'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, October 3, 2016
ပညတ်ယတြာ
ပညတ်ယတြာ
----
ဝေးလံလွန်းတဲ့ အရပ်က ဟူးသမီး ကျမ္မာရေးညံ့ နေတယ်ဆိုတော့  ကျနော်မေးကြည့် တယ် စပယ်ပန်းလေး အညွန့် လေးများတွေ့ မိသေးလားလို့ ဆိုတော့ 
..အာ ..တောင်အာဖရိကမှာ အာ့ တွေမရှိဘူးဆရာရဲ့ တဲ့  ..... :'(
.အေးဗျာ ဒါဆို ဒီလိုလုပ် ဆံပင်ခြေသည်းလက်သည်းလေး စတိညှပ် ကျွတ်ကျွတ်အိပ်ထဲထည့်  ပေါင်မုန့် တစ်ချပ်ထည့်  လက်သင့် ရာ အနားက ပန်းလေးတစ်ပွင့် ထည့်  အမှိုက်ပုံးထဲ ပစ်လိုက်ဗျာ..
ပြီးရင် ကြက်သွန်နီတစ်လုံး ပန်းကန်တစ်လုံးထဲထည့်  ဘုရားရည်စူးကပ်ထား တစ်ပတ်တစ်လုံး အသစ်လဲ အဟောင်းကို လွှင့် ပစ်
အဲ့ ကြက်သွန်နီ ပန်းကန်လုံးလေးအောက်မှာ ကိုယ့်  ဓါတ်ပုံလေးခံထားဗျာ....နောက် ခေါင်းအုံးအောက်မှာ ဆပ်ပြာတုံးသေးသေးတစ်တုံးကို
၈ ပိုင်းပိုင်း ပလပ်စတစ်နဲ့ ထုပ် ပြီး တစ်ပတ်ဆယ်ရက်လောက် ထားအိပ်လိုက်ဗျာ.ပြီးရင် ပြန်မသုံးနဲ့  လွှင့် ပစ်လိုက် နောက် ..အင်းကျီလေးဘာလေးလည်း ဒါနလုပ်လိုက်ဗျာ...လို့ ..အိုကေ..... :)
---------------
ဗုဒ္ဓဟူးနေ့  နံရဲ့  အခါတိုင်က မတွန့် စေရ နံတွဲ ပညတ်တွေချည်း လုပ်ခိုင်းလိုက်တာပါ
ပြည်ဝင်ပြည်ထွက်ကစားတဲ့ နည်းတွေထဲက နည်းတစ်ခု ဆိုပါတော့  ၊
ပြည်ဝင်ပြည်ထွက်ကစားတဲ့ နည်းတွေထဲက နည်းတစ်ခု ဆိုပါတော့  ၊
ဆိုပါတော့  မန္တလေး အခြေစိုက်နေသူက ရန်ကုန်ကို အလုပ်ကိစ္စနဲ့ လာရင် အလုပ်ကိစ္စကို အရင်တန်းမလုပ်သေးပဲ ရန်ကုန်မြို့ က အထင်ကရ ရွှေတိဂုံဘုရားတို့  ဆူးလေး ဗိုလ်တစ်ထောင် တို့ က ဘိုးဘိုးကြီးနန်းတို ကို အရင်ဝင်ဦးတိုက်ပြီး အခုခရီးစဉ် အသွားအပြန်တစ်ခု
ရည်ရွယ်ထားတာလေးတွေ အဆင်ပြေပါစေ ဘေးရန်အန္တရာယ်တွေလည်းကင်းပါစေ မြို့ စောင့် နတ်ရွာစောင့် နတ်ရပ်ကွက်စောင့် နတ် မြို့ ပိုင်နယ်ပိုင်းရွာပိုင်ကွင်းပိုင်တွေကလည်း စောင့် လျှောက်တော်မူပါ စသဖြင့် စသဖြင့် တွေ တိုင်တည်ဆုတောင်း ပန်းလေးဘာလေးလှုပြီးမှ ကိုယ့် ကိစ္စကို ဆက်လုပ်တာမျိုးပေါ့ ..အဲ့ ဒါက ပြည်ဝင်..
ပြည်ထွက်သဘောက အလုပ်ကိစ္စအောင်မြင်ပြီးမြောက်ခဲ့ လို့  ပြန်ကာနီးဆို ကျေးဇူးတင်ကြောင်း နောက်တစ်ကြိမ်ရောက်ခဲ့ ရင်လဲကန်တော့် ပန်းဆင်ပါဦးမည့် အကြောင်း ပြန်လမ်းခရီးမှာလညိး ဘေးမသီရန်မခရအောင်စောင့် လျှောက်တော်မူပါဦး အကြောင်း
သွားကန်တော့ ပြီးမှ ကိုယ့် အရပ်ကိုယ်ပြန်လစ်တာက ပြည်ထွက် ...
ဒီသဘောကို လုပ်ငန်းရှင်တွေ ထိုင်း သွားရင်လည်း ကစားစေပါတယ် ဆိုပါတော့ ဘန်ကောက်သွားမယ်ဆို လေးမျက်နှာနတ်ကွန်းသွားတာ မြဘုရားအဆင်ပြေမြဘုရား ဒါမှမဟုတ် ကိုယ် လှုပ်ရှားမယ့်  ဒေသက ဒေသန္တရ အရ နာမည်ကြီးတဲ့  နတ်ကွန်း ဥပမာ မဲဆောက် ဆို မဲဆောက်က နာမည်ကြီး နတ်ကွန်းတစ်ခုခုပေါ့  အဲ ဘ့မှာ အပေါ်ကအတိုင်းသွားလုပ်သဘောပေါ့ လေ
တရုတ်ပြည် ကွမ်ကျိုးကို ဒီက အထည်ကုန်သည်တွေ အလုပ်ကိစ္စ တက်သွားပြီဆို ဟိုရောက်ရင် ကွမ်ကျိုးက ဘုံကျောင်းတစ်ခုခုမှာ အမွှေးတိုင်ဘာညာ သွားလှု အပေါ်ကအတိုင်း တိုင်တည်ပါပေါ့ လေ..
သဘောက ပြည်ဝင် ပြည်ထွက် ကစားကွက်တွေက ကစားတတ်ရင်ကျယ်ပြန့် ပြီး အသုံးတည့် တယ် ပေါ့ ပေါ့ ပါးပါးလည်းရှိတယ် အလုပ်လည်း ဖြစ်တယ်ပေါ့ လေ ဘာနဲ့ တူလည်းဆိုတော့  တောထဲ တစ်ကိုယ်တော် တရားထိုင်ရင် အဲ့ တောက မြင်အပ်မမြင်အပ်တွေနဲ့  တည့် အောင် အန္တရာယ်မပေးအောင် မေတ္တာပို့ တာ ကုသိုလ်အမျှဝေပေးတာနဲ့ တူတယ်ပေါ့ လေ
---------------
ဒီနည်းတွေက သိပ်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး ရှေးရိုးရာနည်းတွေထဲကဆင့် ပွားထွက်လာတာပါပဲဗျာ...ရှေးရာနည်း
တွေထဲမှာ ခရီးတစ်ခု ထွက်တော့ မယ်ဆို မထွက်ခင် ကတည်းက ထွက်မယ့်  အရပ်ဌာနက နတ်ကောင်းနတ်မြတ် ရုက္ခစိုး စသဖြင့်  လူတွေ မိတ်ဆွေတွေ အပါအ၀င် အဲ့ အရပ်က ရှိသမျှသော လူနတ်တွေကို ကြိုပြီး မေတ္တာပို့ လွှတ်ပြီးမှ ခရီးစထွက်လေ့ ရှိတဲ့ သဘောပါပဲဗျာ..
တြင်းန၀င်း ဓါတ်ဆင်ခြင်းသဘောတရားလေး..
ကိုယ်ပုံသေထိုင်အလုပ်လုပ်တဲ့  စားပွဲနေရာမှာ အပွင့် ဓါတ်စီရင်တာ တစ်ခုက တြင်းန၀င်း ဓါတ်ဆင်ခြင်းလို့ ခေါ်ပါတယ် သက်ရောက်ကောင်းချိန်မှာ ဆင်တာမျိုးပါ....တြင်းန၀င်းဆိုတာ
ဖင်ထိုင်ခြေနင်းနေရာမှာ ကြိစတု နင်းကြမ်းပစ္စည်းတစ်ခုခု ကိုခုထား ခံထားပြီး ကိုယ့်  အထက်မှာတော့  အညွန့်  နံပစ္စည်းတစ်ခုခု ဆင်ထားတာမျိုးပါ..ကံအပွင့် ဓါတ်မြန်အောင်ဆင်ယူတဲ့ သဘောတရားပေါ့ လေ
ဥပမာ ကြာသာပတေးသားသမီး အလုပ်လုပ်နေတဲ့  အထိုင် နေရာ တစ်ဝိုက်မှာ တြိစတု ပညတ်ပစ္စည်းဖြစ်တဲ့  တနင်္ဂနွေနံ+စနေနံ = အင်တုံ သေးသေးလေးတစ်ခု ချထားပြီး
အပေါ်မှာတော့  သောကြာနံ ဟင်္သာရုပ်လေး တွဲလောင်းချိတ်ဆွဲထားလိုက်တာမျိုးပါ
ဒါကို ဆောင်ပန်း နင်းကြမ်း အတွဲ တတွဲ နဲ့  လည်း လုပ်ကြပါသေးတယ်...ဥပမာ အင်္ဂါ +တနင်္လာ စိတ်ခြယ်တွဲ ရတဲ့  သောကြာသားသမီးရဲ့ အလုပ်စားပွဲခြေထောက်တွေကို
ဆေးဖြူရောင်သုပ်ထားပြီး စားပွဲမျက်နှာပြင်ကိုတော့  အစိမ်းရောင်သုတ်တာမျိုး ဖင်ထိုင်နေရာမှာ ကံ့ ကော်သားသေးသေး ချည်ထားပြီး အထက်မြင့် ခေါင်းပေါ်မှာ ဇီးရိုးလေး တွဲလောင်းချိတ်ထားတာမျိုး...
ဒီသဘောကတော့  သက်ရောက်ဆိုးကောင်း ချိန်စရာမလိုပဲ ဓါတ်ဆင်ထားတာမျိုးပါ ဒါကို န၀င်းတစ်လုံးရိုက်ထားတာလို့ ခေါ်ပါတယ် ကာဖွင့် လို့ လည်းခေါ်ပါတယ်
ဒါမှမဟုတ် မတွန့် စေရ တစ်ခုခုကို အထက်မြင့် မှာတွဲလောင်းလေးချည်ထားတာမျိုးလည်း ကစားထားလေ့ ရှိပါတယ် ဥပမာ သောကြာသားသမီးထိုင်အလုပ်လုပ်နေတဲ့ နေရာရဲ့ 
အပေါ်လေးမှာ ပိတုန်းရုပ်လေးတွဲလောင်းချီထားတာမျိုးပါ ဒီလို ထားခြင်းဖြင် ပယောဂတွေ အတိုက်အခိုက်တွေ အင်းပစ်အရိုးမှု့ံ ပစ်တွေ လုပ်ကြံတဲ့ သဘောတွေကနေကာကွယ်ပြီးသားသဘောပါပဲ
သဘောက ကျမ်းရင်းလင်္ကာ ၄၀ထဲကချည်း ထုတ်သုံးနေတဲ့  ယတြာတွေ ဓါတ်ဆင်ခန်းတွေ မနဲဘူးဆိုတဲ့  သဘောပေါ့ 
ငရဲနဲ့ အပါယ်ဘုံကိုကြောက်မိရာကနေ

ငရဲနဲ့ အပါယ်ဘုံကိုကြောက်မိရာကနေ
---
.ကျောင်းပြီးသွားတော့ လောလောဆယ်သဘောအရ မိဘပွဲရုံမှာ ၀င်ကူလုပ်ပေါ့ လေ၊ အဲ့ မှာ ပွဲရုံက အိမ်နဲ့  လေးငါးမိုင်လောက်ဝေးတဲ့ အရပ်မှာ ၊ အဲ့ ကို တစ်ကိုယ်တော် စက်ဘီးနင်းသွားရလေ့ ရှိတယ်၊ အဲ့ မှာ လမ်းကြောက ပွဲရုံရှိရာ အရပ်ကို ဦးတည်နင်းချိန်မှာ ကားတွေကလည်း ကိုယ် နင်းနေတဲ့  လမ်းကြောအတိုင်းဆိုတော့  ကားတွေက ကိုယ့် ကျောဖက်ကနေ လာနေပြီး ကိုယ့် ကိုယ် ဖြတ်ကျော်သွားကြတာမျိုး ပွဲရုံကနေ အိမ်ပြန်နင်းပြန်တော့ လည်း နောက်ကလာနေတဲ့  ကားတွေကို ကိုယ်က ကျောပေး နင်းနေရတာမျိုးပေါ့ ...အခြေအနေက ကိုယ်စက်ဘီးနင်းတုန်း အချိန်မရွေး ကိုယ့် နောက်ကနေ ကားဝင်တိုက်ပြီး သေသွားနိုင်တဲ့  အခြေအနေမျိုးပေါ့ လေ..
လေသေနတ်နဲ့ အရိုင်းစိတ်
လေသေနတ်နဲ့ အရိုင်းစိတ်
----
ကိုယ့် စိတ်အခြေခံမှာ အရိုင်းဗီဇစိတ်ရှိနေတာ ဘ၀အတွေ့ အကြုံတွေကနေ ဆင်ခြင်ယူပြီးသိခဲ့ တာမျိုးပေါ့ ၊ အဲ့ အရိုင်းဗီဇစိတ်က အတော်ချိုးနှိမ်ရခက်တဲ့  သဘောရှိပါတယ် ၊ လွတ်သွားချင်တဲ့ အရိုင်းစိတ်တွေကို စာတွေပေတွေ ဘ၀ရပ်တည်မှု့ အနေအထားတွေ မိဘဆရာသမား ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေတွေရဲ့  ဂုဏ်သိက္ခာ သဘော ငဲ့ ပြီး ပြန်ပြန်ထိမ်းရတာတောင် တစ်ခါတစ်လေ ဒီအရိုင်းစိတ်လေးက
လွတ်လွတ်ထွက်သွားချင်သေးတယ်..။
ငွေန၀င်းပွဲ (၀ါ) သိဒ္ဓိဝင်ငွေ...
ငွေန၀င်းပွဲ (၀ါ) သိဒ္ဓိဝင်ငွေ...
----------------
ဆန်တွေ ဆီတွေနဲ့ န၀င်းပွဲ နဲ့  ''ငွေန၀င်း '' ဓါတ်ဆင်တာလေး လုပ်ခဲ့ ကြတာ ရှိသေးတယ်ဗျ ၉၀လွန်နှစ်တွေလောက်ကပေါ့  ဆရာကြီးနဲ့ ဆရာ့ ဆီက ထွက်လာတဲ့ နည်း
( နည်းသစ်ရလို့  စမ်းကြသလိုလိုပါပဲ ကျနော်တို့ တွေလည်း အိမ်မှာ စမ်းလုပ်ခဲ့ ကြဘူးတယ်..)
------------------------
အဲ့ နည်းမှာ အဓိက ပြဿနာက အပင်မြင့် အမျိုးအစား မှို့ ပင်လို့ လဲ ခေါ်တဲ့  လက် ၅ ချောင်းဖြန့် ထားတဲ့ ပုံနဲ့ တူတဲ့  လဲမှို့ ညွန့် တွေကို ရန်ကုန်မြို့ ပေါ်မှာ ရှာရခက်တဲ့ ပြဿနာပါပဲ... ပြီးတော့  ငွေရဖို့ ငွေချမ်းသာဖို့  ခက်ခက်ခဲခဲတွေနဲ့  လက်ပေါက်ကပ်အောင် လုပ်ရတာမျိုးကို ကျနော်က အာရုံသိပ်မလာတတ်လို့ တစ်ခါနှစ်ခါလုပ်ပြီး နောက်မလုပ်ဖြစ်တော့ ပါဘူး...
------------------------
ဒီနည်းမှာ လင်ပန်း ၂ ချပ်သုံးရတယ် ချည်မန်းကွင်း နဲနဲခပ်ကျယ်ကျယ် သုံးကွင်းပါတယ် ( လင်ပန်းကို ၀ိုင်းမိလောက်တဲ့ အကျယ်အထိပေါ့  ) ( တကယ်က ငွေကို လူတနင်္လာလို သန့် သွားအောင် တြင်းန၀င်းအဖွင့် ပညာ နဲ့  န၀င်းထိုင်ပေးတဲ့ နည်းပါ )
------------------------
-----------------
'' မရူးချင်သေးရင်မရူးသေးဘူး သဘောပဲနေမလား'' .
'' မရူးချင်သေးရင်မရူးသေးဘူး သဘောပဲနေမလား'' ..ငယ်တုန်းက စက်ဘီးစီးသင်တုန်းကပေါ့ ...ဦးလေးလုပ်သူက သင်ပေးတာ ကမ်းနားက ဆန်ဂိုထောင်တွေကြား...အဲ့ တုန်းက ပွဲရုံမှာ အလုပ်သဘော သုံးနေတဲ့ 
ရာလေး စက်ဘီး ဘားတန်းနဲ့ လူကြီးစီးတွေပဲ ရှိတာ အဲ့ စက်ဘီးနဲ့  ကျနော်က အရွယ်မရောက်တတ်ရောက်တတ် အရပ်မထွက်တတ်ထွက်တတ်လေးပေါ့ ( တစ်ဖက်တစ်ချက် ဒေါက်သဘောလိုပါတဲ့ ဘီးအပိုသေးသေးလေး ပါတဲ့ ကလေးစီးစက်ဘီးတွေ အိမ်မှာ မရှိပါဘူး)
အရပ်မမီလို့  ဘားတန်းကို မခွနိုင်တော့  ဘားတန်းအောက်က ခြေသွင်း ခပ်ကာ ခပ်ကာ နဲ့  အရှိန်နဲ့ တွန်းပြေးပြေး နင်း ကျင့် ရတာပေါ့  ဟန်ဒယ် မချိမဆန့် ကြီးကိုလဲ လက်ကထိမ်းရ ကိုယ်ကိုလည်း ထိမ်းရနဲ့ 
တကယ့် ဖယိုဖရဲပဲ...၊ တစ်ခါတော့  ဦးလေးက စက်ဘီးကို တည်ထားပေး ကျနော်က ဘားတန်းအောက်က ခြေသွင်း နင်းဖို့ အသင့် ပြင်နေတုန်း သူက လူကြီးအားနဲ့  တွန်းလွှတ်လိုက်တာ ၀ှီးကနဲ စက်ဘီးက ပြေးထွက်သွားတော့  ကျနော်က ဟန်ဒယ်ကို မနိုင်သေးနဲ့ 
ဒယိမ်းဒယိုင်တွေဖြစ် ဆန်ဂိုထောင်ဝင်တိုက် အပွမ်းအပဲ့ တွေ ဖြစ်ပေါ့ လေ..(နာချက်က မငိုချယုံတမည်ထဲကျန်တော့ တယ်) .အဲ့ ဒါ ဦးလေးလုပ်သူက တတ်ပြီ ငါ့ တူတဲ့ .. စက်ဘီးစီးသင်တာ နာမှ တတ်တာတဲ့  ..ငင့် ..
( ဟုတ်သလိုလိုပဲ အဲ့ မှာ နောက်တစ်ခါကြတော့  သူတောင်မလိုတော့ ဘူးဖြစ်သွားတယ်..အဲ့ မှာ စက်ဘီးစီးတတ်စဆို သိပ်စီးချင်တာမျိုးပဲ ဆိုင်က စက်ဘီးကြီးကို မကောမက ယူယူစီးရင်း တစ်နေ့ တော့ 
မျက်စိအတော်နောက်နေပုံရတယ်နဲ့ တူပါရဲ့  စက်ဘီးယူစီးရနေတုန်း နောက်က ခွေးလိုက်တာ ..နင်းပြေးရင် လဲရောဆိုပါတော့  အဲ့ မှာ မထနိုင်ခင် ခွေးကပြေးဟတ်လို့  လက်နဲ့ ကာလိုက်တာ ဘက်ကောက်ဝတ်ကို ခွေးစွယ်တွေခြစ်မိသွားတာ အကွင်းလိုက်လေးပေါ့ လေ..
အဲ့ မှာ ခြောက်လိုက်တော့ ခွေးကပြေးရော..လက်ကောက်ဝတ်ကတော့  သွားရာတွေနဲ့  သွေးတွေစို့ ပြီးကျန်ခဲ့ တော့  အနားက ဆန်ဂိုထောင်က ဂိုထောင်မှူးက တန်တွေယူလာပေးပြီး ၀ါးပြီးအုံလိုက် ကောင်လေးတဲ့  အဆိပ်ပြေတယ်တဲ့ 
ဒါနဲ့  ကိုယ့် ဟာကိုယ် ဆန်တွေဝါးပြီး ခွေးကိုက်ရာပေါ် အုံအုံပေးနေလိုက်တာ သွေးမထွက်တော့ ပဲ အိုကေသွားရော ( အိမ်ကသိမှာလည်း စိုးတော့ အဲ့ လိုတွေကိုယ့် ဟာကိုယ်ကြိတ်ဖြေရှင်းခဲ့ ရတာတွေပေါ့ လေ )...တော်သေးတယ် ခွေးက ခွေးကောင်းမို့ လို့ ... 😁
'' ဒဂေါက်လျှောက်ပြီ ''
ကျနော်တို့ အမျိုးထဲမှာ '' ဒဂေါက်လျှောက်ပြီ '' ဆိုတဲ့ အသုံးအနှုံးတစ်ခုရှိတယ်..အစားတွေသောင်းကြမ်းလို့  ၀မ်းပျက်တာကိုပြောတာ..
ဘယ်လောက်အထိပျက်လည်းဆိုရင် ဆန်ဆေးရေလို ၀ရောကနဲ ပန်းထွက်တတ်တဲ့ အထိ ၀မ်းပျက်သွားတာမျိုးပေါ့ လေ..
( အဲ့  ဒဂေါက်လျှောက်ပြီ ဆိုတဲ့ စကားထဲက ဒဂေါက် ဆိုတာ ဘာကြီးတုန်းလို့ တွေးကြည့် တာ (မေးမကြည့် ခဲ့ ရလို့  ) တွေးလို့ ရသလောက်ကတော့ 
ဝမ်းအကြီးအကျယ်ပျက်သွားရင် အိမ်သာကို ပြေးရင်းကနေကို လမ်းမှာ ၀မ်းမနိုင်ချက်က ပုဆိုးတွေမှာပေ အရည်တွေစီးကျတာ ပေါက်တွေ ဒူးခေါင်းတွေ အထိ တောက်လျှောက်
စီးကျကုန်တာမျိုး အဲ့ မှာ ဒဂေါက် ဆိုတာ ဒူးခေါင်းကို ဆိုလိုတာနဲ့ တူပါရဲ့ ပေါ့ လေ...)
အဲ့ ဝမ်းပျက်တဲ့ ကိစ္စကလည်း အပျက်လွန်ရင် သိပ်ကြောက်စရာကောင်းတဲ့ အနေအထားထိ ရောက်သွားတတ်တယ် ( ပျက်ဖူးလို့ ပေါ လေ့).. အလယ်တန်းကျောင်းသားဘဝ
ဝမ်းပျက်တုန်းက အရေကြည်တွေချည်း ဖြစ်လာအောင် ပမ်းရင်းပမ်းရင်းက အိမ်သာအ၀ကနေ လမ်းမလျှောက်နိုင်တော့ လောက်အောင်အထိ ဖြစ်သွားသလို အသံပါပျက် မျက်တွင်းက ချက်ခြင်း ဟောက်ပက်ဖြစ်လာ အရေပြားတွေ တွန့် လာတဲ့ အထိ
ဝမ်းပျက်သွားရင် ဆေးရုံသာ မှီရာကားနဲ့ ပြေးပေတော့ ဖြစ်သွားတယ် အဲ့ လောက် ၀မ်းပျက်ပြီဆို အန်တာပါ လိုက်လာတယ် ဒါကို အထက်လန် အောက်လျှောလို့ လည်း ခေါ်ကြတယ်..ပင်လယ်အူနာလို့ လည်း ခေါ်တယ် အူစင်းသွားတာတဲ့ လျှောတတ်တယ်တဲ့ 
အဲ့ အခြေအနေမှာ ဆေးရုံရောက်ရင်ဓါတ်ဆားရည် တန်းချိန်ရတော့ တာပါပဲ ပုလင်းကို မနဲဘူးပေါ့ လေ...ပထမတစ်လုံးချိတ်နေချိန် တစ်ဝက်ကျိုးလောက်မှာ
ခြေသားလုံးက ကြွက်ထတက်လို့ ထအော်ရသေးတယ် အဲ့ မှာ ဆေးရုံမှာပုလင်းချိတ်နေရင်း ၀မ်းကထပ်နာလာလို့  ပုလင်းတန်းလန်းနဲ့ ဝမ်းသွားရသေးတယ်.အတော်ဒုက္ခများတဲ့ ကိစ္စပေါ့ လေ..
အဲ့ ခေတ်မှာ အဲ့ လို ၀မ်းပျက်ကြတဲ့ ကိစ္စက အတော်အဖြစ်များခဲ့ တဲ့ သဘောရှိတယ်..
တစ်ခါက
တစ်ခါက
---
မသေကောင်းမပျောက်ကောင်း ဆိုတဲ့ အခြေအနေတွေနဲ့ ခဏခဏရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့ ရတယ်..သေခြင်းတရားဆိုတာ ကိုယ်နဲ့ အတော်နီးသားလို့ ဆိုရမလား ကိုယ့် အတွင်းထဲမှာလို့ ပြောရမလားပဲ..၊
သေခြင်းနဲ့ ခဏခဏ နီးခဲ့ ဘူးတော့  နေရခိုက်လေးခဏပါ မသေခင် သိပ်ဒုက္ခ မရောက်ရင်ပြီးရောဆိုပြီး ဘ၀ကို ခပ်ပါးပါးလေး စိတ်ထားမိလာတော့တယ်။
---
မသေကောင်းမပျောက်ကောင်း ဆိုတဲ့ အခြေအနေတွေနဲ့ ခဏခဏရင်ဆိုင်ပြီး ကျော်ဖြတ်ခဲ့ ရတယ်..သေခြင်းတရားဆိုတာ ကိုယ်နဲ့ အတော်နီးသားလို့ ဆိုရမလား ကိုယ့် အတွင်းထဲမှာလို့ ပြောရမလားပဲ..၊
သေခြင်းနဲ့ ခဏခဏ နီးခဲ့ ဘူးတော့  နေရခိုက်လေးခဏပါ မသေခင် သိပ်ဒုက္ခ မရောက်ရင်ပြီးရောဆိုပြီး ဘ၀ကို ခပ်ပါးပါးလေး စိတ်ထားမိလာတော့တယ်။

န၀င်းရေ
------------
ဆန်တွေ ဆီတွေ လဘက်တွေ ကွမ်းယာ တွေနဲ့  န၀င်းပွဲကို ဘယ်သူမဆို ကိုယ့် အိမ်က မြတ်စွာဘုရားကို ပွဲသက်သက် ပြင်ပြီး မြတ်ဂုဏ်တော်ကို အာရုံပြုပြီး ပူဇော် ပွဲထွန်းနိုင်တယ်ဗျ ( ဆရာကြီး ဦးကြာမြင့် ရဲ့  န၀င်းပွဲ စတိုင်အရပေါ့  )
--------------
(ဆရာကြီး ဦးကြာမြင့် ရဲ့ န၀င်းပွဲ စတိုင်ဆိုတာ အလယ်က လ္ဘက်တွေ
ကွမ်းယာတွေ ရံထားတဲ့  ဖန်ခွက်မှာ '' ရေ ''ကလွဲလို့  အဲ့ ဖန်ခွက်ထဲမှာ ဘာ အရွက်အညွန့် တွေမှ ရှိမနေဘူး...
=-----------------------------------------------------
အဲ့ အလယ် ဖန်ခွက်ထဲက ရေဟာ ပွဲထွန်း ပူဇော်ပြီးရင် '' န၀င်းရေ '' ဖြစ်ခဲ့ ပြီ။။။ ဓါတ်ဖက်ဝင်ရေ ဆေးဖက်ဝင်ရေ ဖြစ်ခဲ့ ပြီ အလွယ်ပြောရရင် အဲ့ န၀င်းရေကို ရေမန်းလိုပဲ လိုရာ သုံးပေရော့  သဘော ဖြစ်ခဲ့ ပြီ
-------------
အလွယ်ဆုံး တစ်နည်းက အိမ်ရှင်း ဆိုင်ရှင်း ကားရှင်း လာဘ်ပွင့် ရှင်း သဘောတွေ မျက်နှာသစ် စတိသောက် သဘောတွေမှာ အဲ့ န၀င်းရေဟာ အစွမ်းထက် ရေစင်သဘောပဲ....
------------
သဘောက န၀င်းစီးပွဲမှာ ပါတဲ့  စီရင်ထားတဲ့  စတိုင်တွေဟာ ဘယ်နေရာမှာ ဘာပစ္စည်း ဆိုတာ သူ့ ဟာနဲ့ သူ ဓါတ်ပညာသဘော အဓိပ္ပါယ် အတိအကျတွေ ရှိတယ် ကြည့် ကောင်းအောင်တွေ ဖေါ်လျိုးသဘောတွေ မဟုတ်ခဲ့ ဘူးဆိုတဲ့ သဘောပါ..
-----------
ပွဲံက ကွမ်းယာတွေ လဘက်တွေ ဆန်တွေ ဆီတွေ တောင် ပွဲထွန်းပြီးရင် န၀င်း ဓါတ်ဖက်ဝင် ပစ္စည်းတွေ ဖြစ်ကုန်တယ် ( ဗေဒင်အကြံသဘော လိုရာ ဥာဏ်ကွန့်  သုံးလေ သဘော) ပဲ...
------------------------
ပွဲထွန်းပြီး ဆန်နဲ့ ဆီက သူ့ ချည်း လှုတန်းပစ်လိုက်လို့ လည်းရသလို ထမင်းဟင်းချက်ပြီး အိမ်ဘုရားလည်းကပ် ကိုယ်လည်း စား သဘောလည်းရပါတယ်
သိမ်ဝင်ချည်
သိမ်ဝင်ချည်
--
သိမ်ဝင်ချည်လုံးတွေ ဆောင်ထားရတာက လိုအပ်ရင် သုံးဖို့ ပါ ဗေဒင်အကြံသဘောတော့  ပါပါတယ်။ ဥပမာ ကလေးလည်ပင်းမှာ သိမ်ဝင်ချည်နဲ့  ၇ပင် ၇ထုံး လည်ဆွဲကြိုးလုပ် အလယ်ဘုထုံးလေးတစ်ထုံးမှာ အဲ့ ကလေးမွေးနံရဲ့  မတွန့် စေရအသား (ဥပမာ တနင်္လာသားဆို သပြေရိုးလေးပေါ့ ) (ဒါမှမဟုတ် သပြေသားနဲ့ ခြင်္သေ့ ရုပ် ပိစိလေးပေါ့ ) ထည့် ပြီး ကလေးလည်ပင်းမှာဆွဲပေးထားရင် ကလေးကို အပမမှီလို့ မရတော့ သလို
ကလေးတွေငယ်စဉ်ကြုံတတ်တဲ့  ဥပစ္စေဒကကံမျိုး နီးတာတွေကနေ ကာကွယ်ထားနိုင်တယ်ပေါ့ ဗျာ
-----------------
ကိုယ့် စိတ်က ကိုယ့် အိမ်ဂေဟာကို စိတ်ထဲမသင်္ကာတဲ့ အခါ အပတွေနဲ့  လုပ်ကြံခံရမှာစိုးတဲ့ အခါမှာတော့ ..
အိမ်ကို အရွက်အညွန့် တွေ မွှေးနံ့ သာရေမန်းတွေ န၀င်းရေတွေနဲ့  ရှင်းလင်းပြီးတဲ့ အခါ....
အိမ် ၀င်ပေါက်ထွက်ပေါက် အပေါ်မှာ သိမ်ဝင်ချည် ၉ ပင်ကို လုံးကျစ်ပြီး ဘယ်ညာ တန်း ချည်ထားလိုက်တာပါပဲ ( နောက်ဖေးပေါက်ရှိရင်နောက်ဖေးပေါက်ပါပေါ့ ..)
အဲ့ လိုဆိုရင် အိမ့် ပြင်ပက အပတွေ ဧည့် သည်တွေကို မှီလာတတ်တဲ့  အပတွေ အပြင်ကနေ တိုက်ခိုက်တတ်တဲ့  အပတွေရဲ့ ရန်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်
ကိုယ်တိုင် အပြင်သွားချိန် ကိုယ်က ကံနိမ့် နေလို့  အပတွေ ကိုယ့် နောက်အရိပ်ကနေမှီလိုက်လာရင်လည်း ဒီ သိမ်ဝင်ချည် ကြိုးတန်းအောက်ကနေ ကိုယ်က အကိုယ့် အိမ်ထဲဝင်လိုက်တာနဲ့ 
မှီလိုက်လာတတ်တဲ့  အပတွေဟာ အဲ့ သိမ်ဝင်ချည်ကြိုးတန်းကို ကျော်မလိုက်နိုင်တော့ ပဲအိမ်ပြင်မှာကျန်ခဲ့ ပါတော့ တယ်
---------------
သိမ်ဝင်ချည် သုံးနည်းတစ်ချို့ ပါ
--
သိမ်ဝင်ချည်လုံးတွေ ဆောင်ထားရတာက လိုအပ်ရင် သုံးဖို့ ပါ ဗေဒင်အကြံသဘောတော့  ပါပါတယ်။ ဥပမာ ကလေးလည်ပင်းမှာ သိမ်ဝင်ချည်နဲ့  ၇ပင် ၇ထုံး လည်ဆွဲကြိုးလုပ် အလယ်ဘုထုံးလေးတစ်ထုံးမှာ အဲ့ ကလေးမွေးနံရဲ့  မတွန့် စေရအသား (ဥပမာ တနင်္လာသားဆို သပြေရိုးလေးပေါ့ ) (ဒါမှမဟုတ် သပြေသားနဲ့ ခြင်္သေ့ ရုပ် ပိစိလေးပေါ့ ) ထည့် ပြီး ကလေးလည်ပင်းမှာဆွဲပေးထားရင် ကလေးကို အပမမှီလို့ မရတော့ သလို
ကလေးတွေငယ်စဉ်ကြုံတတ်တဲ့  ဥပစ္စေဒကကံမျိုး နီးတာတွေကနေ ကာကွယ်ထားနိုင်တယ်ပေါ့ ဗျာ
-----------------
ကိုယ့် စိတ်က ကိုယ့် အိမ်ဂေဟာကို စိတ်ထဲမသင်္ကာတဲ့ အခါ အပတွေနဲ့  လုပ်ကြံခံရမှာစိုးတဲ့ အခါမှာတော့ ..
အိမ်ကို အရွက်အညွန့် တွေ မွှေးနံ့ သာရေမန်းတွေ န၀င်းရေတွေနဲ့  ရှင်းလင်းပြီးတဲ့ အခါ....
အိမ် ၀င်ပေါက်ထွက်ပေါက် အပေါ်မှာ သိမ်ဝင်ချည် ၉ ပင်ကို လုံးကျစ်ပြီး ဘယ်ညာ တန်း ချည်ထားလိုက်တာပါပဲ ( နောက်ဖေးပေါက်ရှိရင်နောက်ဖေးပေါက်ပါပေါ့ ..)
အဲ့ လိုဆိုရင် အိမ့် ပြင်ပက အပတွေ ဧည့် သည်တွေကို မှီလာတတ်တဲ့  အပတွေ အပြင်ကနေ တိုက်ခိုက်တတ်တဲ့  အပတွေရဲ့ ရန်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်
ကိုယ်တိုင် အပြင်သွားချိန် ကိုယ်က ကံနိမ့် နေလို့  အပတွေ ကိုယ့် နောက်အရိပ်ကနေမှီလိုက်လာရင်လည်း ဒီ သိမ်ဝင်ချည် ကြိုးတန်းအောက်ကနေ ကိုယ်က အကိုယ့် အိမ်ထဲဝင်လိုက်တာနဲ့ 
မှီလိုက်လာတတ်တဲ့  အပတွေဟာ အဲ့ သိမ်ဝင်ချည်ကြိုးတန်းကို ကျော်မလိုက်နိုင်တော့ ပဲအိမ်ပြင်မှာကျန်ခဲ့ ပါတော့ တယ်
---------------
သိမ်ဝင်ချည် သုံးနည်းတစ်ချို့ ပါ
ကားန၀င်းရှင်းခြင်း (၀ါ) ကားကို န၀င်းရိုက်ခြင်း
ကားန၀င်းရှင်းခြင်း (၀ါ) ကားကို န၀င်းရိုက်ခြင်း
---------------------------------------
ကားကို ချည်မန်းကွင်းကြီးစွပ်ပြီး လူကို န၀င်းရှင်းသလို ရှင်းတဲ့ စတိုင်က...
--------
ပထမဆုံးတော့  ကားကို စွပ်လို့ ရတဲ့  ချည်မန်းကြီးတစ်ကွင်း အရင်လုပ်ထားရပါတယ် ( လူ နှစ်ယောက်က ကားရဲ့  ဘယ်ညာကနေ အဲ့ ချည်မန်းကွင်းကို မြှောကိကိုင်ပေးလိုက်ရင် ကားက လွတ်လွတ်ကျွတ်ကျွတ် မောင်းထွက်သွားနိုင်တဲ့ အထိ ချည်မန်းကွင်းအကျယ် ရှိနေအောင်မှန်းလုပ်ရပါတယ်...( အတော်မှ အတော်ရှည်တဲ့ ချည်မန်းကွင်းပါ) ( ကြိုး တစ်ပိုင်းက မြေကြီးထိ နောက် တစ်ပိုင်းက ကားခေါင်မိုးဖျားလေးမှာတင်ထားတယ်)
-----------
အိမ်ရှင်း လူရှင်းနည်းပညာ
အိမ်ရှင်း လူရှင်းနည်းပညာ
---
အိမ်ရှင်းလူရှင်းဆိုတာ န၀င်းရိုက်တဲ့ ပညာမှာ ရှိသေးတယ်..ဒီနည်းကို ဆရာနဲ့ ကျနော်တို့ ပညာသင်သားကလေးတွေ တွဲပြီး ယတြာပညာတွေ တအားလုပ်နေချိန်က သုံးခဲ့ တယ် ၊ နောက်တော့  အသီးသီး ကိုယ်တိုင်တွေလှုပ်ရှားတဲ့ အခါမှာလည်း တစ်ခါတစ်လေ သုံးခဲ့ တယ်..( အောက်ဒိုး လိုက်ပေးနေတုန်းကပေါ့ လေ) နောက်တော့  ဘယ်အောက်ဒိုးမှ ထွက် ယတြာလိုက်မလုပ်ပေးတော့ တဲ့ အခါမှာတော့ မသုံးဖြစ်တော့ သလောက်ဖြစ်သွားတယ်. အခုရေးပြတာက မှတ်တမ်းလေးသဘောနဲ့  မဖတ်ဖူးသေးရင်ဖတ်ဖူးအောင်လို့ ပါ
ဒီနည်းက အိမ်ထောင်ဦးစီးကို သူ့ အိမ်မှာလိုက်ပြီး န၀င်းထိုင်ပေးတာပါ ပုံမှန် န၀င်းထိုင်သလိုပါပဲ အရွက်တွေခင်း အရွက်တွေ ဘုရားစင်တင် ချည်မန်းကွင်းစလွယ်သိုင်းပေါ့ လေ..( န၀င်းပွဲက ဆရာလုပ်သူအိမ်မှာ ပြန်ထွန်းပါတယ်)
ဘာအလုပ်ပိုသွားလဲဆိုတော့  လူက ဘုရားစင်ရှေ့ မှာ န၀င်းထိုင်နေတုန်း ဘုရားစင်ပေါ်တင်ထားတဲ့  သူ့ ကို ရိုက်ရမယ့်  ဆောင်ပန်းအညွန့် တွေ ယူပြီး အမွှေးနံ့ သာရေတွေနဲ့  သူ့ အိမ်ကို အရင်လိုက်ပက်ဖြန်းရပါတယ်..
Subscribe to:
Posts (Atom)