'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, October 11, 2016
'' တိမ်တွေနေတဲ့ အရပ်...'' ( ကျိုက်ထီးရိုးအကြောင်း)
'' တိမ်တွေနေတဲ့ အရပ်...''
--
ခရီးတစ်ခေါက်ထွက်ပြီး ရေးစရာကုန်ကြမ်းတွေက ပြန်တွေးလိုက်ရင် ကုန်ကိုမကုန်နိုင်ဘူးလိုဖြစ်နေပြီ..ဟိုနေ့ က သတင်းထဲမှာ ကျိုက်ထီးရိုးမှာ ကောင်းကင် ကေဘယ်ကြိုးဆင်နေတာ အတော်ပြီးနေပြီလို့ ဆိုတယ်
ရသေ့ တောင်ကနေ စ ဆင်နေတာလို့ လည်းပါတယ် သတင်းအရဆို ရသေ့ တောင်အထိ ကား
အဲ့ ကနေလမ်းလျှောက်မတက်ချင်ရင် ကောင်းကင်ကေဘယ်ကြိုးဓါတ်ရထားလုံးလေးနဲ့ တက်ပေါ့ လေ..
ဒီလိုဆိုတော့  လူပိုသက်သာသွားတာပေါ့ လေ..အဲ့  ကေဘယ်လ်ကြိုး ဆင်ပြီးလို့ ဖွင့် ရင် အဲ့ ဒါလေး သွားစီးဦးမှပဲလို့ တောင် တွေးမိလိုက်သေးတယ် တောတွေတောင်တွေကို အပေါ်စီးမြင်ကွင်းကျယ်ကနေ တောင်ကြည့် မြောက်ကြည့် ပေါ့ လေ..
အရင်က အိမ်မိဘ အလုပ်သဘောအရ မြန်မာပြည် အလယ်ပိုင်း ခရီးတွေ အများကြီး ထွက်ခဲ့ ရတုန်းကတည်းက မြန်မာပြည်အလယ်ပိုင်းက တန်ခိုးကြီးဘုရား အတော်များများရောက်ဖူးခဲ့ တယ်
ပုဂံ ရွှေစက်တော် ပုပ္ပားဆို တောင်ကလပ်ရော တောင်မကြီးပေါ်ရော မန္တလေးရောက်တိုင်း ဘုရားစုံ လည်ဖူးတာ မန္တလေးတောင်တော် တောင်သမန် အင်းဝ စစ်ကိုင်း မင်းကွန်း မေမြို့  မိုးကုတ် ပင်းတယ
အင်းလေး ဖိုးဝင်းတောင် အတော့် ကို များတယ် မကွေးမြသလွန် မင်းဘူးစက္ကတဲ နဂါးပွက်တောင် ကျောင်းတော်ရာ ပြည်ရွှေဆံတော်တို့  မင်းကြီးတောင် ရွှေနတ်တောင်တို့ ဆို ဆွေဘုရားမျိုးဘုရားတွေလိုတောင်ဖြစ်ခဲ့ တာမျိုးပဲ.
.ကြိုကြားလစ်တာက ကျနော်တို့ က တညင်လို့ ခေါ်တဲ့ သံလျင်ရေလယ်ဘုရား ကျိုက်ခေါက်ဘုရားပွဲတော် နဲ့  ပဲခူးဘုရားစုံပေါ့  ပဲခူးဆို ကျနော်တို့ က ကိုသိန်း နဲ့ ကိုသန်း ဘုရားလို့ နောက်ခေါ်တဲ့  ကိုးသိန်းကိုးသန်းဘုရားတောင် မကျန်ဘူး အဲ့ ဘုရားနားက ချောင်းသေးလေးရေ ဆင်းချိုးတာလည်းပါသေး နောက် မဟာစေတီ ဖက်ပါသွားလိုက်ကြသေးပေါ့  အောက်ဖက်ဆို ပုသိန်နယ် ရေကြည်ရေနောက် မော်တင်စွန်း ကျိုက်ထီးရိုး မြသပိတ်တောင် သာမည တွေပေါ့ လေ.. အဲ့ မှာ ဘုရားတွေမှာ ဗေဒင်သယ်တွေ့ လည်း လမ်းကြုံဆိုပြီး ၀င်ဝင်မေးကြ ကျောက်တုံးတွေ့ ဝင်မကြပေါ့ လေ....
တစ်ခါတုန်းက ကျိုက်ထီးရိုးတစ်ခွင်...
တစ်ခါတုန်းက ကျိုက်ထီးရိုးတစ်ခွင်...
----
ကျိုက်ထီးရိုးကို ကားနဲ့ တက်တဲ့ အခါ ပြန်ဆင်းရလွယ်တဲ့ အခါ နေ့ ချင်းပြန်သွားလို့ ရလာတဲ့  အခါ မှာတော့  သက်ကြီးရွယ်အိုတွေ ဒူးမကောင်းသူ အမောမခံနိုင်သူ အချိန်မရသူတွေအတွက် တစ်ဖက်က သိပ်အဆင်ပြေသွားတဲ့ သဘောရှိပေမယ့်  တစ်ခြား တစ်ဖက်ကနေ ပြန်ပေးလိုက်ရတာက တောင်စဉ် ၃၃ လုံးကိုကျော်ဖြတ်ရတဲ့  ၇မိုင်လောက် ခရီးကို ခြေလျက် တက်ရတဲ့ အခါ လမ်းတစ်လျှောက် တွေ့ ကြုံရတဲ့  တောတောင်ရေမြေ သဘာဝအလှ ရှု့ ခင်းခံစားမှု့  အရသာတွေ ရေမြောင်ကြီးရေတံခွန်တွေ အရသာသဘောတွေကို မကြုံဘူးကြရတော့ ဘူး တစ်နည်းအားဖြင့်  ကျိုက်ထီးရိုးတောင်တက်ရတဲ့ အရသာသဘောစစ်စစ်ကို မကြုံကြရတော့ဘူးပေါ့ လေ....နေ့ ချင်းပြန်ဆိုလို့ ကတော့  ဆံတော်ရှင်ကို ဖူးပြန်ယုံလောက် နဲ့ တင် ရောက်ပြန်ကြီးသဘောလောက်ပေါ့ ...
တကယ်ဆို ကျိုက်ထီးရိုးဒေသ တစ်ခွင် ပြဲပြဲစင် လည်ပတ်ရောက်ဖူးသွားဖို့ ဆိုတာ နေ့ ချင်းပြန်မဆိုထားနဲ့  တစ်ည အိပ်လောက် နှစ်ညအိပ်လောက် နဲ့ တောင် နေရာမနှံ့ ချင်ပါဘူး...သွားကြည့် ချင်စရာ နေရာတွေ ထူးဆန်းတဲ့ နေရာတွေက တောင်တော်ပတ်လည်မှာ အများကြီးရှိနေသေးတယ်လေ...
ကျနော် တစ်ခါကတော့  သူငယ်ချင်းတွေစုမိပြီး ကျိုက်က်ထီးရိုးတက်ခဲ့ တာမှာ လမ်းသိလို့ မဟုတ်ခဲ့ ပဲ ပါးစပ်ဆော့ မေးစမ်း စပ်စုကြည့် ရာက ကျိုက်ထီးရိုးတစ်ခွင် အတော်နှံ့ အောင် ရောက်ခဲ့ ဖူးတယ် ။ အဲ့ အခေါက်က တောင်ခြေ ကင်ပွန်းစခန်းကနေ မနက် ၁၀နာရီလောက်ကနေ
တောင်ပေါ်စတက်တော့ အေးအေးလူလူ တက်သွားတာ တောင်ပေါ်ကို ညနေစောင်းနေ၀င်ခါနီးမှာ ရောက်သွားပါတယ် ၊ လမ်းမှာရေမြောင်ကြီးစခန်းမှာ ရေတွေဘာတွေချိုး အကြော်တွေစားခဲ့ လိုက်သေးပေါ့ ၊ တောင်ပေါ်မှာထမင်းဆိုင်မှာ ညဖက် ထမင်းစား အခန်းယူ ညဖက်ရင်ပြင်တော်ပေါ်တက်ဘုရားဖူး ပုတီးစိတ်ပေါ့ လေ...
ကျုက်ထီးရိုး (၁) (၂) (၃)
ကျုက်ထီးရိုး (၁)
===============
ခုတစ်ခေါက် ကျိုက်ထီးရိုးရောက်တော့ ကြားရက်ဖြစ်နေတာရယ် မိုးရွာနေတာရယ် သီတင်းကျွတ်လပြည့် က လိုသေးတာရယ်ကြောင့်  လူတော်တော်ပါးနေတဲ့ သဘောရှိပါတယ် ၊ တက်ခဲ့ သမျှ အခေါက်တွေထဲမှာ ဒီတစ်ခေါက်က လူ အရှင်းဆုံး အခေါက်လိုဖြစ်နေလို့  ပတ်ဝန်းကျင်တစ်ခုလုံးဟာ ရှင်းလင်းနေသလိုဖြစ်နေလို့ မျက်စိမနောက်လှပဲ အတော့် ကို စိတ်လွတ်လပ်မှု့ ကို ရခဲ့ တဲ့ အခေါက်ပေါ့ ဗျာ..မိုးမြူငွေ့ တွေက ကိုယ့် အနားတင် လာပတ်နေသလိုဖြစ်နေလို့ အဲ့ မိုးတိမ်မြူတွေကို ရှုရတာလည်း တစ်မျိုးလေး ခံစားမှု့ တွေရပါတယ် ၊ ကား နောက်ဆုံးရပ်ပေးတဲ့ နေရာကနေ ကြိုဆိုပါ၏ ဆိုတဲ့ မုဒ်ဦးအ၀အထိ ဈေးသည်က အလွန်ပါး၊ အရင်တွေ့ နေကျ အလှုခံတွေ မရှိ အော်လံသံမကြားရသလို ရင်ပြင်တော်ပေါ်မှာလည်း သီတင်းကျွတ်လပြည့် နေ့ အတွက် ပြင်ဆင်နေတုန်း မို့  လူ့ ကိုရှင်းလို့ ပေါ့ ..အများဆုံးတွေ့ ခဲ့ ရတာ ပြည်တွင်းဘုရားဖူးတွေထက်
တိုး အုပ်စုလေးတွေ နဲနဲပါးပါးလောက်ပါပဲ...
ဒီတော့ ဆံတော်ရှင်ကျောက်တုံးတော်ကြီးကို အရင်တုန်းကလိုပဲ ရွှေဆိုင်းကပ်လှုပူဇော်တော့  ကိုယ့် နဲ့ တစ်ခြားတစ်ယောက်ပဲ ရှိနေတဲ့  အားလုံးပေါင်းမှ ၂ ယောက်ထဲ ရှိနေတဲ့  အချိန်ဖြစ်နေပါရောဗျာ...မိုးလေအေးအေးတွေက တဟူးဟူးနဲ့ လူကို လွင့် မတတ်တိုက်နေလို့  ခြေကို အတော် ကုပ်ထားရတဲ့ အနေအထားပေါ့ ...အရင်တုန်းက အဲ့ ကျောက်တုံးတော်ကြီးကို ရွှေဆိုင်းကပ်လှုချိန်တွေမှာ
အဲ့ ကျောက်တုံးကြီးနားမှာ လူက အနဲဆုံး ၁၀ယောက်လောက် ကျပ်ကျပ်သပ်သပ်တိုးဝှေ့ ကပ်ခဲ့ ရတော့  ဘယ်ဖက်ကို လျှောဆင်းသွားတဲ့  စောက်က ဘယ်လောက်စောင်းနေလဲ သတိမထားမိသလို ကိုယ့် ဘယ်ဖက်မှာလည်း လူတွေ ရှိနေသေးလို့  ဟိုဘက်ဖက်စောက်ကို အသေအခြာ လှမ်းမကြည့် မိပဲ ကိုယ့် လက်ထဲက ရွှေဆိုင်းလေးသာ လေထဲလွင့် မပါသွားအောင် ဂရုတစိုက် ကြိုးဖြည်ကပ်ခဲ့  ပြီးရင် မတ်တတ်ရပ်ကန်တော့  ပြန်ခဲ့ ပေါ့ ..
Subscribe to:
Posts (Atom)