အမည်ပေးပုံအကြောင်း (၃)
------------
မူလမွေးမဟာဘုတ်က ပုတိ ဘင်္ဂ မရဏ အိမ်က နံသင့် တွေ နဲ့ စတာ ဆုံးတာကို ရှောင်တာ မွေးနံကို လည်းဖြောက် မမှည့် တာတွေ ပြီးသွားတော့ ကျန်နေသေးတဲ့ အချက်အလက်တွေပေါ့ ...
အဲ့ မှာ မွေးနံ ကို မဖြောက် ဆိုတာက ဒီမဟာဘုတ်ကို သုံးတော့ မှ မဖြောက် သဘောဖြစ်လာပြီး ဒီပညာ မသိခင်က မွေးနံ ဖြောက်ပြီး အညွန့် ချည်းပေးတဲ့ အမည်ရှင်တွေကိုလည်း အများကြီးတွေ့ ခဲ့ ဘူးတယ် ဥပမာ ၁ ကြွင်း ဗုဒ္ဓဟူးသားကို မောင်မောင်မြင့်  လို့  အလယ် အညွန့် နံတွေချည်း တန်းစီပေးထားတာမျိုးပေါ့ 
အဲ့ မှာ အညွန့် နံဟာ မူလမဟာဘုတ်မှာ အဓိပတိ အိမ်မှာ ရှိသွားလို့  ဘ၀စီးပွားရေးမှာ အဆင်ပြေနေချိန်များနေတာမျိုး အကျိုးရတယ်ပေါ့ လေ..ဒါပေမယ့်  ၁ ကြွင်းရဲ့ မရဏဥာဉ် သဘောကြတော့ အဲ့  မရဏဖွား ဗုဒ္ဓဟူးသားဟာ သူများကရော သူ့ ကိုယ်သူပါ ကွန်ထရိုး မနိုင်ဘူး လွတ်ပြီဆို လွတ်ပြီပဲသဘော သက်ရောက်မှု့ရှိတယ်ပေါ့ လေ..ဒီတော့  သဘောက မူလ မွေးနံကို ဖြောက်ပြီး အညွန့် နံချည်းပဲ ပေးရင်လည်း ဖြစ်တာပါပဲပေါ့  အဲ့ အညွန့် နံဟာ မရဏ ဖြစ်မနေပြီးတာပါပဲပေါ့  ဥပမာ ၁ ကြွင်း အင်္ဂါသား သိုက်ဖွားကို ၀င်းလတ် လို့  အညွန့် နံချည်း ပေးလိုက်တာမျိုးတော့  မသင့် တော်ဘူးသဘောပေါ့ လေ.
နောက်တစ်မျိုးက ဘာအညွန့် ဘာမိတ်တွေမှ မပါ မကပ်ပဲ မူလမွေးနံတွေချည်း မှည့် တာမျိုးလည်း အများအပြားရှိပါတယ် ဥပမာ သုညကြွင်း ရာဇဖွား ကြာသာပတေးသား ဘုန်းမြတ်မင်း ဆိုပြီး သူ့ မွေးနံ မူလတွေချည်း တန်းစီမှည့် လိုက်တာမျိုးပေါ့  ဒီတော့ အမည်တစ်ခုလုံးက ရာဇအိမ်မှာချည်းထိုင်သွားတော့  မဟာဘုတ်အပေါ်တန်းဖြစ်နေလို့  ဒါလဲ မဆိုးပါဘူးပေါ့ လေ..ရာဇအိမ်ရဲ့  ပရိယာယ်အားတွေ အပြည့် နီးနီးဝင်နေတဲ့  အမည်မျိုးပေါ့ လေ..
အခုရေးခဲ့ သမျှ ပြန်ကြည့် လိုက်ရင် အမည် တစ်ခုကို တွေးရင်မဟာဘုတ်အပေါ်တန်း ၄ အိမ် က နံသင့် တွေကို အစနဲ့  အဆုံးသတ် အဖြစ် တွေး ပြီး အမည်တစ်ခု တည်ဆောက်နေတယ်လို့ တွေ့ နိုင်တယ်ပေါ့ လေ..
============================================
အမည်ပေးပုံအကြောင်း (၄)
------------
ဒီစာမှာတော့  ကျနော်တို့ ပေးနေတဲ့ အမည်ပေးစတိုင်အကြောင်းပါ။ ဒီနေရာမှာ တစ်ခုပြောပြချင်တာက ကျနော်တို့ အယူအဆသဘောပါ လူတစ်ယောက် ဖြစ်လာရင် လူ့ အဖွဲ့ အစည်းရဲ့  လောကသဘောအရ အမည်တစ်ခုစီ အပေးခံထားရပါတယ် ( အဲ့ ဒါမှ နိုင်ငံသားကဒ်တို့ ပတ်စပို့ တို့ လုပ်လို့ ရမယ်လေ ငိငိ )
အဲ့ မှာ ကျနော်တို့ အယူအဆက လူ့ ကံနဲ့  အမည်သဘောမှာ အမည်နာမဟာ ဘ၀ကြီးတစ်ခုလုံး မဟုတ်ဖူး ဘ၀ကြီးထဲက အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်လို့ ပါ ဒီသဘောကို ဆိုလိုတာက ဘ၀မှာ ဖြစ်ပျက်သမျှ ကောင်းမှု့ ဆိုးမှု့  အ၀၀ ဟူသမျှ အမည်နာမကြောင့်  ဆိုတဲ့  တစ်ကြောင်းဆွဲ ကောက်ချက်ချတာမျိုးကို ကျနော်တို့ က ငြင်းပယ်တယ် အကျိုးတစ်ခု ဖြစ်ရခြင်းမှာ အကြောင်းပေါင်းများစွာ စုစည်းပြီးမှ ဖြစ်လာတာဆိုတဲ့  သဘောကိုပဲ လက်ခံထားတာကို ဆိုလိုတာပါ..
အမည်ကိစ္စ ဆက်ရရင် ကျနော်တို့  အမည်ပေးတဲ့ နည်းမှာ အများဆုံးသုံးနေတာက အမြစ်အညွန့်  မတွန့် စေရ ဆိုတဲ့  နည်း ( အမြစ် ပင်စည် အညွန့် ) သဘော နဲ့  မူလမွေးနံ နဲ့  တွဲမှည့် ဖို့ မူလမဟာဘုတ်က အသန့် ဆုံး အညွန့် ကို ရှာပြီး တွဲမှည့် ပေးတဲ့ နည်းပါ..
အမြစ်အညွန့်  မတွန့် စေရနည်းကို မရဏဖွားတွေ နဲ့  တစ်ချို့  တွေမှာ မှည့် တာပါ ဥပမာ ၅ ကြွင်း တနင်္ဂနွေသမီး မရဏဖွားကို ''နဒီအေးချမ်း'' ဆိုတာမျိုး စနေနံ ( အမြစ် ) အစ တနင်္ဂနွေနံ (မူလမွေးနံ ပင်စည်) အလယ် တနင်္လာနံ ( အညွန့် ) အဆုံး မှည့် တာမျိုးပါ ...
နောက်တစ်နည်းက မူလမွေးနံနဲ့  အဲ့ မွေးနံရဲ့  ပဉ္စပွတ်နံ အညွန့် နံ ဆပွတ် နံ တစ်ခုခုထဲက အသန့် ဆုံး နံကို မူလမဟာဘုတ်က အပေါ် ၄ အိမ် ထဲက ဖြစ်မဖြစ်နဲ့  ချိန်ပြီးပေးတာမျိုးပါ..
ဥပမာ ၆ ကြွင်း ကြာသာပတေးသား အထွန်းဖွားကို အမည်ပေးတော့ မယ် ဆိုတဲ့ အခါ မူလ ကြာသာပတေး မွေးနံဟာ မဟာဘုတ်ရဲ့  အပေါ်တန်း ဖြစ်လို့ အမည်ရဲ့  အစဖြစ်စေ အဆုံးဖြစ်စေ ထားလို့ ရပါပြီ။ အဲ့ မွေးနံနဲ့  တွဲဖို့  ကြာသာပတေးရဲ့  ပဉ္စပွတ်နံ တနင်္လာနံ ၊ အညွန့်  နံ သောကြာ နံ နဲ့  ဆပွတ် အင်္ဂါ နံ ၃ နံ ထဲက တစ်နံနံနဲ့  ချိတ်ဆက်ရမှာပါ..
ဒီတော့  တနင်္လာ သောကြာ အင်္ဂါ ဟာ ၆ ကြွင်းမဟာဘုတ်ထဲမှာ ဆိုရင် တနင်္လာဟာမရဏမို့ ပယ်ပါတယ် သောကြာဟာဘင်္ဂမို့ ပယ်ပါတယ် အင်္ဂါနံသာ မဟာဘုတ်အပေါ်တန်း အဓိပတိမှာမို့  ၆ ကြွင်း အထွန်းဖွား ကြာသာပတေးသား ရဲ့ အမည်ဟာ အင်္ဂါနံ အညွန့် နဲ့ ပဲ တွဲရမယ့် သဘောရလာပါတယ်..
တစ်ခါက ၆ကြွင်း ကြာသာပတေးသား အထွန်းဖွားကို ပေးခဲ့ ဘူးတဲ့  အမည်တစ်ခုက မင်းဘုန်းညွန့်  နဲ့  ဘုန်းစစ်မင်း လို့ ပေးခဲ့ ဘူးပါတယ်
အဲ့ အမည် နှစ်လုံးထဲမှာ ဆို မင်းဘုန်းညွန့် ဟာ ကျနော်တို့ မဟာဘုတ်လိုင်းသက်သက်ကနေ ပေးတဲ့ အမည် ဖြစ်ပြီး ဘုန်းစစ်မင်းက ကိုယ့် မဟာဘုတ်တင်မကပဲ နာမက္ခရပညာက အမည်ပေးရင် သုံးတဲ့  နာမက္ခရတိုင်ထူပြီး တိုင်ဇောက်ထိုး တစ်ကွက် မဖြစ်အောင်ရှောင်ပြီးပေးတဲ့ အမည်ပါ.
ဒါပေမယ့်  ၆ကြွင်း ကြာသာပတေးသားကို မွေးနံ ရှေ့ ဆုံးထား အင်္ဂါနံနဲ့  ပိတ် မှည့် တဲ့ အတွက် ဘ၀တစ်ခုလုံး သဘောကြည့် ခဲ့ သမျှ သူ့ ရဲ့  ကြီးပွားရာ ကြီးပွားလမ်းတွေ ပညာရေးသဘောတွေ အိမ်ထောင်ရေးသဘောတွေမှာ စာဖွဲ့ လောက်အောင် ထိခိုက်တာမျိုး မရှိပါဘူး ဒီတော့ အဲ့ လိုလည်း
မှည့် လို့ ရပါတယ်ပေါ့ ဗျာ..
နောက်တစ်ချက်က အမည်ပေးပြီးရင် ခဏခဏ ရွတ်ကြည့် ပါတယ် ခေါ်ရတာ ရွတ်ရတာ လျှာချောမချော ဟာမိုနီ ဖြစ်မဖြစ် လမိုင်းကပ်မကပ်ပေါ့ ..ခေါ်ရတာ ထောက်လွန်းနေပြီဆိုရင် အဆင်ပြေတဲ့ အမည် မဟုတ်သေးဘူးပေါ့ လေ..လမိုင်းမကပ်သေးဘူးဆိုရင်လည်း ကိုယ့်  ကလေးနဲ့  ကံစပ်တဲ့ အမည် မဖြစ်လောက်သေးသဘောပေါ့ လေ...
မွေးချိန်ပါရရင် မွေးချိန်မဟာဘုတ်နဲ့ ပါ ညှိလိုက်ရင်ပိုကောင်းပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..