Powered By Blogger
Monday, October 3, 2016
ပြည်ဝင်ပြည်ထွက်ကစားတဲ့ နည်းတွေထဲက နည်းတစ်ခု ဆိုပါတော့  ၊
ပြည်ဝင်ပြည်ထွက်ကစားတဲ့ နည်းတွေထဲက နည်းတစ်ခု ဆိုပါတော့  ၊
ဆိုပါတော့  မန္တလေး အခြေစိုက်နေသူက ရန်ကုန်ကို အလုပ်ကိစ္စနဲ့ လာရင် အလုပ်ကိစ္စကို အရင်တန်းမလုပ်သေးပဲ ရန်ကုန်မြို့ က အထင်ကရ ရွှေတိဂုံဘုရားတို့  ဆူးလေး ဗိုလ်တစ်ထောင် တို့ က ဘိုးဘိုးကြီးနန်းတို ကို အရင်ဝင်ဦးတိုက်ပြီး အခုခရီးစဉ် အသွားအပြန်တစ်ခု
ပြည်ထွက်သဘောက အလုပ်ကိစ္စအောင်မြင်ပြီးမြောက်ခဲ့ လို့  ပြန်ကာနီးဆို ကျေးဇူးတင်ကြောင်း နောက်တစ်ကြိမ်ရောက်ခဲ့ ရင်လဲကန်တော့် ပန်းဆင်ပါဦးမည့် အကြောင်း  ပြန်လမ်းခရီးမှာလညိး ဘေးမသီရန်မခရအောင်စောင့် လျှောက်တော်မူပါဦး အကြောင်း
သွားကန်တော့ ပြီးမှ ကိုယ့် အရပ်ကိုယ်ပြန်လစ်တာက ပြည်ထွက် ...
ဒီသဘောကို  လုပ်ငန်းရှင်တွေ ထိုင်း သွားရင်လည်း ကစားစေပါတယ်   ဆိုပါတော့ ဘန်ကောက်သွားမယ်ဆို လေးမျက်နှာနတ်ကွန်းသွားတာ မြဘုရားအဆင်ပြေမြဘုရား ဒါမှမဟုတ် ကိုယ် လှုပ်ရှားမယ့်  ဒေသက ဒေသန္တရ အရ နာမည်ကြီးတဲ့  နတ်ကွန်း ဥပမာ မဲဆောက် ဆို မဲဆောက်က နာမည်ကြီး နတ်ကွန်းတစ်ခုခုပေါ့  အဲ ဘ့မှာ အပေါ်ကအတိုင်းသွားလုပ်သဘောပေါ့ လေ
တရုတ်ပြည် ကွမ်ကျိုးကို ဒီက အထည်ကုန်သည်တွေ အလုပ်ကိစ္စ တက်သွားပြီဆို ဟိုရောက်ရင် ကွမ်ကျိုးက ဘုံကျောင်းတစ်ခုခုမှာ အမွှေးတိုင်ဘာညာ သွားလှု အပေါ်ကအတိုင်း တိုင်တည်ပါပေါ့ လေ..
သဘောက ပြည်ဝင် ပြည်ထွက် ကစားကွက်တွေက ကစားတတ်ရင်ကျယ်ပြန့် ပြီး အသုံးတည့် တယ် ပေါ့ ပေါ့ ပါးပါးလည်းရှိတယ် အလုပ်လည်း ဖြစ်တယ်ပေါ့ လေ  ဘာနဲ့ တူလည်းဆိုတော့  တောထဲ တစ်ကိုယ်တော် တရားထိုင်ရင် အဲ့ တောက မြင်အပ်မမြင်အပ်တွေနဲ့  တည့် အောင် အန္တရာယ်မပေးအောင် မေတ္တာပို့ တာ ကုသိုလ်အမျှဝေပေးတာနဲ့ တူတယ်ပေါ့ လေ
---------------
ဒီနည်းတွေက သိပ်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး ရှေးရိုးရာနည်းတွေထဲကဆင့် ပွားထွက်လာတာပါပဲဗျာ...ရှေးရာနည်း
တွေထဲမှာ ခရီးတစ်ခု ထွက်တော့ မယ်ဆို မထွက်ခင် ကတည်းက ထွက်မယ့်  အရပ်ဌာနက နတ်ကောင်းနတ်မြတ် ရုက္ခစိုး စသဖြင့်  လူတွေ မိတ်ဆွေတွေ အပါအ၀င် အဲ့ အရပ်က ရှိသမျှသော လူနတ်တွေကို ကြိုပြီး မေတ္တာပို့ လွှတ်ပြီးမှ  ခရီးစထွက်လေ့ ရှိတဲ့ သဘောပါပဲဗျာ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..