'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 22, 2015
အတွေးများ..
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
နိဗ္ဗာန်ရောက်ကြောင်းတရား တွေ ဖေါ်ထုတ်လို့ ရလာတယ်ဆိုတာတောင် မေးခွန်းတွေ ထုတ်ကြည့် လို့ သာ ဖြစ်တယ်ဆိုတာ ဘုရားရှင်ရဲ့  နမိတ်ကြီးလေးပါးကို မြင်ယုံနဲ့ တင်ရပ်မသွားပဲ ဘာကြောင့်  အို နာ သေ ? အိုနာသေ ကင်းရာအရပ်ရှိသလား?...စသဖြင့် မေးခွန်းတွေထုတ်လာ အဲ့ မေးခွန်းတွေရဲ့ အဖြေမှန်ကို လိုက်ရှာ အချိန်တန်တော့ တွေ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုခွင့် ရသွားတဲ့ ဘ၀ကို ရခဲ့ တဲ့ သဘောပဲ
လောကီနယ်မှာလည်း ဒီသဘောရှိတာပါပဲ....ကောင်းကင်ပျံတဲ့  ငှက်တွေတောင်ရှိသေးတာ လူတွေကရော ပျံလို့ မရနိုင်ဘူးလား ဆိုတဲ့  အခြေခံမေးခွန်းတစ်ခု စဖြစ်လာ..အဲ့ ကနေ ပျံသန်းကြည့် ဖို့ ကြိုးစားရင် ဒီနေ့ တော့  လူတွေ ကောင်းကင်ကို အုပ်စုလိုက် ပျံသန်းသွားနေခဲ့ ကြပြီ....
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
လောကီဖြစ်စေ လောကုတ်ဖြစ်စေ မေးခွန်းတွေဟာ အလွန်အရေးပါတယ်
==========================
တစ်ချို့ အမှန်တရားတွေ တွေးရတာ ကြားရတာ ခါးသီးတယ်...
ဒီ ကမ္ဘာဟာ ဘုရားငါးဆူပွင့် ရမယ့်  ဘဒ္ဒကမ္ဘာလို့ ဆိုတယ်. ၄ဆူပွင့် တော်မူပြီးကြောင်းလည်း ဆိုတယ် နောက်ဆုံးတစ်ဆူ ပွင့် တော်မူဖို့ ကျန်သေးတယ်လို့ လည်းဆိုတယ်..
ကာလခေတ်တစ်ခုမှာ ဘုရား ၂ ဆူပြိုင်တူ ပွင့် ရိုး ဘုရားသာသနာ အဆုံးအမ ၂ ခု ပြိုင်တူ ထွန်းကားရိုး မရှိဘူးလို့ လည်းဆိုတယ်...ဘုရားတစ်ဆူ သာသနာ တစ်ခုကွယ်ပေးပြီးမှ နောက်ဘုရားတစ်ဆူပွင့် တော်မူပေးရတယ်လို့ လည်းဆိုတယ်
နတ္ထိပစ္စယော မရှိခြင်းအကျိုး သဘောတရားက တစ်စုံတစ်ခုပျောက်ကွယ်သွားခြင်း အကြောင်းတရားဟာအဲ့  ပျောက်ကွယ်သွားတဲ့ နေရာလွတ်ကို နောက်တစ်စုံတစ်ခုက အစားနေရာဝင်ယူခွင့် ရတဲ့ အကျိုးဖြစ်စေတယ်လို့ ဆိုတယ်
ဒီသဘောတွေ စုစည်းလိုက်ရင် အခု ၄ ဆူမြောက် ဘုရားရှင်နဲ့  အခုဘုရားရှင် ရဲ့  ဒီသာသနာဟာ နောက် ၅ ဆူမြောက်ဘုရားရှင် နဲ့  အဲ့ ဘုရားရှင်ရဲ့ သာသနာ ပွင့် တော်မူဖို့  အကြောင်းတစ်စုံတစ်ရာတွေကြောင့်  အနာဂတ်ရဲ့  အချိန်တစ်ခုရောက်တဲ့ အခါ တစ်စတစ်စ ကွယ်ပျောက်ပေးရလိမ့် မယ်ဆိုတာ ယုတ္တိတန်တယ်....
ဆြာတော်တစ်ကြီးတစ်ပါးရဲ့  သြ၀ါဒကို တော့  နားထဲစွဲနေခဲ့ တယ်....သာသနာရဲ့  အဆုံးအမ ဓမ္မစစ်တွေကို ကိုယ် အရင်ပယ်ရင် ပြင်ပ သာသနာကြီး အရင် မကွယ်ခင် ကိုယ့် ရင်ထဲမှာ အတွင်း သာသနာ့ အဆုံးအမ ဓမ္မစစ်တွေ အရင်ကွယ်နှင့် ပြီ....ဆိုတဲ့  သြ၀ါဒပဲ....
ကိုယ်က သာသနာရဲ့ အဆုံးအမ ဓမ္မစစ်တွေကို စပြီး ဖျက်ဆီးပစ်တဲ့ သူ....ပယ်တဲ့ သူ မဖြစ်ဖို့ က ဒီဘ၀အတွက်ရော သံသရာခရီးအတွက်ပါ ပိုအရေးကြီးတဲ့ သဘောရှိလိမ့် မယ်
======================
မတွေဝေခြင်းရဲ့ အကျိုးဟာ...
----
အပြောင်းအလဲ သဘောကို ကြောက်တတ်ရင်တောင် ဘုရားဟာ ဘုရားဖြစ်လာမှာ
မဟုတ်ဖူး..ဘုရား တွေးခေါ်သွားတာ ရိုးရိုးလေး
သူ ပြုမူခဲ့ သမျှတွေကို သူ့ ကိုယ်သူပြန်ပြန်သုံးသပ်တာပဲ
ဒီလမ်းက ငါလိုချင်နေတဲ့ လမ်းမဟုတ်ဖူးလို့ သုံးသပ်ပြီးတာနဲ့ 
လမ်းသစ်ပြောင်းဖို့ မတွန့် ဆုတ်ခဲ့ ဘူး..
.
အဲ့ ဒီလို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးလို့  ပြောင်းလဲမှ သင့် မယ်လို့ ဆုံးဖြတ်ပြီး
လမ်းမဟုတ်တာကို ပယ်ပစ်ဖို့ 
လမ်းသစ်ကို ပြောင်းလဲပစ်ဖို့ မတွေဝေတာကိုက
ဘုရားကို ဘုရားဖြစ်စေခဲ့ တဲ့ တွန်းအားကြီး တစ်ခုဖြစ်လာတဲ့ သဘောပဲ
.
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..