ကိုယ်စား အင်းကျီတွေ ဓါတ်ပုံတွေကို ဘယ်လို န၀င်းထိုင်ပေးသလဲပေါ့ ဗျာ..
-------------------
အခုဟာကို ပြရတဲ့  အကြောင်းက ကိုယ်စား န၀င်းရိုက်ပေးနေသူတွေကို ကိုယ့် ခြေမန်းကွင်းတွေနဲ့ ကိုယ် လက်တွေရှုတ် သရုပ်တွေပျက်မနေဖို့ နဲ့  မမြင်ဘူးသေးတဲ့  ဘော်ဒါတွေ လိုက်စမ်းလုပ်ကြည့် ချင်နေတဲ့ ဘော်ဒါတွေ အတွက်ပါ...
ဒါက ဆေးရုံတက်နေတဲ့  ၄ကြွင်း အင်္ဂါသားကို သူ့ အင်းကျီနဲ့  ဓါတ်ပုံမိတ္တူနဲ့  လူ လို သဘောထားပြီး န၀င်းထိုင်ပေးနေတာပါ.... လူလိုပဲ အင်းကျီအောက်မှာ နင်းကြမ်းအရွက် ခိုက် အမြစ်အရွက် တြိစတုအရွက် သီဟို + ပျဉ်းမ+ ကံ့ ကော် သုံးမျိုးခင်းထားပါတယ်....
ပြီးတဲ အခါ မြေန်းကွင်း သုံးကွင်းကို ပုံထဲက စတိုင်အတိုင်း သုံးကွင်းစလုံးထပ်ပြီး ကန့် လန့် တင်တယ် ကော်လံနားက လူ့  ဂုတ်ပေါ့ ၊ ရင်ဘတ်ပေါ်က ကြိုးက ပုဝါစုံချထားသလိုပေါ့ ....အင်းကျီခေါင်းရင်မှာ ဆောင်ပန်းအရွက် အုံး လက် ရွက်လှရွက်နဲ့  မတွန့် စေရ ခရေရွက် တင်ထားပါတယ်..
.(လူထိုင်နေသလိုပါပဲ)
အင်္ဂါသားရဲ့  မွေးနံကိုယ်စား ( ဇော်စိမ်း ) ရိုးလေးဟာ အင်းကျီရဲ့  ခြေရင်းမှာထားပါတယ်...( လူကို ခြေဆင်းရိုက်ရိုက် မတ်တတ်ရပ်ရိုက်ရိုက် မွေးနံ ကိုယ်စားဟာ လူ့ ရဲ့ ခြေဖျားရှေ့ မှာပဲ ရှိနေတဲ့ သဘောပါ)..
..ဒီတော့  ဆောင်းပန်း အညွန့်  အုံးတွေ ခရေတွေနဲ့  အင်းကျီရဲ့ ကော်လံတွေ လည်ပင်းပေါက်နေရာကနေ အောက်ကို သပ်ချရိုက်လိုက်ရပါတယ်...
ဒီတော့  ပညာသဘောအရ ဓါတ်အညံ့  ကံအညံ့ တွေက အင်းကျီအောက်ဖက်က ဇော်စိမ်းရိုးထဲ တန်းရောက်သွားတဲ့ သဘောပေါ့ ...ရင်ဘတ်ပေါ်က ရွက်လှ ၂ ရွက် ဘယ်ညာက လက်ကိုင် အညွန့် သဘောပါ...( ကိုယ်စားရိုက်တိုင်း အဲ့  အင်းကျီရင်ဘတ် ဘယ်ညာ ပေါ်က အရွက် ၂ရွက်ကို အရင်စရိုက်ပါတယ်..)
အားလုံးရိုက်ပြီးသွားရင် ( ရင်ဘတ်နေရာ ပေါ်က ခြေမန်းကွင်း )(( သုံးကွင်းစလုံးကို အကုန်မယူပြီး )))၀အင်းကျီအောက်ပိုင်း ခေါက်ချိုးနေရာလွတ်အောင် ဆွဲယူ ချထားလိုက်ပါတယ်...ဒီအခါ စားပွဲပေါ်က အင်းကျီဟာ ခြေမ်းကွင်းသုံးကွင်း စက်ဝိုင်းရဲ့ အလယ်မှာ လွတ်လွတ်ကျွတ်ကျွတ် ကျန်ခဲ့ ပါလိမ့် မယ်
( လူကို မတ်တတ်ရပ်စပြီး ဘော်ဒီအောက်ခြေရင်း ကြမ်းပြင်ပေါ်အထိ ခြေမန်းကွင်းတွေ ချွတ်ချလိုက်တဲ့ သဘောပေါ့ )...
ပြီးရင် အဲ့ ခြေမန်းကွင်းအလယ်က အင်းကျီကို မ ပြီး လွတ်ရာကို ထုတ်လိုက်ရင် ခြေမန်းကွင်း အလယ်မှာ နင်းကြမ်း အရွက်တွ အပုံလိုက်ကျန်ခဲ့ ပါလိမ့် မယ်...အဲ့ တော့ မှ ခြေမန်းကွင်းကို တစ်ကွင်းစီ ရှင်းယူပြီး ဆောင်ပန်း+နင်းကြမ်း+ ဘာညာဆိုပြီး အရွက်တွေကတို ချီတုတ်လိုက်ရင် ကိစ္စပြီးပါတယ်..
.အင်းကျီတို့ ဓါတ်ပုံတို့ ကို န၀င်းထိုင်ပေးချိန်ဟာ လူမှာ ထိုင်ချိန်အတိုင်းပါပဲ အချိန်အနဲအများ ကိုယ့် သဘောပါပဲဗျာ.... ( သုံးကွင်းသုံးသုံး ငါးကွင်းသုံးသုံး ခြေမန်းကွင်းကို ဒီလိုပဲ ထပ်ပြီး စွပ်ထားတာပါပဲ.).
လုပ်ငန်းစဉ် အားလုံးကို ကိုယ့် ရှေ့ မှာ လူကိုယ်တိုင် န၀င်းလာထိုင်နေသလို ခံစားတွေးတောပြီ လုပ်သွားတာပါပဲဗျာ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..