Powered By Blogger
Wednesday, June 8, 2016
အမည်ပေးပုံအကြောင်း (၁)(၂)
အမည်ပေးပုံအကြောင်း (၁)
--
ကျနော်တို့ မဟာဘုတ်လိုင်းရဲ့ အမည်ပေးနည်းတွေမှာ ကလေးတစ်ယောက်ကို အမည်ဘယ်လိုပေးလဲ ဆိုတာ စစဉ်းစားပုံလေးပေါ့ 
ပထမဆုံးအချက်က  မဟာဘုတ်တစ်ခုရဲ့  အောက် သုံးတန်း မရဏ ဘင်္ဂ ပုတိအိမ်က နံ သင့်  သုံးနံနဲ့  အမည်တစ်ခုကို စတင်ခြင်း အဆုံးသတ်ခြင်းကို အရင်ရှောင်စဉ်းစားပါတယ်
ဥပမာ ၅ ကြွင်း သောကြာသားသမီး ပုတိ ဖွား ဆို သိန်း တို့  သင်း တို့  နဲ့   အမည်စတာ ဆုံးတာမျိုး မပေးပါဘူး ၆ ကြွင်း နှစ် တနင်္လာ မရဏဖွား မျိုး ဆိုလည်း ကျော် တို့  ကြည်တို့ နဲ့  မစဘူး အဆုံးမသတ်ပါဘူး...
ဒိထက်ချဲ့ ရင် ဘယ်မဟာဘုတ်နဲ့ မွေးတဲ့  ဘာနေ့ သားရဲ့ အမည်မဆို မဟာဘုတ် အောက်သုံးတန်းနံတွေ ဖြစ်တဲ့  မရဏ ဘင်္ဂ ပုတိ အိမ်တွေကနံသင့် တွေနဲ့  စတာ အဆုံးသတ်တာမျိုးကိုရှောင်ပါတယ်...ဒါဆို မေးစရာ ရှိတာက မရှောင်ရင်ဘာဖြစ်မှာလည်း ဘ၀ပျက်မှာလားပေါ့ . အဲ့ လိုမေးလာရင် အဲ့ လောက်ကြီးတော့လည်း မဟုတ်တတ်ဘူး ဓနဆင်းရဲချမ်းသာနဲ့ လည်း မဆိုင်သလို ခေတ်ပညာတတ်မတတ်နဲ့ လည်းမဆိုင်ပါဘူး..
ဒီအမည် သဘောတွေဟာ ပညတ်သွားရာဓါတ်သက်ပါသဘောအရ  ရေရှည်မှာ စိတ်ကို အာရုံနောက်စေလာတာ မလိုအပ်ပဲ အဖုအထစ်လေးတွေ ကြုံလာတာ  ကံတက်ခါနီးဆို အရစ်တွေ ကြုံရတာ အလုပ်တစ်ခုကို တစ်ခါနဲ ပြီးရမှာ့ မပြီးပြန်ပြန်ကြော့ လုပ်နေရတာ စသဖြင့် စသဖြင့် တွေ ကြုံရတာဖြစ်လာတတ်တာမျိုးတွေပါ ပြီးတော့  သူ့ မဟာဘုတ် အောက် သုံးနံ အိမ်က နံသင့်  ပရိယာယ်တွေရဲ့ ဖိအားတွေ ပုံမှန်ထက် ဖြစ်သင့် တာထက်ကြုံတွေ့ ရတာမျိုးပါ   အဲ့ သဘောတွေကြောင့်  မဟာဘုတ်အောက်သုံးနံကို အစထားတာ အဆုံးသတ်တာတွေကို တတ်နိုင်သမျှ ရှောင်မှည့် တာမျိုးပါ
ဥပမာ ၆ကြွင်းတစ်ယောက်ရဲ့  အမည် အစနဲ့ အဆုံးမှာ ဘင်္ဂ သောကြာနံ နဲ့  စမယ် ဆုံးမယ်ဆို စကားအလွယ်ပြောတတ်သူတွေ ကတိပျက်တတ်သူတွေနဲ့ ခဏခဏကြုံလာရတတ်တာ ကိုယ်ကလည်း စကားကိုအလွယ်ပြောလို့ မရ ကတိအလွယ်ပေးလို့ မရတာမျိုးတွေ ခရီးတစ်ခုထွက်ဖို့ ကြံတိုင်း အပြောင်းအလဲတစ်ခုကို စတင်ဖို့ ကြံတိုင်းကျိုးစားတိုင် ပုံမှန်ထက် အားထုတ်ရတာ အဖုအထစ်တွေကြုံရတာမျိုးသဘော..
ဥပမာ ၆ ကြင်းတစ်ယောက်ရဲ့ အမည် အစနဲ့ အဆုံးဟာ ပုတိ စနေနံ နဲ့ စမယ် ဆုံးမယ်ဆိုရင် ပွင့် လင်းလွန်ခြင်းနဲ့  ဖုံးကွယ်လွန်ခြင်း ပွင့် လင်းအလွန်ခံရခြင်း ဖုံးကွယ်အလွန်ခံရခြင်း အစွန်းသဘော တွေနဲ့ ခဏခဏရင်ဆိုင်ရတာ သူများရဲ့  ပုံပြောသွားတာတွေကို ခဏခဏခံရတာ  ကိုယ့် ရှေ့ အပြုံး ကွယ်ရာကနေ အတင်းတုတ်ခံရတာ စသဖြင့်  ပုတိအိမ် သဘောနဲ့ နံသင့်  ပရိယာယ် ၂ ခုပေါင်းပြီး ပုံမှန်ထက်ပို ကြုံတွေ့ ရတာမျိုးပါ  အဲ့ တော့  အာရုံနောက်တာပေါ့ လေ.. ကျန်တဲ့  မဟာဘုတ်တွေကိုလည်း တွေးဆကြည့် လို့ ရပါတယ်
အဲ့ ဒီမှာ တစ်ချက်က မဟာဘုတ် မရဏ အိမ်ရဲ့  မူလ သတ္တိ အခြေခံသဘောကတော့  ဘာအမည်တွေ ပေးပေး အဲ့ မဟာဘုတ် ၇ အိမ်က ၇နေ့ သားတွေအပေါ် လွှမ်းမိုးနေကြမှာတော့ အတူတူချည်းသဘောရှိပါတယ်
ဥပမာ ၆ ကြွင်းမွေး အားလုံးဟာ အင်ပရက်ရှင်ကို ရင်ထဲမှာခံထားတာ ငွေကြေးရှာဖွေမှု့  သုံးစွဲမှု့ မှာ စိတ်တွက် တော်တတ်တာ(ပေသီးခေါက်တတ်တာ) နာမည်ကြီး ထမင်းငတ်သဘော ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်သဘော ကြုံလွယ်တာ ဟန်ကိုယ့် ဘို့ သဘောဆန်တာစသဖြင့်  အခြေခံစိတ်တွေကတော့  ၆ ကြွင်းတွေမှာ  ထင်သာမြင်သာ ရှိတဲ့ အတူတူလိုချည်းပါ
--------------------
ဖတ်လို့ ကောင်းကြပါစီ.....ငိငိ
===================================================
အမည်ပေးပုံအကြောင်း (၂)
--------------
ကိုယ့် ကိုယ်မွေးတဲ့ မူလမဟာဘုတ်ရဲ့ ပုတိ ဘင်္ဂ မရဏ နံ သုံးလုံးကို အစနဲ့  အဆုံးသတ်မှာ ထားမှည့် တဲ့ ကိစ္စကို ရှောင်ရန်အဖြစ် ရေးပြီးတော့  ပထမဆုံးဆောင်ရန်အဖြစ်ကတော့ အမည်ပေးတော့ မယ်ဆို သူ့ ရဲ့  မူလနေ့ သား မွေးနံကို အပြီး မဖြောက်တာပါပဲ..ဒီသဘောက မူလနေ့ သားရဲ့ ဇာတိ မပျောက်အောင် မဖြောက်ကောင်းဘူး ဆိုတဲ့ အယူအဆသဘောကလာတာပါ..ဒီတော့  မှည့် တဲ့ အခါ ...
ဥပမာ ၆ ကြွင်း တနင်္လာ မရဏာဖွား သားလေးဆို အောင်ကျော်ဇော ဆိုပြီး ကျော် တနင်္လာ နံ ကို အလယ်မှာထည့် ပေးထားလိုက်တာမျိုးပါ..( အမြစ်ပင်စည်အညွန့် သဘောပေါ့ )
ဥပမာ ၆ကြွင်း ဘင်္ဂဖွား သောကြာသားဆို ၀င်းသူရလင်း ဆိုပြီး ဗုဒ္ဓဟူးနံအစ သောကြာအလယ် ဗုဒ္ဓဟူးနံအဆုံး ပေးလိုက်တာမျိုး
ဥပမာ ၆ ကြွင်း စနေ သားဆိုရင် ဘုန်းတင့် ဝေ ဆိုပြီး စနေနံ ကို အလယ်ထားပေးလိုက်တာမျိုးတွေပါ...
အဲ့ မှာ တစ်ချက်က မြန်မာ့ ရိုးရာအစဉ်အလာမှာ အညွန့် တက် အမည်ပေးတာနဲ့  မိတ် နဲ့ တွဲ အမည်ပေးတာတွေ အစဉ်အလာအရရှိပါတယ်..
အညွန့် တက် အမည်ပေးပုံ ဥပမာက ဘာမဟာဘုတ်နဲ့ မွေးတဲ့  တနင်္ဂနွေသားမဆို အောင်မြင့်  အောင်ကျော် အောင်သိန်း လို့  မူလမွေးနံကို ရှေ့ ဆုံးထား အဆုံးက အခါတိုင်မှာ တနင်္ဂနွေနံ ရဲ့  အပေါ်အညွန့် သုံးလုံးဖြစ်တဲ့  ပဉ္စပွတ် ကြာသာပတေးနံ အညွန့်  တနင်္လာနံ ဆပွတ် သောကြာနံ တွေသဘော မြင့်  ကျော် သိန်း တို့ နဲ့ အဆုံးသတ်တာကိုဆိုလိုတာပါ
မိတ် နဲ့ တွဲပေးတတ်တဲ့  အမည်ပေးပုံတွေက ဘာမဟာဘုတ်နဲ့ မွေးမွေး ဥပမာ တနင်္လာသား ဆိုတာနဲ့  ( အောင်ပ ကုလား ဆွေသား တော်ရင်း ) ဆိုတဲ့  မိတ်သဘောထဲက ကုလား ဆိုတဲ့  လား ဆိုတဲ့  ဗုဒ္ဓဟူးနံ ရယလ၀ ထဲကနေ ကျော်လွင်တို့ ကျော်ဝင်းတို့  မှည့် ပေးကြတာ စနေ သား ဆို နေလင်း သဘော ၊ သောကြာသားဆို သိန်းဇော်လို့ မှည့် တာမျိုးပါ..
ဒီ အညွန့် တက်အမည်တွေ မိတ်နဲ့ တွဲမှည့် တွေ အမည်ရှင်တွေအများစုကို အကဲခတ်စစ်တမ်းကောက်ရင် အကျိုးကျေးဇူးက ထမင်းငတ်မလွယ်တာ လူမှု့ အပေါင်းအသင်းဆန့် လွယ်တာ ကြီးပွားလမ်းကြောင်းပေါ်ကို ရောက်လွယ်ကြတာကို တွေ့ ရတာများပါတယ်...။
နောက်တစ်ချက်က မြန်မာ့ ရိုးရာ အစဉ်အလာသဘော အညွန့် တက်အမည်တွေ မိတ်နဲ့ တွဲတဲ့ အမည်တွေကို မူလမွေးမဟာဘုတ်နဲ့  ချိန်ညှိတဲ့ အခါ မရဏအိမ်မှာ ထိုင်နေတဲ့  နံသင့် နဲ့  တွဲမှည့် ထားတဲ့ အမည်ရှင်တွေက ဘင်္ဂ နဲ့ ပုတိ အိမ်က နံသင့် တွေနဲ့ တွဲမှည့် ထားတဲ့  အမည်ရှင်တွေထက် ဘ၀လောကဓံကြမ်းတွေကို ရင်ဆိုင်ရတာမျိုး ပိုများတတ်လေ့ ရှိတာတွေ့ နိုင်ပါတယ်
သဘောက ကိုယ့် မူလနေ့ သား နံ သင့် နဲ့  တွဲတဲ့ အညွန့်  ဒါမှမဟုတ် မိတ် နံဟာ ဘင်္ဂ ပုတိအိမ်က ဖြစ်ဦးတော့  မရဏအိမ်က နံသင့် ထက်စာရင် တော်သေးတယ်သဘောပေါ့ 
ဥပမာ ၂ ကြွင်း တနင်္ဂနွေ သား အထွန်းဖွားကို ကိုအောင်မြင့် လို့  ၂ကြွင်း ရဲ့ မရဏ နဲ့ ပိတ်ပြီး အမည်ပေးတာနဲ့  ၄ ကြွင်း တနင်္ဂနွေ အဓိပတိဖွား တနင်္ဂနွေသားကို ကို အောင်မြင့်  လို့ ပုတိ အိမ်နဲ့ 
ပိတ်ပြီး အမည်ပေးတာမှာ အမည် တူနေပေမယ့်  မြင့်  ဆိုတဲ့  ကြာသာပတေးနံတွေ ရဲ့ အထိုင်တွေရဲ့ မူလမဟာဘုတ်တွေ မတူတော့ တာကြောင့်  ဘ၀ဖြတ်သန်းမှု့ သဘောမှာ တွေးပုံတွေးနည်းတွေမှာ သိသာအောင်ကွဲသွားပါတယ်
ဥပမာ ၂ ကြွင်း ကိုအောင်မြင့် က ၄ ကြွင်းကိုအောင်မြင့် ထက် တိုက်ပွဲခေါ်သံတွေ ပိုများ အယူအဆပိုင်းမှာ ယုံတအား မယုံတအား ပိုဆန်သွားတဲ့ သဘောပါ. ဒါပေမယ့် အောင်ပ ကုလား မိတ်သဘောရော အညွန့် တက်အမည် ဖြစ်နေတာရောရဲ့  ကောင်းကျိုးကတော့  ၂ကြွင်းမှာရော ၄ကြွင်းမှာပါ ရနေတာက ရနေတာပါပဲ
------------
ဖတ်လို့ ကောင်းကြပါစီ...ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..