Powered By Blogger
Tuesday, October 11, 2016
တစ်ခါတုန်းက ကျိုက်ထီးရိုးတစ်ခွင်...
တစ်ခါတုန်းက ကျိုက်ထီးရိုးတစ်ခွင်...
----
ကျိုက်ထီးရိုးကို ကားနဲ့ တက်တဲ့ အခါ ပြန်ဆင်းရလွယ်တဲ့ အခါ နေ့ ချင်းပြန်သွားလို့ ရလာတဲ့  အခါ မှာတော့   သက်ကြီးရွယ်အိုတွေ ဒူးမကောင်းသူ အမောမခံနိုင်သူ အချိန်မရသူတွေအတွက် တစ်ဖက်က သိပ်အဆင်ပြေသွားတဲ့ သဘောရှိပေမယ့်   တစ်ခြား တစ်ဖက်ကနေ ပြန်ပေးလိုက်ရတာက  တောင်စဉ် ၃၃ လုံးကိုကျော်ဖြတ်ရတဲ့  ၇မိုင်လောက် ခရီးကို ခြေလျက် တက်ရတဲ့ အခါ လမ်းတစ်လျှောက် တွေ့ ကြုံရတဲ့   တောတောင်ရေမြေ သဘာဝအလှ ရှု့ ခင်းခံစားမှု့  အရသာတွေ  ရေမြောင်ကြီးရေတံခွန်တွေ အရသာသဘောတွေကို မကြုံဘူးကြရတော့ ဘူး  တစ်နည်းအားဖြင့်  ကျိုက်ထီးရိုးတောင်တက်ရတဲ့ အရသာသဘောစစ်စစ်ကို မကြုံကြရတော့ဘူးပေါ့ လေ....နေ့ ချင်းပြန်ဆိုလို့ ကတော့  ဆံတော်ရှင်ကို ဖူးပြန်ယုံလောက် နဲ့ တင် ရောက်ပြန်ကြီးသဘောလောက်ပေါ့ ...
တကယ်ဆို ကျိုက်ထီးရိုးဒေသ တစ်ခွင် ပြဲပြဲစင် လည်ပတ်ရောက်ဖူးသွားဖို့ ဆိုတာ နေ့ ချင်းပြန်မဆိုထားနဲ့  တစ်ည အိပ်လောက် နှစ်ညအိပ်လောက် နဲ့ တောင် နေရာမနှံ့ ချင်ပါဘူး...သွားကြည့် ချင်စရာ နေရာတွေ ထူးဆန်းတဲ့ နေရာတွေက တောင်တော်ပတ်လည်မှာ အများကြီးရှိနေသေးတယ်လေ...
ကျနော် တစ်ခါကတော့  သူငယ်ချင်းတွေစုမိပြီး ကျိုက်က်ထီးရိုးတက်ခဲ့ တာမှာ လမ်းသိလို့ မဟုတ်ခဲ့ ပဲ ပါးစပ်ဆော့ မေးစမ်း စပ်စုကြည့် ရာက ကျိုက်ထီးရိုးတစ်ခွင် အတော်နှံ့ အောင် ရောက်ခဲ့ ဖူးတယ် ။ အဲ့ အခေါက်က တောင်ခြေ ကင်ပွန်းစခန်းကနေ မနက် ၁၀နာရီလောက်ကနေ
 တောင်ပေါ်စတက်တော့ အေးအေးလူလူ တက်သွားတာ တောင်ပေါ်ကို ညနေစောင်းနေ၀င်ခါနီးမှာ ရောက်သွားပါတယ် ၊ လမ်းမှာရေမြောင်ကြီးစခန်းမှာ ရေတွေဘာတွေချိုး အကြော်တွေစားခဲ့ လိုက်သေးပေါ့ ၊ တောင်ပေါ်မှာထမင်းဆိုင်မှာ ညဖက် ထမင်းစား အခန်းယူ ညဖက်ရင်ပြင်တော်ပေါ်တက်ဘုရားဖူး ပုတီးစိတ်ပေါ့ လေ...
အေးလွန်းလို့  အတော်နဲ့ မအိပ်နိုင်သလို ကျိုက်ထီးရိုး နဲ့  ဈေးဆိုင်တန်းတွေ တည်းခိုးခန်းတွေ ဟာ နေ့ တဓူဝကြုံနေရတဲ့ လောဘဒေါသတွေနဲ့ ဖုံးလွှမ်းနေတဲ့  လူမှု့ လောက အပြင်ဖက်ရောက်နေသလို ည အိပ်ပစ်လိုက်ရမှာကိုတောင် နှမျှောစရာကောင်းနေတဲ့  တစ်ညလုံးလိုလို  အသွားအလာ လူသိပ်မပြတ်လှတဲ့ သိပ်ကို လူစည်ကားနေတဲ့  ညမျိုးတွေပါ..၊ ဒါနဲ့  အေးအေးနဲ့ စောင်ခြုံကွေးရင်း မနက် နိုးတော့ ရင်ပြင်တော်ပေါ်တက် ကောင်ညှင်းပေါင်း ဆီထမင်းစား ထမင်ေးကြာ်တွေစားပြီး..ရသေ့ တောင်တက်ကြတယ်ပေါ့ လေ..အဲ့ အချိန် မနက် ၈ နာရီလောက်ရှိပါပြီ...
ကားနားစခန်းနောက်က ရသေ့ တောင်အတက်ကလည်း အတော်မတ်ပါတယ်..ဒါနဲ့  ရသေ့ တောင်ပေါ်ရောက်တော့  အဲ့ ရသေ့ တောင်ကနေ ဆံတော်ရှင် ရှိရာတောင်တော်ကိုပြန်ကြည့် ရတဲ့ မြင်ကွင်းကလည်း အတော်လှတဲ့ မြင်ကွင်းပါပဲ..၊ ရသေ့ တောင်မှာလည်း စေတီလေးတွေရှိပေါ့ ၊ အဲ့ မှာ တောင်ပေါ်ပတ်ရင်းကနေ  စွန်တောင်သို့ ဆိုတာလေး နဲ့ လမ်းကလေးတွေ့ လိုက်ရလို့  စပ်စုလိုက်တော့ အဲ့ ကလူတွေက
ဘုရားရှိတယ်သွားလို့ ရတယ်ဆိုလို့ ဆက်သွားကြတော့ တာပေါ့ ဗျာ...အဲ့ အချိန် မနက် ၉ နာရီတော်တော်လေးစွန်းလာပါပြီ..၊ အဲ့  ခရီးစဉ်လေးဟာ တောင်ထိပ်တွေကချည်းလိုလို သွားရသလိုဖြစ်နေပြီး ကျနော်တို့ လျှောက်နေတဲ့  တောင်ကြောဟာ ကျိုက်ထီးရိုးဘုရားရှိတဲ့ တောင်ကြောကြီးနဲ့ ဘေးချင်းယှဉ်နေတဲ့ တောင်ကြောကြီး ဖြစ်နေတာ နောက်တော့မှသိလာရတော့ တာပေါ့ ဗျာ. လျှောက်ရတာ လေအေးအေး
နဲ့  ကောင်းကင်မှာလျှောက်နေရသလိုမျိုးနဲ့ တူပြီး အတော်သာယာတဲ့ အနေအထားလေးပေါ့  ဘော်ဒါတွေချည်း နဲ့ အဖွဲ့ တောင့် တော့ ပျော်စရာလည်းကောင်းပေါ့ 
အဲ့ ကနေ စွန်တောင်ရောာက်ပြန်တော့  စေတီလေးတွေနဲ့  အဲ့ နယ်ခံလူနဲနဲလေးတွေ့ ပြီး အချိန် က ၁၀နာရီစွန်းနေပါပြီထမင်းစားချိန်နားကပ်နေပြီပေါ့ ထမင်းကြော်တွေကောက်ညှင်းပေါင်းတွေတန်ခိုးနဲ့ ဗိုက်မဆာသေးလို့  ရှေ့ မှာ သွားစရာရှိသေးလားလို့ စပ်စုလိုက်တော့  အတွင်းမြစိမ်း အပြင်မြစိမ်းဆိုတာ ရှိသေးတယ်လို့ ဆိုပါတယ်...ဒါနဲ့  မထူးဘူး ရောက်တုန်းသွားကြည့် ရအောင်ဆိုပြီး ဆက်သွားလိုက်တာ
ဒီတစ်ခါတော့ အတော့် ကို ဝေးဝေးသွားလိုက်ရပြီး  လူသွားလူလာကို မရှိတော့လို့  စိတ်ခြောက်ခြားစရာတောင်ကောင်းလာပါတယ်..ဗိုက်ကဆာလာလို့  ပါလာတဲ့ လိမ္မော်သီးလေးတွေမြုံ့ ရင်း ဇွတ်ဆက်လျှောက်တော့မှ အတွင်းမြစိမ်းကိုကျော် အပြင်မြစိမ်းကို ရောက်ပါတော့တယ် ၊ အပြင်မြစိမ်းမှာတော့  စေတီလေးနဲ့ တရားထိုင်ဂူလေးတွေ ဘုန်းကြီးကျောင်းတစ်ချို့ ပါတွေ့ ခဲ့ ရပြီး ကျောင်ထဲဝင်မေးစမ်းကြည့် တော့  ရှေ့ ဆက်သွားရင်
တောင်ခြေပြန်ရောက်ပြီး ကင်းပွန်းစခန်းရွာကြီးကို ဖြတ်လိုက်ရင် ကင်ပွန်းစခန်းကို ပြန်ရောက်မယ်လို့ ဆိုပါတယ်...
နာရီက နေ့  ၁၂ နာရီစွန်းနေတာနဲ့  နောက်ကြောင်းပြန်လှည့် လည်း မိုးချုပ်လိမ့် မယ်လို့ ဘော်ဒါတွေ တိုင်ပင်ကြပြီး  အဲ့ က ဘုန်ကြီးကျောင်းက ငှက်ပျောသီးတွေတောင်းစားရင် ဆက်လျှောက်ကြတော့ တာပေါ့ လေ... လျိုကြီးထဲ ပြန်ဆင်းရတဲ့ လမ်းဖြစ်နေပြီး လမ်းမှာ ရေတံခွန်အကြီးစားကြီးတစ်ခုတွေ့ လို့  မထူးဘူးဆိုပြီး ရေဆင်းကူးလိုက်ကြပါသေးတယ်...ပြီးမှ ဆက်လျှောက်ကြတော့  ကျောင်းက လမ်းညွှန်လိုက်တဲ့ အတိုင်း ရွာကိုဖြတ်ကင်ပွန်းစခန်းကိုပြန်ရောက်သွားပါရောဗျာ...အဲ့ အချိန် ၃နာရီစွန်းနေခဲ့ ပါပြီ...အဲ့ မှာ ကင်ပွန်းစခန်းက ကျနော်တို့ ရောက်စ နားခဲ့ တဲ့ ထမင်းဆိုင်ကလူတွေ အံ့ တွေသြပေါ့  ၊ သူတို့ တောင် အဲ့ နေရာတွေတော်တော်နဲ့ မရောက်ကြဘူးလို့ ဆိုကိုးလေ..
ကင်ပွန်းစခန်းကိုပြန်ရောက်သွားပေမယ့်  ညအိပ်လို့ မဖြစ်တာက ပါလာသမျှ အ၀တ်အစား အိပ်တွေက တောင်ပေါ်မှာ ကျန်ခဲ့ လို့  အဲ့ ညနေစောင်းကြီး တောက်လျှောက် ပြန်တက်ခဲ့ ကြရပါတယ်  သွေးတွေတအားပူနေစိတ်က တအားဆောင်နေလို့ လား  ဟိုတောင်ကြောကြီးကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာလို့  ပင်မကျိုက်ထီးရိုးတောင်ကြောကိုပြန်ရောက်လာလို့  လမ်းပျောက်မှာ စိတ်ပူနေတာတွေ လျော့ သွားတာကြောင့် လားတော့ မသိပါဘူး  နောက်တကြောာ တောင်ပေါ်ပြန်တက်တော့  လာကာစကလောက် မပင်ပမ်းလှတော့ဘူး ဖြစ်သွားပါတော့တယ်...အဲ့ မှာ တက်ရင်းက မိုးချိုပ်လာလိုလို့   မီးတုတ်ကို ၀ယ်ကိုင်တက်ခဲ့ ကြရပါသေးတယ်..
(အဲ့ မီးတုတ်တွေနဲ့ ပျော်နေလိုက်သေးတယ်..မီးတုတ်တွေက ကြာကြာတော့  သိပ်မခံပါဘူး. ဒါပေမယ့်  ကောင်းကင်က အလင်းကြောင့်  အခြေအနေက လမ်းပျောက်စရာ မရှိပေါ့ ..ဒါနဲ့  တောင်ပေါ်ကို ည ၉နာရီကျော်လောက်မှာ ပြန်ရောက်သွားပါရောဗျာ....အဖြစ်က ပြန်တွေးရင် ကျိုက်ထီးရိုးကို  နှစ်ကြော့ ပြန်တက်ယူခဲ့ ရတဲ့ အဖြစ်ပေါ့ လေ...
ထမင်းဆိုင်မှာ ဖြစ်ကြောင်းရယ်ကုန်စင်တွေ ထမင်းဆိုင်ကလူတွေနဲ့ နတ်သံနှောပြီးတော့  အဲ့ ည တစ်ည ထပ်အိပ်လိုက်ပြီး မနက်တော့ ပြန်ဆင်းမယ်ပေါ့ လေ..။ ဒါပေမယ့် မနက်ကြတော့  တက်ကြွနေချက်က  ကျောက်ထပ်ကြီးဖက်ကို မရောက်သေးဘူး ဆိုတာ ဖြစ်လာပြန်ပါရောဗျာ..အေး..မထူးဘူး အဲ့ ဖက် လစ်ကြမယ်ပေါ့ ...ဒါနဲ့  ကျောက်ထပ်ကြီးဖက် ချီတက်ကြပြန်ရောဗျာ...အဲ့ ကျောက်ထပ်ကြီးသွားတဲ့ လမ်းဖက်ကလည်း
တောင်ကြော အမြင့် ပေါ်ကနေ သွားရသလို ဖြစ်နေပြီး အတော်သာယာတဲ့ လမ်းပါ  ထမင်းဆိုင်ကနေ မုဆိုးတောင်တက်  အဲ့ မုဆိုးတောင်ကနေ ဟိုဖက်ဆင်းပြီး ကျောက်ထပ်ကြီးဖက်သွားရတာမျိုးပေါ့   စာထဲအရတော့ သုံးလေးမိုင်လောက်ဝေးတယ်ဆိုပေမယ့်  မြေပြင်ညီမဟုတ်လို့  ဒီခရီးလည်း အတော်ဖတ်ဖတ်မောတဲ့ ခရီးပါပဲဗျာ  လမ်းမှာတော့  အကြော်လေးဘာလေးတွေ ရပါတယ်..ကျောက်ထပ်ကြီး ရောက်တော့  ထပ်စပ်စုပါတယ်
ရှေ့ မှာ ဘာကျန်သေးတုန်းဆိုတော့  ဆင်တောင် ဆိုတာ ရှိသေးသတဲ့ ...
တောင်ပေါ်ပြန်ရောက်တော့  မွန်းလွဲနေပြီဖြစ်လို့  နဲ့  လူတွေလည်း ဖတ်ဖတ်မော ညောင်း စုတ်ပြတ်သတ် လူရုပ်က မထွက်တော့ဘူး ဖြစ်နေတာနဲ့  အဲ့  တစ်ည တောင်ပေါ်ထမင်းဆိုင်မှာ တစ်ည ထပ်အိပ်လိုက်ရပါရောဗျာ. တစ်ညအိပ် လို့  လာခဲ့ ကြတာ  ၃ ည အိပ်လိုက်ရတဲ့ အဖြစ်ပေါ့  ပိုက်ဆံက ပြတ်သွားလို့  ရင်ပြင်တော်ပေါ်တက် အသိတွေလိုက်ရှာလိုက်ရသေးတယ်
 ဘော်ဒါတစ်အုပ်နဲ့ တွေ့ လို့  ကျေးဇူးရှင်တွေဆီကနေ ချေးငှားပြန်လစ်ခဲ့ ရတယ်ဆိုပါတော့ ....
အဲ့ တစ်ခေါက်လောက် ကျိုက်ထီးရိုးတစ်ခွင် နှံ့ ခဲ့ တာမျိုး မရှိဘူးပေါ့ ဗျား....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..