အခု ၂၉ရက် ၇ လပိုင်း ၂၀၁၅ ဗုဒ္ဓဟူးနေ့ မနက်ကြီး ၃ နာရီလောက်ပေါ့ 
ကျနော်တို့ ရန်ကုန်မြို့ လယ်မှာ မိုးက ဖွဲလိုက် သဲလိုက်နဲ့ ပေါ့  ကံကောင်းတာက ကျနော်တို့ ဘက်မှာ ရေသိပ်မတင်ဘူး အဲ့ ဒါနဲ့  ဖိနပ်ချွတ်ပြီး ထီးတစ်ချောင်းဆောင်း လမ်းထွက်လျှောက်ကြည့် နေတာ...
.
.လမ်းတွေက လူခြေတိတ်လွန်းနေချက်က ရှင်းနေတာပဲ...
ကတ္တရာလမ်းမကြီးပေါ် ဖိနပ်မစီးပဲလမ်းလျှောက်နေရတာ လျှောက်လို့ ကောင်းတယ် မိုးလေအေးအေးနဲ့  မိုးရေက စိုစိစိနဲ့  တစ်မျိုးလေးပေါ့ ......
တစ်ခါတစ်လေ လူသံသူသံ မကြားရတာကလဲ ငြိမ်သက်ခြင်း...အရသာတစ်မျိုးပဲ.
ဒီလို ကိုယ်လိုချင်တဲ့ ဘ၀မျိုး...နေချင်သလိုနေ အိပ်ချင်အိပ် မအိပ်ချင်နေလို့ ရတဲ့  အနေအထားကို ဖန်တီးယူခဲ့ ရတာ လွယ်တော့ မလွယ်လှဘူး...အချိန်တွေ အများကြီးပေးခဲ့ ရ စွန့် လွှတ်စရာရှိတာတွေ
စွန့် လွှတ်ခဲ့ ရတယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..