Powered By Blogger

Monday, October 3, 2016

သိမ်ဝင်ချည်

သိမ်ဝင်ချည်
--
သိမ်ဝင်ချည်လုံးတွေ ဆောင်ထားရတာက လိုအပ်ရင် သုံးဖို့ ပါ ဗေဒင်အကြံသဘောတော့  ပါပါတယ်။  ဥပမာ ကလေးလည်ပင်းမှာ သိမ်ဝင်ချည်နဲ့  ၇ပင် ၇ထုံး လည်ဆွဲကြိုးလုပ် အလယ်ဘုထုံးလေးတစ်ထုံးမှာ အဲ့ ကလေးမွေးနံရဲ့  မတွန့် စေရအသား (ဥပမာ တနင်္လာသားဆို သပြေရိုးလေးပေါ့ ) (ဒါမှမဟုတ် သပြေသားနဲ့ ခြင်္သေ့ ရုပ် ပိစိလေးပေါ့ ) ထည့် ပြီး ကလေးလည်ပင်းမှာဆွဲပေးထားရင် ကလေးကို အပမမှီလို့ မရတော့ သလို
ကလေးတွေငယ်စဉ်ကြုံတတ်တဲ့  ဥပစ္စေဒကကံမျိုး နီးတာတွေကနေ ကာကွယ်ထားနိုင်တယ်ပေါ့ ဗျာ
-----------------
ကိုယ့် စိတ်က ကိုယ့် အိမ်ဂေဟာကို စိတ်ထဲမသင်္ကာတဲ့ အခါ  အပတွေနဲ့  လုပ်ကြံခံရမှာစိုးတဲ့ အခါမှာတော့ ..
အိမ်ကို အရွက်အညွန့် တွေ မွှေးနံ့ သာရေမန်းတွေ န၀င်းရေတွေနဲ့  ရှင်းလင်းပြီးတဲ့ အခါ....
အိမ် ၀င်ပေါက်ထွက်ပေါက် အပေါ်မှာ  သိမ်ဝင်ချည် ၉ ပင်ကို လုံးကျစ်ပြီး  ဘယ်ညာ  တန်း ချည်ထားလိုက်တာပါပဲ  ( နောက်ဖေးပေါက်ရှိရင်နောက်ဖေးပေါက်ပါပေါ့ ..)
အဲ့ လိုဆိုရင် အိမ့် ပြင်ပက အပတွေ   ဧည့် သည်တွေကို မှီလာတတ်တဲ့  အပတွေ  အပြင်ကနေ တိုက်ခိုက်တတ်တဲ့  အပတွေရဲ့ ရန်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်
 ကိုယ်တိုင် အပြင်သွားချိန် ကိုယ်က ကံနိမ့် နေလို့  အပတွေ ကိုယ့် နောက်အရိပ်ကနေမှီလိုက်လာရင်လည်း ဒီ သိမ်ဝင်ချည် ကြိုးတန်းအောက်ကနေ ကိုယ်က အကိုယ့် အိမ်ထဲဝင်လိုက်တာနဲ့ 
မှီလိုက်လာတတ်တဲ့  အပတွေဟာ အဲ့ သိမ်ဝင်ချည်ကြိုးတန်းကို ကျော်မလိုက်နိုင်တော့ ပဲအိမ်ပြင်မှာကျန်ခဲ့ ပါတော့ တယ်
---------------
သိမ်ဝင်ချည် သုံးနည်းတစ်ချို့ ပါ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..