'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 28, 2015
စိတ်ကူးအိပ်မက်
စိတ်ကူးအိပ်မက်
------------
'''ဘ၀အိပ်မက် ပန်းအိပ်မက်
စိတ်ကူး အိပ်မက်တွေ ကိုယ်စီ ကိုယ်စီနဲ့ 
ဘ၀ခရီး သွားနေကြတဲ့ သူတွေလိုပဲ
ကျနော့် မှာလဲ အိပ်မက်တစ်ချို့ ရှိနေတယ် ချစ်သူ.....''
အဲ့ ဒီ အိပ်မက် မှုံဝါးဝါးလေးတွေထဲက ထင်ရှားနေတဲ့ .
ကျနော့် အိပ်မက်တွေထဲက တစ်ခုကတော့ လေ...''
--------
ဘ၀ကိုယ်စီ အိပ်မက်ကိုယ်စီတွေနဲ့ တွေမှာ ကျနော်မှာတော့  စာဖွဲ့ ပြရလောက်အောင် ခန်းနားတဲ့  စိတ်ကူးအိပ်မက်တွေရယ်လို့  မယ်မယ်ရရ မရှိလှပေမယ့်  ရှိထားတဲ့ .ကျနော့် စိတ်ကူးအိပ်မက် တစ်ခုက တစ်နေ့ နေ့  မှာ အခုလက်ရှိ လုပ်နေတဲ့ အလုပ်ကို ''' ကြေးစားအဖြစ်''''လုံးဝ မလုပ်တော့ ဘူးလို့ ဆုံးဖြတ်ပြီးတဲ့  နေ့ မှာ.....
ပထမဆုံး ကျနော့် အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်လိုက်မှာက.
ပင်လယ်ပြာပြာ မိုးပြာပြာကြီးရဲ့ အောက် ညနေစောင်းဆည်ဆာလေးမှာ ပင်လယ်ပြင်ကြီးထဲ တအိအိ ဆင်းသွားတဲ့ နေလုံးကြီးကို နှုတ်ဆက်ရင်း.
.ရွှေခြည်နေခြည်သန်းနေတဲ့  ပင်လယ်ပြင်ကြီးဘက်ကနေ တရွေ့ ရွေ့ ကြွချီလာမယ့်  ညနတ်သမီး လအိစန္ဒာလေးကို စောင့် ကြိုရင်း ......
လေနှင်ရာယိမ်း လေသိမ်းရာ နွဲ့ နေတတ်တဲ့ အုန်းပင်လေတွေ ကျောက်ဆောင်ညိုတွေ အစီအရီနဲ့  .မွမွဖြူစင် နူးညံ့ အိညက်နေတဲ့ သဲဖြူလွလွလေးတွေရှိတဲ့ သောင်ကမ်းခြေမှာ ....
'' လေညှင်းကလေးရေ..ငါ့ ချစ်သူရှိရာ အရပ်ကို ငါ့ အလွမ်းတွေ သယ်သွားပေးပါလေ.''' .လို့ 
ဟိုး အဝေးက ချစ်သူကို သတိတရ တမ်းတရင်း..
လက်ရှိ အလုပ်ကြောင့်  မသင့် တော်ဘူးလို့ ခံယူထားပြီး ၁၀စုနှစ်တွေမက လုံးဝ ရှောင်ထားတဲ့  ....
ကျနော် တတ်နိုင်တဲ့  အတိုင်းအတာ ငွေကြေးနဲ့ ပြည်ပဖြစ် အကောင်းစား နှစ်ချို့ ဝိုင် အရက် တစ်မျိုးမျိုးကို ပုံမှန် ပုလင်း တစ်ဝက်ကျိုးတဲ့ အထိ အကောင်းစား အမြည်းတွေနဲ့  ထိုင်သောက်ပစ်လိုက်မယ်ဆိုတဲ့  အိပ်မက်ပါပဲ...
------------------
.ဟီးးး...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..