Powered By Blogger

Sunday, October 16, 2016

ဘုမ္မိကြီး သဘောနဲ့  ဘုမ္မိကြီးနယ်မြေသဘော


အဲ့ မှာ  ဘုမ္မိကြီးဆိုတာ  ကိုယ့် မွေးနံကနေ ရှေ့  ၄ ခွင်မြောက် ဂြိုလ်မှာ ဂြိုလ်အိပ်နေပြီး သက်ရောက်က ကိုယ့် မွေးနံရှေ့  ၇ ခွင်မြောက်မှာ သက်ရောက်ဖြစ်နေချိန်ကို ဆိုလိုတယ်ပေါ့ လေ
----------
ဥပမာ ကြာသာပတေး သားသမီးတွေဟာ  သူတို့ ရဲ့  အသက် ၅၅ နှစ်ဆိုတာဟာ တနင်္ဂနွေဂြိုလ်မှာ ဂြိုလ်အိပ်နေပြီး သက်ရောက်က ဗုဒ္ဓဟူးသက်ရောက် မှာ ရောက်နေချိန်ကို ဘုမ္မိကြီးရောက်နေပြီ တစ်သက်တာမှာ အဆိုးအဖြစ်တွေ အများကြီးကြုံရတဲ့  အသက်လို့ ဆိုတယ်
--------------
အဲ့ မှာ အဲ့  အသက် ၅၅ နှစ်ရောက်မှ အဆိုး ဆိုတာတွေကြုံရတာ အဲ့ တော့မှ သတိထားလိုက်မယ် ဆိုတာမျိုးဆို ခံလိုက်ရလိမ့် လို့ ဆိုတာမျိုးက  ကြာသာပတေးတွေ အဲ့  အသက် ၅၅ မရောက်ခင် ပြီးခဲ့ နှစ်က ဘာသက်ရောက်လဲဆိုတာကို လှမ်းမြင်လိုက်လို့ ပါပဲ
--------------
အဲ့ အသက် ၅၅ မရောက်ခင် အသက် ၅၄ ဆိုတာ  အင်္ဂါသက်ရောက်ဖြစ်ပြီး   ၅၅က ဗုဒ္ဓဟူးသက်ရောက်  အဲ့ ဒါပြီးရင်  အသက် ၅၆က စနေသက်ရောက် ဖြစ်နေတယ်  သဘောက  အသက် ၅၅ မှ သာ ဘုမ္မိကြီးသဘော သတိထားရမယ်မဟုတ်ဘူး အသက် ၅၄ ၅၅ ၅၆ ၃နှစ်တာဟာ ဘုမ္မိကြီးနယ်မြေသဘော (၀ါ) အဆိုးသဘောတွေ ၃ နှစ်ခရီးဖြတ်ရလိမ့် မယ်လို့ ကြိုတွက်ထားဖို့ လိုတယ်ပေါ့ 
------------------------
ဒါဆို အဆိုးတွေ ဘာမှ ဖြစ်မလာအောင် ကြိုကာလို့ မရဘူးလားလို့  မေးလာရင် ရတဲ့ ဟာရတတ်တယ် မရတဲ့ ဟာမရတတ်ဘူး လို့ ပဲဖြေရမှာပါ  အကြောင်းက လူ့ ဘ၀မှာ ကြုံရတဲ့ အကောင်းတွေ အဆိုးတွေသဘောဟာ  ဒီပစ္စုတ်ပန်မှာ ပြုမူသမျှ တွေချည်း မဟုတ်ပဲ  သံသရာကပါလာတဲ့  ကံအကျိုးပေးသဘောတွေပါ ရောပြီး ၀င်ပတ်သက်ချယ်လှယ်နေလို့ ပါပဲလို့ ပါ
---------------------
ဒီလို  ဘုမ္မိကြီးဆိုတာ တစ်နှစ်တာသဘောမကတော့ ပဲ  ဘုမ္မိကြီးနယ်မြေသဘောမျိုးကို တစ်ခြားနေ့ သားတွေမှာလည်း တွေ့ နိုင်ပါတယ်....ဥပမာ  စနေသားသမီးတွေရဲ့  ဘုမ္မိကြီးက  အသက် ၄၇  (သောကြာဂြိုလ်အိပ် အင်္ဂါ သက်ရောက်မှာ) အင်္ဂါသက်ရောက်မှာ လို့ ဆိုပေမယ့်  အဲ့  ၄၇ ဘုမ္မိကြီး တစ်နှစ်သဘောနဲ့ တင် မပြီးသွားပဲ  ရှေ့  ဗုဒ္ဓဟူး  အသက် ၄၈ နောက် အသက် ၄၉ စနေသက်ရောက်အထိ အညံ့  ၃ နှစ်ကို ဖြတ်သန်းရလိမ့် မယ်သဘောပေါ့ 
---------------------
နောက်တစ်ချက်က  ဘုမ္မိကြီး (၀ါ) ဘုမ္မိကြီးနယ်မြေရောက်တိုင်း ဆိုးပေ့ တွေ လူတိုင်းကြုံရသလားဆိုတော့ လည်း အဲ့ လို ပုံသေမဟုတ်ပြန်ပါဘူး  နဲနဲပဲကြုံလိုက်ရသူတွေအများကြီးရှိခဲ့ ပြီး တစ်ချို့ ကတော့  ကိုယ့် မှာတော့ တိုက်ရိုက် အဆိုးလာတာမျိုးမကြုံရပဲ  သွယ်ဝိုက်သဘော မိသားစုဝင်တွေရဲ့  ဒုက္ခဆိုးတွေကို မျှဝေခံစား လိုက်ကယ်နေခဲ့ ရတာမျိုးလည်း ကြုံရတတ်တဲ့ သဘောရှိပါတယ်  တစ်ချို့ ကတော့ ဗေဒင်က ဟောတာထက်ကို ပိုပြီး ဆိုးဆိုးရွားရွားတွေ ကြုံရတာမျိုးလည်းရှိပါတယ်  ဘုမ္မိကြီးရောက်ချိန်ကြမှ သံသရာက အကုသိုလ်တွေပါ ၀င်ဆိုးကျိုးပေးခံရတဲ့ သဘောမျိုးဆို ဗေဒင်ကဟောတာထက်ပိုဆိုးနေတတ်တာမျိုးပါ
-----------------------
နောက်တစ်ချက်က   ၇ နေ့ သားသမီးတွေရဲ့  အသက်အပိုင်းအခြားတွေနဲ့  ပုံသေ ထုတ်ပြထားတဲ့ ဘုမ္မိကြီး သဘောရောက်မှသာ ဆိုးပေ့ တွေကြုံရမှာလို့ ပုံသေယူထားလို့ မရပြန်ပါဘူး  ဘာဘုမ္မိကြီးမှ မရောက်ခင်ကို ဒုက္ခပေါင်းသောင်းခြောက်ထောင်တွေ ရင်ဆိုင်လိုက်ရ ရင်ဆိုင်နေရတာမျိုးဘ၀တွေလည်း ရှိပါတယ်ဆိုတဲ့ အကြောင်း သတိပြုမိဖို့ လိုမှာပါ