိသွားတဲ့ အခါ အလုပ်ဖြစ်လွယ်သွားတဲ့ သဘောပါ