Powered By Blogger
Monday, October 3, 2016
လေသေနတ်နဲ့ အရိုင်းစိတ်
လေသေနတ်နဲ့ အရိုင်းစိတ်
----
ကိုယ့် စိတ်အခြေခံမှာ အရိုင်းဗီဇစိတ်ရှိနေတာ ဘ၀အတွေ့ အကြုံတွေကနေ ဆင်ခြင်ယူပြီးသိခဲ့ တာမျိုးပေါ့ ၊ အဲ့ အရိုင်းဗီဇစိတ်က အတော်ချိုးနှိမ်ရခက်တဲ့  သဘောရှိပါတယ် ၊ လွတ်သွားချင်တဲ့ အရိုင်းစိတ်တွေကို စာတွေပေတွေ ဘ၀ရပ်တည်မှု့ အနေအထားတွေ မိဘဆရာသမား ပတ်ဝန်းကျင် သူငယ်ချင်း မိတ်ဆွေတွေရဲ့  ဂုဏ်သိက္ခာ သဘော ငဲ့ ပြီး ပြန်ပြန်ထိမ်းရတာတောင် တစ်ခါတစ်လေ ဒီအရိုင်းစိတ်လေးက
လွတ်လွတ်ထွက်သွားချင်သေးတယ်..။
တစ်နေ့ တော့ မေမြို့ ကနေ သူ့ ကုန်ပစ္စည်းတွေထဲ အပိုင်းပိုင်းဖြုတ်ပြီး ထည့် ပေးလိုက်တဲ့ လေသေနတ်တစ်လက်နဲ့  ခဲကျည်ဗူးတွေ ပါလာရောဆိုပါတော့   အကျအနပါပဲ အမဲဆီချောတွေသုပ် သတင်းစာစက္ကူတွေနဲ့ ပတ်ပါလာတာ..ရန်ကုန်ရောက်တော့  သူက ပညာတတ်ဆိုတော့ အကုန်ကောက်ဆင်တာ ဂွတ်ပဲ...
အဲ့ မှာ သူက လူကြီး ဖြစ်နေတော့  သူ့ တိုက်ခန်းလေးမှာပဲ စက္ကူကပ်ထူတွေ ထောင် တဖန်းဖန်းပစ်စိတ်အာသာဖြေနေရပေါ့ လေ...ကျနော်လည်း သူလေသေနတ်ပစ်နေတာမြင်တော့  လွှတ်ပစ်ချင်ပေါ့   ပစ်ချင်တာမှ အသေပစ်မှတ်တွေမဟုတ်ပဲ ငှက်တွေကို ပစ်ချင်နေတာ ..အဲ့ မှာ သူ့ ရဲ့ လေသေနတ်ကို ယူပြီး  ကစ်တော့ တာပါပဲ
အစ်ကိုရဲ့  အခန်းက အလွှာမြင့် မှာ ကျနော်တို့ က မြေညီမှာ...အဲ့ မှာပေါ့  အစ်ကို ရဲ့ အထပ်မြင့် ခန်း မီးဖိုချောင်ကနေ  နောက်ဖေးလမ်းကြားထဲ လာအစာရှာနားတဲ့  ကျီး တွေ လေသေနတ်တစ်လက်နဲ့  ချောင်းတော့ တာပါပဲ  ....ဖန်း ...ကနဲ ပဲ.. ကျီး တစ်ကောင် ရဲ့ ခေါင်းကို တည့် တည့် ထိပြီး ကျီး လဲသွားတာ  အတောင်ပံတောင် ဖလပ်ဖလပ်တွေ မလုပ်နိုင်တော့ ဘူး..
အဲ့ မှာ အောက်ထပ်ဆင်းပြေးသွားပြီး ကျီးကို ကြည့် လိုက်တော့  ဂန့် နေပြီ..ဆူဆူဖြိုးဖြိုးကြီး အကောင်က အတော်ကြီးကြီးပဲ...အဲ့ မှာ  ရေနွေးဓါတ်ဗူးထဲက ရေနွေးတွေ ဒန်အိုးတစ်လုံးထဲသွန်ထည့်   ကျီးကို ခဏစိမ် ရေနွေးဖျော    အဲ့ တော့  ကျီးမွှေးနှုတ်ရတာ လွယ်သွားရော...
ကျီးမွှေးနှုတ်ပြီးတော့ မှာ ဓားနဲ့  ကြက်သားခုတ်သလိုတွေခုတ်...( တစ်ယောက်ထဲ အလုပ်တွေ ရှုတ်နေချက်က အဲ့ လို  အဲ့ အချိန်အိမ်မှာ အမေတို့ ရော အဖေတို့ ရော မောင်နှစ်မတွေ တစ်ယောက်မှမရှိတော့  ထင်တိုင်းကျဲနေသပေါ့ လေ)..
ခုတ်ပြီးတော့ မှာ လျပ်စစ်ကွိုင်မီးဖိုကို ဖွင့်  ကျီးသားတုံးလေးတွေကို ဆီနဲ့  အချိုမှု့ န့် လေး ဆားလေးဆနွင်းဝါ၀ါလေးနဲ့  နယ်....ဆီပူထိုး...ကြော်စားလိုက်တော့ ...ကောင်းချက်ဗျာ.   တစ်သက်မှာ ပထမဆုံး လပ်လပ်ဆပ်ဆပ် စားဖူးတဲ့  ကိုယ်တိုင်ကြော် ကျီးသားမို့ လားမသိဘူး....  ( ကျီးသား စားဖူးပြီဆိုပြီး ပျော်လိုက်သေးတာရယ် )
အဲ့ တစ်ခါပါပဲ လေသေနတ်နဲ့  ကျီးသား ပစ်စားဘူးတာ... ငယ်တုန်းကပေါ့ လေ.. အဲ့ လိုတွေ လက်ရဲ ဇက်ရဲတော့  ဟိုတုန်းက နိုင်ခဲ့ တယ်ဆိုတာလေးပါ  .။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..