'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 22, 2015
မိဘနဲ့ ကလေး
မိဘနဲ့ ကလေး
---
မွေးကင်းစကနေ မူလတန်း အလယ်တန်းအရွယ်သဘောအထိ ကလေးထဲ အကျုံးဝင်တာ ယေဘူယျသဘောပေါ့ ...
အထူးသဖြင့်  ရင်ခွင်ပိုက်ကနေ မူကြို မူလတန်းအရွယ်တွေအထိကို ရည်ညွှန်းရရင် အဲ့ ကလေးတွေဟာ တစ်ခါတစ်လေ ဖျားနာမယ်ပေါ့ 
အဲ့ မှာ ပုံမှန်သဘာဝအားဖြင့်  ဖျားနာတာတွေဖြစ်လာရင် ပျောက်သင့် တဲ့ ပုံမှန်ကာလလေးတွေ ရှိပါတယ်...ဆိုပါတော့  ကလေးတစ်ယောက်ဖျားရင်
၃ရက် ၅ရက် အလွန်ဆုံးတစ်ပတ်ပေါ့  အဲ့ လောက်ဆိုပြန်ကောင်းလေ့ ရှိတာ ပုံမှန်ပေါ့ ..
ဒီလိုမှမဟုတ်ပဲ ရက်ရှည်နေတာ မကြာခဏဖျားနာနေပြီဆိုရင် အကြောင်းတစ်စုံတစ်ရာ ရှိမရှိကိုထပ်စစ်ရတော့ တယ်....
ဗေဒင်အတွေ့ အကြုံတွေအရဆိုရင် ကလေးဆိုတာ မိဘရဲ့ ကံလောင်းရိပ်အောက်မှာ ရှိနေတဲ့ သဘောရှိတယ်...
မကြာခဏကြုံရတာက ခဏခဏခြူခြာနေတတ်တဲ့  ကလေးအများစုထဲက တစ်ချို့ ကလေးတွေဟာ ဗေဒင်ဘက်ကချဉ်းကပ်ကြည့် ရင်
သူတို့ ကိုယ်တိုင်က ကြီးကျယ်တဲ့ အညံ့ သဘောမတွေ့ ရပေမယ့်  သူတို့ ရဲ့ မိဘတွေထဲက တစ်ယောက်ဖြစ်စေ နှစ်ယောက်စလုံးဖြစ်စေ
ကံစောင်းနေတာ ကံမကောင်းနေတာတွေ ဖြစ်နေလေ့ ရှိတယ်..
ဒီသဘောကနေ မိဘဟာ ငွေကုန်ရမယ် စိတ်သောကရောက်ရမယ် စိတ်ညစ်ရမယ့် ကံတွေကျရောက်နေချိန်မှာ ဒါတွေဖြစ်လာဖို့  အခါ သူတို့ ရဲ့ ကလေးတွေ
ဖျားနာတဲ့ အခါ သူများကလေး ၃ရက်နဲ့ သက်သာသွားပေမယ့် သူတို့ ကလေးကတော့  ဆေးခန်းကိုစုံပါရော ဖြစ်လာတဲ့ သဘောဆောင်တယ်..
တစ်ခါတစ်လေ ကလေးကိုတိုက်ရိုက်ယတြာပေးလို့  သက်သာသင့် လျက်နဲ့ မသက်သာရင် ဗေဒင်မမေးတဲ့ မိဘကို တွက်ချက်ပြီး မိဘက
သူ့ ကိုယ်သူ ယတြာသဘော တစ်ခုခုပြုလိုက်မှ ကလေးမှာ မြန်မြန်ပြန်သက်သာခွင့် ရသွားတာမျိုးတွေ အများကြီးတွေ့ ခဲ့ ရတယ်...
ချုပ်လိုက်ရင် ကလေးတစ်ယောက်ဟာ သမားရိုးကျထက် ခြူခြာမှု့ တွေ စိတ်နေရင် ကလေးရဲ့ မိဘတွေ ကံများ တစ်စုံတစ်ရာ စောင်းနေသလား
ထည့် တွေးဖို့ လိုကောင်းလိုမယ်ပေါ့ လေ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..