'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 28, 2015
လောကရဲ့  ချွင်းချက်သဘော
လောကရဲ့  ချွင်းချက်သဘော
-----------
အွန်လိုင်းပေါ်က ပျံ့ နေတဲ့  ပိုစ်လေးဗျ...ကျနော့် ညာလက် အရ က C ပေါ့  သုံးသပ်ချက်က ကျနော့် အတွက်တော့  မှန်တယ်ပြောလို့ ရတယ်၊ ဒါပေမယ့်  A ကရော B က ဖီလင်မျိုးတွေပါ တစ်ချို့ တွေမှာ ရှိနေတတ်တယ်လို့ ထင်တယ် ပျော်ပျော်ပဲနေချင်သူဆို C အုပ်စုဝင် ဆိုပေမယ့်  A က အချက်ပါရှိနေသူ ၊ တစ်ပွေတည်လုပ်ရတာမျိုး အလုပ်ထဲ စူးစိုက်နေတုန်း ဘေးကလာအာရုံနောက်ရင် ပေါက်ကွဲတတ်သူဆို A တွေ C တွေက အုပ်စုဝင်တွေမှာပါ B က စရိုက်ပါရှိနေသူ
နောက်တစ်ဆက်တည်း အတွေး ဆက်ဝင်တာက မွေးရာပါသဘောအရ အဲ့  လက်ဖ၀ါး နှစ်ဖက်စလုံး ပါမလာတဲ့ သူတွေ အတွက် ဒီပိုစ်က အသုံးမတည့်  (၀ါ) လက်ဖ၀ါးတွေကြည့် ပြီးဖြစ်လာတဲ့  ဒီသုံးသပ်ချက်က အကျုံးမ၀င်တော့ ...သဘောပေါ့ ...ဒါကို ချွင်းချက်သဘောလို့ ဆိုလိုတာပါ...လောကသဘောမှာ အချို့ ကိစ္စတွေဟာ ချွင်းချက်တွေ အကန့် အသတ်တွေ ရှိနေတယ်ဆိုတဲ့  သဘော...ဒီသဘောက ဘာကိုတွေးလို့ ရလဲဆိုရင် လက်ဖ၀ါးပြင် ၂ဖက်စလုံးမပါလို့  ABC
သုံးအုပ်စုဝင်မဟုတ်တော့ ဘူးဆိုတာနဲ့  မပျော်တတ်ဘူး ငြိမ်းချမ်းရေးမလိုချင်ဘူး စသဖြင့် ဘာဘာညာညာတွေ သတ်မှတ်လို့ မရပါဘူးပေါ့ ဗျာ...
နောက်တစ်ခါ အများစုက ဒီပိုစ်လေးကို မြင်လို့  စိတ်ဝင်စားသွားရင် သူ ပထမဆုံးလုပ်မှာက သူ့ ညာလက်ကိုထောင်ကြည့် ပါလိမ့် မယ် ပြီးရင် ပုံနဲ့ တိုက်ကြည့် ပါလိမ့် မယ် ပြီးရင် A B C အုပ်စု သုံးစု ဘယ်အစုထဲ ပါလဲလို့ ကြည့် ပါလိမ့် မယ် ပြီးရင် သုံးသပ်ချက်ကို အသေအခြာဖတ်ကြည့် ပါလိမ့် မယ်..ပြီးရင်..တစ်ချို့ က ကိုယ့်  အုပ်စု မဟုတ်တဲ့  နောက် အုပ်စု ၂ စုကို ဖြန်းဖတ်ကြည့် သူ သေသေခြာခြာဖတ်ကြည့် သူ မဖတ်တော့ ပဲ ကိုယ့် လက်ကိုသုံးသပ်ထားတာ မှန်တယ် မမှန်ဘူးလို့  ပြန်သုံးသပ်ပြီး ပြီးပြီးရော ထားခဲ့ သူ ဆိုပြီး ပုံစံတွေ ကွဲကုန်ပါလိမ့် မယ် လို့  တွေးပြီး မြင်ယောင်ကြည့် လို့ ရနိုင်ပါတယ်....လုံးဝ တို့ တောင်မကြည့် တဲ့ သူတွေလည်း ရှိပါလိမ့် မယ်ပေါ့ ဗျာ...
သင့်လက်က ပြောတဲ့ သင့်အကြောင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုယ့်ရဲ့ လက်ကလေးကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးဖြစ်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ..
(A)လက်သည်းကြွယ်ကလက်ညှိုးထက်ရှည်လျှင်၊သင်ဟာ ပျော်ပျော်နေတတ်ပြီးလူချစ်လူခင်ပေါများသောသူ
-အမြဲတမ်းသင့်ရဲ့ပတ်ဝန်းကျင်မှာသူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်းများရှိပြီးလူချစ်လူခင်ပေါများပါလိမ့်မယ်။
-ဒါပေမဲ့တခါတလေအရိပ်အခြေကိုမကြည့်တတ်လို့အဆူခံရတတ်ပင်မဲ့လည်းသင်ကတော့ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့မဟုတ်ပါ။
-ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။
(B)လက်ခလယ်ပြီးလျှင်ဒုတိယအရှည်ဆုံးကလက်ညှိုးဖြစ်သောသူဟာ၊အမြဲတမ်းယုံကြည်မှုအပြည့်ရှိပြီးလူအများ၏အားကိုးလေးစားခြင်းကိုခံရသူ
-အမြဲတမ်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီးဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလိုအားလုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူ
-အများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။
-အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
- သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
- လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။
(C)လက်သည်းကြွယ်နဲ့လက်ညှိုးကအရွယ်တူနေလျှင်၊ပြသာနာကိုမေ့ထားပြီးငြိမ်းချမ်ရေးကိုအလေးထားသူ
- လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
- တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။
-ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..