Powered By Blogger
Monday, June 22, 2015
လင်မယား ၂ ယောက်ကို ကံချိန်တဲ့ အခါ..
---
ဒီ ကိစ္စက ကျနော့် ဂရုမှာ အကျယ်ရေးပြီးသားလေးဗျ..အခုက အများသိအောင် ချုပ်ရေးပြတာပါ...ကိုယ့် အမေနဲ့ ကိုယ့် အဖေ အကြောင်းကို ဗေဒင်နဲ့ ကြိုတွက်ခဲ့ တဲ့ အကြောင်းပါ...
အမေက တနင်္လာသမီး ပါ သူ့ အသက် ၅၅  သောကြာသက်ရောက် ၀င်စမှာ ကင်ဆာစဖြစ်ပါတယ်...အဲ့ အချိန်မှာ အဖေက  ဗုဒ္ဓဟူးသားဖြစ်ပြီး အဲ့ အချိန်မှာ အသက် ၆၄ အင်္ဂါသက်ရောက်ကိုဝင်နေပါပြီ...( လင်မယား ၂ ယောက်စလုံး ဓမ္မာသောက အင်းဝရာဇာ ဆိုတဲ့  အိမ်ထောင်ရန်ကိန်းကို တနင်္လာသမီးက
သောကြာသက်ရောက်ကို  သောက ကိန်း ဗုဒ္ဓဟူးသားဖအေက အင်္ဂါသက်ရောက်ကို ရာဇာကိန်းနဲ့  ပြိုင်တူ ၀င်သလိုဖြစ်နေပါတယ်)
ဒီလို ၂ယောက်စလုံး အကွဲကိန်းကိုပြိုင်တူဖြတ်နေတာ တွက်ထုတ်မိလိုက်တဲ့ အခါ အမေ တနင်္လာသမီး ဒီတောင်ကို ကျော်ဖို့ မလွယ်တော့ လို့  ကြိုတော့ တွက်ထားလို့ ရလိုက်ပါတယ်..ဒါပေမယ့် ကိန်းက ဘာပြောပြော ကံ ရှိသေးတယ်လို့ အားတင်းပြီး အသက်လုပါတယ် ဒါပေမယ့်  ၅၅ပြည့် ကာနီးမှာ တနင်္လာသမီး ကွယ်လွန်ပါတယ်...
ဒါနဲ့  ဘ၀ခရီးကို ဆက်ချီတက်ခဲ့ ကျရင်းက ဗုဒ္ဓဟူးသားဟာ အသက် ၆၇ ကြာသာပတေးးသက်ရောက်မှာ ကျောက်ကပ်စပျက်ပါတယ်...ဒါနဲ့  စက်နဲ့ ဆေးတယ်ဆိုပါတော့ ...ပျက်ကာစမှာ အသက်လုရပေမယ့် နောက်တော့ ကျောက်ကပ်ဆေးသားကျသွားပြီး အသက်ကိုထိမ်းထားနိုင်ခဲ့ တယ်ပေါ့ လေ..
ကျောက်ကပ်ဆေးတဲ့ အရှိန်ရသွားချိန်မှာတော့ ဗုဒ္ဓဟူးသားရဲ့ ကံ ကို သက်ရောက်ပညာနဲ့  သုံးသပ်တဲ့ အခါ သူ့ အမျိုးသမီး တနင်္လာသမီး ဟာ သူ  အင်္ဂါသက်ရောက် အသက် ၆၄မှာ (ရာဇာကိန်းနဲ့ ) သူ့ ဆီကနေ အပြီးခွဲခွာသွားခဲ့ တယ်..သူကိုယ်တိုင်ကတော့ ရောဂါမဖြစ်ခဲ့ ဖူးမသေခဲ့ ဘူး..အခု ..ဒါဆို နောက်တစ်ကြော့ အင်္ဂါသက်ရောက် အသက် ၇၂ မှာ သူ့ ဆီက ခွဲခွာသွားစရာ ဇနီးမရှိတော့ ဘူး ဒါဆိုရင် ဒီတစ်ခါတော့  သူ့ အလှည့် ပဲဖြစ်လိမ့် မယ်
ဖြစ်ဖို့ အတွက်လည်း ဟဲဗီး ကျောက်ကပ်ရောဂါက ၀င်ထားပေးခဲ့ ပြီ  လို့ တွေးမိသွားပါတယ်...
ကြားမှာ အသက် ၇၀ တနင်္ဂနွေ သက်ရောက်မှာလည်း (အင်းဝ) အတွင်းရန် သဘောရှိနေသေးလို့  အသက် ၇၀မှာများ လွန်လေမလားလို့ ကျောက်ကပ်ဆေးရင် သတိနဲ့ စောင့် ကြည့် ထိမ်းသိမ်းလာခဲ့ ပါသေးတယ်...အဲ အဲ့  အသက်၇၀ကိုလည်း ကျော်လာနိင်ခဲ့ ရော ကျနော့်  အတွေး ယူဆချက်ဟာ ပိုပြီးနီးစပ်ပြီလို့  တွေးထားလိုက်ပါတယ်...
တစ်စတစ်စနဲ့  ကျောက်ကပ်ဆေးသက်ကြာလာတာကြောင့်  ကိုယ်ခံအားကျလာချိန် အသက် ၇၂ အင်္ဂါသက်ရောက် ၀င်သွားချိန်မှာတော့  ရောဂါ ထထဖေါက်လို့ အရေးပေါ်ဆေးရုံ ထ ထတင်ရတဲ့ အကြိမ်တွေစိတ်လာရင်းက အဲ့ ဒီ အသက် ၇၂ အင်္ဂါ သက်ရောက် မှာပဲ ဘ၀ကို ကန့် လန့် ကာ ချသွားပါရောဗျာ....
ဒီအတွေ့ အကြုံဟာ နောက်ထက် ဆင့် ပွား အသိပညာ သဘောတရားတွေ လင်မယားတွေ မိသားစုတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကံချိတ်ဆက်နေတဲ့ သဘောတရားတွေ သိလာဖို့ တွေးမိလာဖို့  ချိန်ဆတတ်လာဖို့  နောက်လူတွေအတွက် အကျိုးကျေးဇူးဖြစ်လာဖို့ ဖြစ်လာတဲ့  အတွေ့ အကြုံ အကြီးကြီးသဘော ဆောင်ပါတယ်...ဖအေ ဆုံးပါးနိုင်တဲ့  အသက်ပိုင်းကို အရင် သူ့ အတိတ်က ဖြစ်ခဲ့ တာနဲ့ ပြန်ချိန်ဆပြီး ကြိုတင်ခန့် မှန်းနိုင်ခဲ့ တဲ့ သဘောပေါ့ ဗျာ
ပထမဆုံး အကျိုးကျေးဇူးက လင်မယား ၂ယောက်မှာ တစ်ယောက်ယောက်ဟာ ပုံမှန်ထက်ခြူခြာနေရင် အဲ့ ခြူခြာမှု့ ရဲ့ အတိမ် အနက်ကို သူ့ အိမ်ထောင်ဘက်နဲ့  တိုက်ပြီး ကံချိန်ကြည့် ရင် နောက်ထပ် အဖြေတစ်ခု ထပ်ရလာတတ်တဲ့ သဘောရှိတတ်တဲ့ အကျိုးပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..