Powered By Blogger
Tuesday, July 28, 2015
စိတ်လုံစေသော အရာ....
ရိုးရိုးလေးနဲ့ လက်တွေ့ ကျကျ တွေးတယ် ကိုယ်တွေ့ ကို ပိုအခြေခံပြီးပိုတွေးဖြစ်တယ်
သမာအာဇီဝ ကျနိုင်သမျှ ကျတဲ့ နည်းနဲ့ ချမ်းသာအောင်ကြိုးစားကြဖို့ လိုလိမ့် မယ်
..ကြိုးစားလို့ ရတာလဲရှိမယ် ကြိုးစားလို့ အရနဲနေသေးရင်လဲ ကံပေးသလောက်ပေါ့ လို့ စိတ်ဖြေလိုက် ပြီးတာ့ ဆက်ကြိုးစားမယ်ပေါ့ 
.ချမ်းသာတာကောင်းကြောင်းက နာမကျမ်းဖြစ်ချိန် ဆေးရုံတက်ရချိန်မှာ အဖြေပေါ်တယ်...
.
.သေရင်ကိုယ့် နောက်မပါပေမယ့်  ကိုယ် သမာအာဇီဝကျကျ နဲ့  ရှာဖွေပြီး ချန်ထားခဲ့ တာတွေက
ကိုယ့် ကျန်ရစ်သူမိသားစုတွေ အတွက် အလုပ်ဖြစ်လိမ့် မယ်
 ကိုယ်သေသွားပေမယ့် ....
ကျန်ခဲ့ တဲ့ ကိုယ့် မိသားစုတွေက သူတို့ မငတ်နိုင်သေးဘူးဆိုတဲ့ စိတ်က သူတို့ ကို လောက
အလယ်မှာ မျက်နှာမငယ်ရပဲ စိတ်လုံစေလိမ့် မယ်
'''ခပ်သိမ်းကုန်သော....'' (ဆုတောင်းစာ)
'''ခပ်သိမ်းကုန်သော....''
-------------
ခပ်သိမ်းကုန်သော အကြောက်တရားအစုစုတွေ ဖုံးလွှမ်း လွန်းနေတဲ့ 
ခပ်သိမ်းကုန်သော အကြောက်တရားအစုစုဖြင့်  ဖုံးလွှမ်းထားဖို့ ကြိုးစားနေတဲ့ 
အမှောင်ထုအောက်ကနေ ဥာဏ်အလင်းတို့ ပွင့် ၍ လွတ်မြောက်ရုန်းထွက်နိုင်ကြပါစေ..
စိတ်ကူးအိပ်မက်
စိတ်ကူးအိပ်မက်
------------
'''ဘ၀အိပ်မက် ပန်းအိပ်မက်
စိတ်ကူး အိပ်မက်တွေ ကိုယ်စီ ကိုယ်စီနဲ့ 
ဘ၀ခရီး သွားနေကြတဲ့ သူတွေလိုပဲ
ကျနော့် မှာလဲ အိပ်မက်တစ်ချို့ ရှိနေတယ် ချစ်သူ.....''
အဲ့ ဒီ အိပ်မက် မှုံဝါးဝါးလေးတွေထဲက ထင်ရှားနေတဲ့ .
ကျနော့် အိပ်မက်တွေထဲက တစ်ခုကတော့ လေ...''
--------
ဘ၀ကိုယ်စီ အိပ်မက်ကိုယ်စီတွေနဲ့ တွေမှာ ကျနော်မှာတော့  စာဖွဲ့ ပြရလောက်အောင် ခန်းနားတဲ့  စိတ်ကူးအိပ်မက်တွေရယ်လို့  မယ်မယ်ရရ မရှိလှပေမယ့်  ရှိထားတဲ့ .ကျနော့် စိတ်ကူးအိပ်မက် တစ်ခုက တစ်နေ့ နေ့  မှာ  အခုလက်ရှိ လုပ်နေတဲ့ အလုပ်ကို  ''' ကြေးစားအဖြစ်''''လုံးဝ မလုပ်တော့ ဘူးလို့ ဆုံးဖြတ်ပြီးတဲ့  နေ့ မှာ.....
ပထမဆုံး ကျနော့် အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်လိုက်မှာက.
ပင်လယ်ပြာပြာ မိုးပြာပြာကြီးရဲ့ အောက် ညနေစောင်းဆည်ဆာလေးမှာ ပင်လယ်ပြင်ကြီးထဲ တအိအိ ဆင်းသွားတဲ့ နေလုံးကြီးကို နှုတ်ဆက်ရင်း.
.ရွှေခြည်နေခြည်သန်းနေတဲ့  ပင်လယ်ပြင်ကြီးဘက်ကနေ တရွေ့ ရွေ့ ကြွချီလာမယ့်  ညနတ်သမီး လအိစန္ဒာလေးကို စောင့် ကြိုရင်း  ......
လေနှင်ရာယိမ်း လေသိမ်းရာ နွဲ့ နေတတ်တဲ့ အုန်းပင်လေတွေ  ကျောက်ဆောင်ညိုတွေ အစီအရီနဲ့  .မွမွဖြူစင် နူးညံ့ အိညက်နေတဲ့ သဲဖြူလွလွလေးတွေရှိတဲ့ သောင်ကမ်းခြေမှာ ....
'' လေညှင်းကလေးရေ..ငါ့ ချစ်သူရှိရာ အရပ်ကို ငါ့ အလွမ်းတွေ သယ်သွားပေးပါလေ.''' .လို့ 
 ဟိုး အဝေးက ချစ်သူကို သတိတရ တမ်းတရင်း..
လက်ရှိ အလုပ်ကြောင့်  မသင့် တော်ဘူးလို့ ခံယူထားပြီး ၁၀စုနှစ်တွေမက လုံးဝ ရှောင်ထားတဲ့  ....
ကျနော် တတ်နိုင်တဲ့  အတိုင်းအတာ ငွေကြေးနဲ့ ပြည်ပဖြစ် အကောင်းစား နှစ်ချို့ ဝိုင် အရက် တစ်မျိုးမျိုးကို ပုံမှန် ပုလင်း တစ်ဝက်ကျိုးတဲ့ အထိ အကောင်းစား အမြည်းတွေနဲ့  ထိုင်သောက်ပစ်လိုက်မယ်ဆိုတဲ့  အိပ်မက်ပါပဲ...
------------------
.ဟီးးး...
''''ကိတ်စနချိပြီ ဆင်းလော့ ဆင်းလော့ ...'''
''''ကိတ်စနချိပြီ ဆင်းလော့ ဆင်းလော့ ...'''
----
အတော်များများဖတ်ဖူးမှာပါ..အော်ရီဂျင်နယ် ပြည်တွင်းဖြစ် ရိုးရာပုံပြင်လား...စိနိတိုင်းက လာတဲ့  ပုံပြင်ကို ဗမာမှု့ ကလုန်းလုပ်ထားတဲ့ ပုံပြင်လားတော့ မသိပါဘူး..စိနလေသံပါနေလို့ ဖတ်ရကာစက ပိုရယ်စရာ ဖြစ်သွားပါတယ်ဗျာ..မူလပုံပြင်လို အတိအကျ မဟုတ်ပေမယ့် ပုံပြင်ရဲ့ သဘောအသွားက ဒီလိုလေးပါ
သူ့ အမည်က ကိုတလုပ်ကြီးပေါ့ လေ စကားပြောရင် ၀ဲတယ်ပေါ့ ...သူက ငှက်ခတ်သမားပေါ့ ..လောဘတကြီးနဲ့  ၀ိတ်ကို မချိမဆန့် တင်တတ်တဲ့  ငှက်ခတ်သမားပါတဲ့  လေလုံးကတော့ 
ကောင်းကင်က မဆင်းပုံရပါတယ်...
တစ်နေတော့  တစ်ဖက်ကမ်းကို ပို့ ပေးဖို့  လူတင်တော့  လှေရဲ့ တင်နိုင်တဲ့ ဝိတ်ထက် ပိုများလာနေလို့ ခရီးသည်တစ်ချို့ က စိတ်ပူပြီး
'''' ဗျို့ ကိုတလုပ်ကြီး နင် လူတင်တာများနေပြီ  ဖြစ်ပါ့ မလားဗျ..လှေ ဘေးဘောင်တောင် ရေမြုတ်နေပြီ '''' လို့  လှမ်းသတိပေးလိုက်တော့ ကိုတလုပ်ကြီးက....
နဲ့ ဖြတ်ကူးဖို့ ထွက်လာပါရောတဲ့ 
တအိအိနဲ့ ခတ်လာရင်းက မြစ်လယ်နားလဲရောက်ရော....လူဝိတ်များနေတဲ့  လှေထဲ ရေ၀င်စပြုလာပုံက ပက်ထုတ်လို့ မနိုင် ပွေးညှက်နဲ့ ဖါထားတဲ့ နေရာတွေကပါ ပေါက်စပြုလာတော့ လှေကြမ်းခြေထဲ ရေဒလဟောဖြစ်လာသတဲ့ ..
အဲ့ မှာ သူ့ လှေဇာတ်ထုတ် သူလည်း မနိုင်တော့ ရော..ကိုတလုပ်ကြီး ထအော်ပုံက.
..''''ဟားးးး.ကိတ်စနချိပြီ  ဆင်းလော့ ဟေ့ ဆင်းလော့ .ဆင်းလော့  '''''လို့ အော်ပြီး မြစ်ထဲ သူအရင် ဒိုင်ဗင်ပစ်သွားပါရောတဲ့ ဗျား.....ခ်ခ်....
အခုရေကြီးနေလို့  ဆည်တွေကျိုးမှာ စိုးရိမ်နေတဲ့  သူတွေကို မပူပါနဲ့ ပြောတဲ့  ပိုစ်တွေဖတ်ရလို့ 
ဒီပုံပြင်ကို သတိရသွားတာ...
ကိုယ်စား အင်းကျီတွေ ဓါတ်ပုံတွေကို ဘယ်လို န၀င်းထိုင်ပေးသလဲပေါ့ ဗျာ..
ကိုယ်စား အင်းကျီတွေ ဓါတ်ပုံတွေကို ဘယ်လို န၀င်းထိုင်ပေးသလဲပေါ့ ဗျာ..
-------------------
အခုဟာကို ပြရတဲ့  အကြောင်းက  ကိုယ်စား န၀င်းရိုက်ပေးနေသူတွေကို ကိုယ့် ခြေမန်းကွင်းတွေနဲ့ ကိုယ် လက်တွေရှုတ် သရုပ်တွေပျက်မနေဖို့ နဲ့  မမြင်ဘူးသေးတဲ့  ဘော်ဒါတွေ လိုက်စမ်းလုပ်ကြည့် ချင်နေတဲ့ ဘော်ဒါတွေ အတွက်ပါ...
သက်ပျင်း.သက်ပြင်း..
သက်ပျင်း.သက်ပြင်း..
------------
သေလုလုဖြစ်ပြီး မျောနေတဲ့  ကိုယ့် အဖေ လူမမာ ရဲ့  သွေးပေါင်ချိန်ကို  တိုးတိုးလေး ကပ်မေးပြီး  ဆေးဖိုးလေးရလိုရငြား..၂ လုံးထီ ထိုးကြည့် ဖို့  အကြံပေးခံရတဲ့  သားကြီးသြရသ အဖြစ်လဲ ကြုံဖူးခဲ့ သလို အကြံလာပေးတဲ့ အမျိုးအရင်းကြီး ဦးလေးကိုလည်း...အံ့ တွေသြပြီး......ဟင်းးးး..လို့ သာ
သက်ပျင်းလာမသိ သက်ပြင်းလာမသိ တစ်ချက် ချခဲ့ ရဘူးတယ်...
သက်ပျင်းနဲ့ သက်ပြင်းတောင် မတူတတ်ဘူး စိတ်ကုန်စရာလူတွေကြားမှာ အသက်ရှည်ရတာ တစ်ခါတစ်ရံ  ပျင်းစရာကောင်းလိုက်တာလို့ ထင်လာတတ်သလို စိတ်တိုစရာတွေကြောင့်  စိတ်တွေတိုလာတဲ့ အခါ ဘ၀အမောတွေနဲ့ မွမ်းကျပါလာတဲ့ အခါ ပင့် သက်ကို ပြင်းပြင်းရှုသွင်းရင်း အားမာန် တင်းလိုက်ရတာမျိုးအခါတွေလည်းရှိတတ်သလို တစ်ချို့ ကမ္ဘာမြေကို ဒုက္ခပေးသူတွေဟာ ကြံဖန်ပြီး အသက်ပြင်းလှတာမျိုးတွေ  တွေ့ ရတဲ့ အခါ......
လောကရဲ့  ချွင်းချက်သဘော
လောကရဲ့  ချွင်းချက်သဘော
-----------
အွန်လိုင်းပေါ်က ပျံ့ နေတဲ့  ပိုစ်လေးဗျ...ကျနော့် ညာလက် အရ က C ပေါ့  သုံးသပ်ချက်က ကျနော့် အတွက်တော့  မှန်တယ်ပြောလို့ ရတယ်၊ ဒါပေမယ့်  A ကရော B က ဖီလင်မျိုးတွေပါ တစ်ချို့ တွေမှာ ရှိနေတတ်တယ်လို့ ထင်တယ် ပျော်ပျော်ပဲနေချင်သူဆို  C အုပ်စုဝင် ဆိုပေမယ့်  A က အချက်ပါရှိနေသူ ၊ တစ်ပွေတည်လုပ်ရတာမျိုး အလုပ်ထဲ စူးစိုက်နေတုန်း ဘေးကလာအာရုံနောက်ရင် ပေါက်ကွဲတတ်သူဆို  A တွေ C တွေက အုပ်စုဝင်တွေမှာပါ  B က စရိုက်ပါရှိနေသူ
မိုးရေထဲမှာ...
အခု ၂၉ရက် ၇ လပိုင်း ၂၀၁၅ ဗုဒ္ဓဟူးနေ့ မနက်ကြီး ၃ နာရီလောက်ပေါ့ 
ကျနော်တို့ ရန်ကုန်မြို့ လယ်မှာ မိုးက ဖွဲလိုက် သဲလိုက်နဲ့ ပေါ့  ကံကောင်းတာက ကျနော်တို့ ဘက်မှာ ရေသိပ်မတင်ဘူး  အဲ့ ဒါနဲ့  ဖိနပ်ချွတ်ပြီး ထီးတစ်ချောင်းဆောင်း လမ်းထွက်လျှောက်ကြည့် နေတာ...
.
.လမ်းတွေက လူခြေတိတ်လွန်းနေချက်က ရှင်းနေတာပဲ...
ကတ္တရာလမ်းမကြီးပေါ် ဖိနပ်မစီးပဲလမ်းလျှောက်နေရတာ လျှောက်လို့ ကောင်းတယ် မိုးလေအေးအေးနဲ့  မိုးရေက စိုစိစိနဲ့  တစ်မျိုးလေးပေါ့ ......
တစ်ခါတစ်လေ လူသံသူသံ မကြားရတာကလဲ ငြိမ်သက်ခြင်း...အရသာတစ်မျိုးပဲ.
ဒီလို ကိုယ်လိုချင်တဲ့ ဘ၀မျိုး...နေချင်သလိုနေ အိပ်ချင်အိပ် မအိပ်ချင်နေလို့ ရတဲ့  အနေအထားကို ဖန်တီးယူခဲ့ ရတာ  လွယ်တော့ မလွယ်လှဘူး...အချိန်တွေ အများကြီးပေးခဲ့ ရ စွန့် လွှတ်စရာရှိတာတွေ
စွန့် လွှတ်ခဲ့ ရတယ်...