Powered By Blogger
Monday, June 22, 2015
အတွေးများ..
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
နိဗ္ဗာန်ရောက်ကြောင်းတရား တွေ ဖေါ်ထုတ်လို့ ရလာတယ်ဆိုတာတောင် မေးခွန်းတွေ ထုတ်ကြည့် လို့ သာ ဖြစ်တယ်ဆိုတာ ဘုရားရှင်ရဲ့  နမိတ်ကြီးလေးပါးကို မြင်ယုံနဲ့ တင်ရပ်မသွားပဲ ဘာကြောင့်  အို နာ သေ ? အိုနာသေ ကင်းရာအရပ်ရှိသလား?...စသဖြင့် မေးခွန်းတွေထုတ်လာ အဲ့ မေးခွန်းတွေရဲ့ အဖြေမှန်ကို လိုက်ရှာ အချိန်တန်တော့ တွေ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုခွင့် ရသွားတဲ့ ဘ၀ကို ရခဲ့ တဲ့ သဘောပဲ
လောကီနယ်မှာလည်း ဒီသဘောရှိတာပါပဲ....ကောင်းကင်ပျံတဲ့  ငှက်တွေတောင်ရှိသေးတာ လူတွေကရော ပျံလို့ မရနိုင်ဘူးလား ဆိုတဲ့  အခြေခံမေးခွန်းတစ်ခု စဖြစ်လာ..အဲ့ ကနေ ပျံသန်းကြည့် ဖို့ ကြိုးစားရင် ဒီနေ့ တော့  လူတွေ ကောင်းကင်ကို အုပ်စုလိုက် ပျံသန်းသွားနေခဲ့ ကြပြီ....
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
လောကီဖြစ်စေ လောကုတ်ဖြစ်စေ မေးခွန်းတွေဟာ အလွန်အရေးပါတယ်
မနေ့ က စုံတွဲတတွဲပေါ့ ဗျာ....
မနေ့ က စုံတွဲတတွဲပေါ့ ဗျာ....
ပြိုင်တက်ပြိုင်ဆင်း လင်မယားနဲ့  တစ်ယောက်ကံတက် တစ်ယောက် ကံကျလင်မယားက ဘာကွာလဲတဲ့ ဗျာ..အဟီးးး ကွကိုယ် ထွင်ပြောထားမိတဲ့ စကားလုံး
ကွကိုယ်ပြန်ရှင်းပြရတဲ့ အဖြစ်ပေါ့ ..အဲ့ တော့  အားနာပါးနာနဲ့ ဥပမာတွေ ဒဲ့ ပေးယူရတော့ တာပေါ့ ...
ဒီလိုဗျာ တစ်ယောက်ကံကျတုန်း တစ်ယောက်က ကံတက်နေတဲ့ လင်မယားတွေကျတော့  တစ်ယောက်ကံက တစ်ယောက်ကို ပြန်ထိမ်းထားတဲ့ 
သဘောရှိနေတတ်လို့  စီးပွားဝုန်းကနဲ မဖြစ်လွယ်ပဲ ဖြေးဖြေးမှန်မှန်သာ တက်တတ်လို့  အတက်နှေးတယ်ထင်ရပေမယ့်  ကျတဲ့ အခါကျတော့ 
ပိုးစိုးပက်စက်မဖြစ်တတ် လူမြင်ကွင်းမှာ သရုပ်မပျက်တတ်ဖူးပေါ့ 
ဟို..ကံ အတူတူတက် အတူတူကျလင်မယားက ယူပြီး စီးပွားတက် ထောလာတာကြတော့  သူများ အားကျအောင်မြန်တတ်ပေမယ့် 
ကျပြီဆို လင်မယား၂ ယောက်စလုံး ဂျေးထဲရောက် လူကောင်းသူကောင်းတွေတော မတိုးတော့ တာမျိုးဗျာ...ဟိုဗျာ အခုဖြစ်နေတဲ့  ဝေါ လင်မယားတွေ
မောင်ညွန့် တို့ မောင်ဆန်းတို့ လင်မယား ဘ၀တွေလို့ ပေါ့  မြောင်းထဲရောက်တော့  တောင်မင်းကြီးက မြောက်မင်းကြီးကို မကယ်နိုင်ဘွပေါ့ .လို့ 
ဆိုလိုက်တော့  သြော်...ဟုတ်ပြီ ဟုတ်ပြီ ကြောက်စရာကြီင်္းနော် အကြီးအကျယ်မချမ်းသာရင်နေပါစေ အာ့ မျိုးကြီးတော့ မဖြစ်ချင်ပါဘူးတဲ့ ...အဟီးးးးး
♫ ♪အခါတော်..ပေးးးးတာက♫ ♪
♫ ♪အခါတော်..ပေးးးးတာက♫ ♪
----------
ရက်မြတ်မင်္ဂလာ လာရွေးတိုင်း ခဏခဏပြန်ရှင်းပြရတဲ့  ကိစ္စက ပြက္ခဒိန်ပေါ်က ရက်ရာဇာ ပြဿဒါးကို ကျနော်တို့ ကိုင်ထားတဲ့ လိုင်းက ထည့် မစဉ်းစားပါ ဆိုတဲ့ အကြောင်း အဲ့ ပြက္ခဒိန်ပေါ်က သဘောဟာ အများဆိုင်ရာ ယေဘူယျ သဘောသာဖြစ်ကြောင်း ကျနော်တို့ စဉ်းစားတာကို မောင်နဲ့ မယ်တို့  ၂ယောက်ရဲ့ အများ နဲ့ မဆိုင်တဲ့  ကိုယ်ပိုင် သီးသန့် ဘ၀ ၂ ခုရဲ့ ချိတ်ဆက်ကြတော့ မယ့်  ကံသဘောတွေကို ဘယ် ညာ ချိန်ညှိကြည့် တဲ့ စတိုင်သာ ဖြစ်ကြောင်း...
ဒီသဘောကနေ တစ်ခါတစ်လေ ရက်မြတ်မင်္ဂလာတစ်ခုဟာ ပြက္ခဒိန်ပေါ်က ပြဿဒါးတွေ နဲ့ တိုက်ချင်တိုက်နေတတ်ကြောင်း......အဲ့ လိုတွေ..ထွေလီကာလီတွေ ရှင်းပြပြီးတဲ့ သကာလ.....
ကိုယ့် ဟာကိုယ် ဆက်တွေးမိတာက ယူပြီးမှ သက်ဆုံးမတိုင်ပဲ လမ်းခုလပ်တင် ကွဲသွားတဲ့ လင်မယားတွေမှာ ဗေဒင်နဲ့ ရက်မြတ်တွေ နေ့ကောင်းရက်သာတွေ ရွေးပြီး မင်္ဂလာဆောင်ကြသူတွေရော မပါပေဘူးလား..ပါလား..ပါရင် ဘယ်လောက်များများပါနိုင်လဲ...ရက်ရွေးယူပြီးမှ ဘာလို့ ကွဲကုန်လဲ
.ဗေဒင် မမေးပဲ ကိုယ့် ဟာကိုယ်ထယူလိုက်ကြသူတွေရော ရှိလား ရှိရင် သူတို့ ရော သက်ဆုံး မတိုင်ဘူးလား သက်ဆုံးတိုင်ရင်ရော ဘာကြောင့် သက်ဆုံးတိုင်သလဲ...ဘာညာဘာညာတွေပေါ့ လေ...ငိငိ
အဲ မင်္ဂလာဆောင်မယ့်  ရက်မြတ်မင်္ဂလာသာ ဗေဒင်နဲ့ လာလာရွေးကြတာ.....ကွဲမယ့် ရက်ဆိုး ရက်ကိုတော့ ဗေဒင်လာတွက်ပြီး ရက်မရွေးကြတာကလည်း အံ့ သြစရာပဲလို့ ....အဟိ...ဟီးဟီးး
လင်မယား ၂ ယောက်ကို ကံချိန်တဲ့ အခါ..
---
ဒီ ကိစ္စက ကျနော့် ဂရုမှာ အကျယ်ရေးပြီးသားလေးဗျ..အခုက အများသိအောင် ချုပ်ရေးပြတာပါ...ကိုယ့် အမေနဲ့ ကိုယ့် အဖေ အကြောင်းကို ဗေဒင်နဲ့ ကြိုတွက်ခဲ့ တဲ့ အကြောင်းပါ...
အမေက တနင်္လာသမီး ပါ သူ့ အသက် ၅၅  သောကြာသက်ရောက် ၀င်စမှာ ကင်ဆာစဖြစ်ပါတယ်...အဲ့ အချိန်မှာ အဖေက  ဗုဒ္ဓဟူးသားဖြစ်ပြီး အဲ့ အချိန်မှာ အသက် ၆၄ အင်္ဂါသက်ရောက်ကိုဝင်နေပါပြီ...( လင်မယား ၂ ယောက်စလုံး ဓမ္မာသောက အင်းဝရာဇာ ဆိုတဲ့  အိမ်ထောင်ရန်ကိန်းကို တနင်္လာသမီးက
သောကြာသက်ရောက်ကို  သောက ကိန်း ဗုဒ္ဓဟူးသားဖအေက အင်္ဂါသက်ရောက်ကို ရာဇာကိန်းနဲ့  ပြိုင်တူ ၀င်သလိုဖြစ်နေပါတယ်)
မိဘနဲ့ ကလေး
မိဘနဲ့ ကလေး
---
မွေးကင်းစကနေ မူလတန်း အလယ်တန်းအရွယ်သဘောအထိ ကလေးထဲ အကျုံးဝင်တာ ယေဘူယျသဘောပေါ့ ...
အထူးသဖြင့်  ရင်ခွင်ပိုက်ကနေ မူကြို မူလတန်းအရွယ်တွေအထိကို ရည်ညွှန်းရရင် အဲ့ ကလေးတွေဟာ တစ်ခါတစ်လေ ဖျားနာမယ်ပေါ့ 
အဲ့ မှာ ပုံမှန်သဘာဝအားဖြင့်  ဖျားနာတာတွေဖြစ်လာရင် ပျောက်သင့် တဲ့ ပုံမှန်ကာလလေးတွေ ရှိပါတယ်...ဆိုပါတော့  ကလေးတစ်ယောက်ဖျားရင်
၃ရက် ၅ရက် အလွန်ဆုံးတစ်ပတ်ပေါ့  အဲ့ လောက်ဆိုပြန်ကောင်းလေ့ ရှိတာ ပုံမှန်ပေါ့ ..