Powered By Blogger
Sunday, November 29, 2015
နိစ္စပြ တိုက်ဆိုင်မှု့ 
နိစ္စပြ တိုက်ဆိုင်မှု့ 
-------
ဖြစ်တောင့် ဖြစ်ခဲမို့  တိုက်ဆိုင်မှု့ လို့ သုံးလိုက်တာ...ဒီအကြောင်းက လာတွက်သူက ပြောသွားတာပါ..သူမပေါ့  ရုံးဝန်ထမ်းပါ လည်တယ် အပေါင်ခံပါစားတာ...သူလာပြောတာ  ၁ တနင်္ဂနွေသမီး အပျိုကြီးဖြစ်ပြီး သောကြာသက်ရောက်ဖြတ်နေတယ်...ကျနော့် ဆီ လာရတဲ့ အကြောင်းက လာဘ်တအားပိတ်နေလို့ တဲ့  ( သူပြောတဲ့ လာဘ်ပိတ်တယ်လို့ ပြောတာ
ဘယ်သူမှ သူ့ ဆီမှာ ဘာမှ လာမပေါင်ကြတော့လို့  တဲ့ ဗျ)..အဲမှာ ကျနော်က သူလာတဲ့  ဘောမတိုင် ( အင်္ဂါတိုင်) ကို တွေးတယ် ဘောမတိုင်မှာ တနင်္ဂနွေ ကတိုင်ပေါ်မှာ ဆပွတ်နေရာမှာ စုတ်တောင်စီးနေတာ အသားလွတ်တော့  လာဘ်ပိတ်စရာ မရှိလောက်ပါဘူး အပျိုကြီးကကြည့် ရတာလဲ ပိုက်ဆံသာ ဘ၀ ဖြစ်နေပုံ...လို့ တွေးမိတယ်..ဒါနဲ့  ရမ်းပစ်ကြည့် ဦးမှဆိုပြီး...နောက်ဆုံး အပေါင်ခံထားတဲ့ ပစ္စည်းက ရွှေလား ဂရမ်လား ကျောက်ထည်တွေ တစ်ခုခုပါလားလို့ မေးလိုက်တော့ ...သူက နဲနဲတွေးလိုက်ပြီး...
( အာ့ ကြောင့်  တစ်ခါတစ်ခါ ပြောတာ လိုတုန်းလေး အရေးေါ်လေး ဗေဒင်မေး ယတြာခြေတာလောက်ပဲ ကောင်းတယ် ကိုယ်တိုင် လျှောက်တတ်နေတာ ကောင်းဝူးးးး...တစ်ခါတစ်ခါ အရှုံးကို စွတ်ကျွတ်နေပြီး တွေဝေနေတတ်တယ်တယ် လို့ စ်...ခ်ခ်)
အဲ့ အပျိုကြီးကိုတော့  ပြောလိုက်ပါတယ် အတိုးရရမရရ အရင်းပြန်မလာသေးတောင် အဲ့ န၀ရတ်လော့ ကက်ကြီး ပြန်ပေးထားလိုက်ဗျာ...အ၀င်မှမတော်တာ သူ့ ဆီကရမယ့် အတိုးလေးနဲ့  ကိုယ်လာဘ်နေတာက မကာမိပါဘူးဗျာ လို့ ပြောလိုက်တော့  မနက်ဖြန် ရုံးရောက်ရင် ပြန်ပေးထားလိုက်တော့ မယ်ဆြာတဲ့ ...အဟီး...အေးရောနော့်  ဖြေရှင်းနည်းက..ငိငိ
စိတ္တဇ
စိတ္တဇ  ( ဇော်ဂျီ ကေစ့် ကို ပြန်ရေးပြတာပါ)
---------
သူများတွေရဲ့  အစွဲအလမ်းပေါင်း သောင်းခြောက်ထောင်မကတွေ့ ခဲ့ ကြုံခဲ့ ဘူးတယ်...အများအားဖြင့်  ဒါတွေဟာ မဟုတ်ပါဘူး မဆိုင်ပါဘူး တိုက်ဆိုင်တာပါ ဘာညာနဲ့  ကျနော်က ကျနော် မစွဲလမ်းတဲ့ အရာတွေအပေါ် စွဲလမ်း အစွဲဖြစ်ပြီး စိတ္တဇ ဖြစ်နေသူတွေကို ခပ်လွယ်လွယ်ပဲ ပြောခဲ့ လေ့ ရှိတယ်.
..( ခုလဲ ပြောဆဲပါပဲ..ငိငိ)....
တစ်ချို့  အစွဲသဘောတွေဟာ တစ်ကြိမ်မဟုတ် နှစ်ခါမက အကြိမ်ကြိမ် ဖြစ်လာတဲ့ အခါ ဟုတ်မှာပဲ ဆိုတဲ့  အသိကပ်လာပြီး လူကို စိတ္တဇ ဖြစ်စေလာတဲ့ အစွဲ ဖြစ်လာတယ်...
တစ်ခါက ချဲထိုးလေ့ ရှိတဲ့ မိသားစု တစ်ခု ကြုံခဲ့ ဖူးတယ်...ကံက ကောင်းနေသလားဘာလားတော့ မသိ ခဏခဏ ပေါက်နေတတ်တယ်..အသေးလေးတွေသာ အပေါက်စိတ်နေရာက အပိုင်အကြီး
အကွက်ရလို့  အောတဲ့ အခါအတိုင်း မထွက်ခင် ၁ ရက်လို တို့ ဘာတို့ ဆိုရင် သူတို့ အိမ်ကို အမျိုးထဲက အမျိုးသမီးတစ်ယောက် ရောက်လာတတ်လာတတ်တယ် အဲ့ အမျိုးသမီးလာတိုင်း
လွဲပါရောဗျာ..တစ်လုံးချိန်း ရှေ့ နောက်ချိန်းတွေ ဖြစ်ကုန်ရော.
..အဲ့ လိုဖြစ်ပေါင်းများလာတဲ့ အခါ  အဲ့  ချဲမိသားစုဟာ  အဲ့ အမျိုးသမီး အိမ်လာလည်လို့  ချဲမပေါက်တာဆိုပြီး စိတ္တဇဖြစ် မုန်းနေတော့ တယ်....သူတို့ ချဲထိုးပြီးတိုင်း အဲ့ အမျိုးသမီးမလာပါစေနဲ့ လို့ ယတြာလုပ်ရ ဆုတောင်းရက အပိုအလုပ်တွေ ပါလာပါရော...
နောက်တော့  အဲ့ အမျိုးသမီးကိုယ်တိုင် သူ့ ကို အဲ့ ချဲအိမ်က အဲ့ ဒီလိုထင်နေတယ် မုန်းနေတယ် အိမ်လာတာမကြိုက်ဖူး ဆိုတာပြန်သိသွားတဲ့ အခါမှာတော့ ...ဆွေခန်းမျိုးခန်းပြတ်သွားပါရောဗျာ...
မလာတော့ ဘူးဆိုတော့  ပေါက်ရောလားဆိုတော့  ဒါပါပဲ...ပြောရမှာပါပဲ ပိုထူးမလာပါဘူး...
ကျနော်ကိုယ်တိုင် စိတ္တဇ ဖြစ်ခဲ့ ရတဲ့ အကြာင်းကလည်း ကိုယ့် စိတ္တဇနဲ့ ကိုယ် ပြန်ကုစရာ ဆေးမရှိဘူးဖြစ်နေတဲ့ အဖြစ်ပါ...လွန်ခဲ့ တဲ့  ၁၀နှစ်စွန်းလောက် ဗေဒင်ကို အရူးအမူး ဖြစ်နေစဉ်ပေါ့ 
ညနေစောင်း ရွှေတိဂုံဘုရားတက်ရင်းကနေ ရှေးဟောင်း ပစ္စည်းဆိုင်မှာ လက်ရာ သိပ်အချိုးပြေတဲ့ 
'' ဇော်ဂျီရုပ်သေးရုပ် ''' တစ်ရုပ်ကို တွေ့ ရတော့ လိုချင်စိတ်ဖြစ်လာတယ်..
.ဇော်ဂျီရဲ့ ဝတ်စုံက အသစ်မဟုတ်ဖူး ပုံစံက ဇာတ်ခေါင်းကွဲ ရောင်းတုတ်သွားတဲ့  ရုပ်သေးဇာတ်ပွဲ သုံးအရွယ်ဖြစ်လို့  ရုပ်သေးရုပ်စတိုင်က နဲနဲ ၀ိတ်စီးနေပြီး တော်တော်လဲ ကြီးတယ် ..
ကိုင်ကြည့် နေရင်းက အသက်ဝင်နေသလိုလို မှော်ဝင်နေသလိုလိုမျိုးပဲ
 ( အရုပ်က ရှင်သန်နေသလိုမျိုးပေါ့ )
ဈေးက အတော်ကြီးပေမယ့်  အရမ်းကိုလိုချင်နေလို့  မျက်စိမှိတ်ဝယ်ချလာလိုက်တာပေါ့  အဲ့ မှာ အတွေးတွန်းအား  ( ဇော်ဂျီ= စိန်ခြယ်= သောကြာသားရဲ့  ပဉ္စပွတ် + စတုရန်းနံ= အင်္ဂါနံအစ+ တနင်္လာနံအဆုံး= မတွန့် စေရ ကာဗာဖြစ်တယ်) ဆိုပြီးတွေးပြီးဝယ်ချလာတာ ကျနော့် အတွက် ကာဗာဖြစ်တယ်ပေါ့ လေ..
အိမ်ရှေ့ ဧည့် ခန်းမှာ အဲ့ ဇော်ဂျီရုပ်ကို လမ်းမဖက်မျက်နှာမူပြီး ကျကျနန ချိတ်ဆွဲထားလိုက်တာပေါ့ ...ကိုယ့် ဟာကိုယ် ကုလားထိုင်ပေါ်ထိုင်ပြီး တစိမ့် စိမ့် ကြည့် ရင်း ဖီးလ်တွေတက် ပီတိတွေ ဖြာနေတာပေါ့ လေ....ချက်ချင်းတော့  အိမ်မှာ ဘာမှထူးခြားလက္ခဏာမပြပါဘူး...
နောက် တစ်ပတ် နှစ်ပတ်လောက်မှာတော့  အိမ်မှာ မကြုံဖူးတဲ့  ကိစ္စတွေ ပေါက်ကရတွေ ဖြစ်လာတာ စိတ်လာတယ်..မိသားစုတွေလဲ နေမကောင်းသူမကောင်းနဲ့ ဗရုပ်သုတ်ခတွေ ဖြစ်လာတယ် အိမ်ပူလာတာ သိသာလွန်းနေတယ်ပေါ့ လေ...အဲ့ မှာ အိမ်မိသားစုက အဲ့ ဇော်ဂျီရုပ်ကို မျက်စောင်းထိုးလာပါရောဗျာ
သူတို့ က ကျနော် ၀ယ်လာကတည်းက မကြိုက်ကြတာ ဇော်ဂျီရုပ်ကြီးက  ဘယ်လိုကြီးလဲမသိဘူး ကြောက်စရာကြီးလို့ ပြောနေခဲ့ ပေမယ့်  ကျနော်ကလည်း အိမ်ကို ဗိုလ်က ခပ်ကျကျ ဆိုတော့  သူတို့ တွေ စိတ်မအီမလယ်ဖြစ်နေတာ ဂရုမစိုက်ပါဘူး...ဒါပေမယ့်  အခုလို အိမ်မှာ ဗရုပ်သုတ်ခတွေ ဖြစ်လာတော့ 
ကျနော်ကိုယ်တိုင်ပါ ငါ့ ဇော်ဂျီ ရုပ်က ပုံမလာဘူးနဲ့ တူတယ်တွေ ဘာတွေနဲ့  ကိုယ်တိုင် စိတ္တဇ ဖြစ်လာတယ်....
ဒါနဲ့  တွေးတယ် ပြောလို့ တော့ မရဘူး ရုပ်ကြီးစင်က ဆင်းလာတဲ့  ဇော်ဂျီရုပ်ဆိုတော့  မှော်ဝင်ချင်ဝင်မှာ ဆိုပြီး တွေးပြီးဖြုံလာတာနဲ့  အမှိုက်ပုံကို ပစ်တော့ မယ်ပေါ့ လေ အဲ့ မှာ အိမ်ကိုလာလည်တဲ့  အမျိုးထဲက ခပ်နွမ်းနွမ်း ဦးလေးက ပစ်မယ်ဆို ငါ့ ပေးလိုက်ဆိုတော့  ရော့ ပေါ့ လေ...ဒါနဲ့  အဲ့ ဦးလေး က သူ့ အိမ်သယ်သွားပါရော  ကျနော်လဲ စိတ်ပေါ့ သွားပြီး လွတ်ပြီကျွတ်ပြီပေါ့ လေ..
စိတ်ထင်လားဘာလားတော့ အတတ်မဆိုတတ်ဖူး..မရှိစေချင်တဲ့  အရာတစ်ခု ကိုယ့် အိမ်မှာ မရှိတော့ ဘူးဆိုတော့  အိမ်လဲ ငြိမ်သက်ခြင်းတို့  ရှိစေသတည်း ဖြစ်ပြီး ပုံမှန်အိမ်ပြန်ဖြစ်သွားပါရောဗျာ....အဲ့ မှာ ဒီဇော်ဂျီ ကိစ္စက ပြတ်ရမှာ မပြတ်ဖူး ယူသွားတဲ့  ဦးလေးက ရှပ်ဘဲ...အဲ့ မှာ မိန်းမနဲ့ ပြဿနာတက် စခန်းရောက်တွေ ဘာတွေ မရောက်စဖူးအရောက်ထူးကုန်ရော....အဲ့ မှာ ဦးလေးရှပ်ဘဲကြီးလဲ ဇောဂျီကို ပြဿနာ ကောင်ဆိုပြီး....ဟဲဟဲ...အရက်ဖိုးအကြွေးဆပ်လိုက်ပါရောတဲ့ ဗျာ....အဲ့ တော့ မှပဲ ဇော်ဂျီကိစ္စက စခန်းသိမ်း သတင်းပျောက်သွားတော့ တာပါပဲ...
ဇော်ဂျီကိစ္စက စခန်းသိမ်းသွားပေမယ့်  ကျနော်မှာ ဖြစ်ကျန်ခဲ့ တဲ့ စိတ္တဇက အဲ့  ရုပ်သေးရုပ်တွေကို လိုချင်တာ စိတ်မကုန်သေးဘူး အထူးသဖြင့်  ဇော်ဂျီရုပ်ပေါ့ လေ...ဒါပေမယ့်  မ၀ယ်ရဲ  အိမ်ထဲမထားရဲဘူး ဖြစ်ကျန်ခဲ့ တာ တစ်ခါတစ်ခါ ဇွတ် စဉ်းစားပေပမယ့်  ဟိုတစ်ခါလို ပေါက်ကရတွေ ဖြစ်လာရင် ဒုက္ခဆိုတဲ့  စိတ္တဇက ဖျောက်မရသေးဘူး...
အဲ့ မှာ ကျနော်ဗေဒင်ပတ်သက်ပြီး အိုင်ဒီယာတစ်ခု ရလာတယ် အဲ့ အိုင်ဒီယာက လူတွေမှာ ကိုယ့်  စိတ္တဇနဲ့ ကိုယ် အသီးသီး ရှိတတ်ကြတယ်...ဒီတော့  ကျနော်တို့  ဗေဒင်ဆရာတွေက ပုံမှန်တွက်ရိုးကိန်းတွေအရ ဘာနဲ့ တည့် တယ်ပြောပြော ကိုယ့် စိတ္တဇ နဲံ့  ကီးမကိုက်ရင် ကိုယ့် ဟာကိုယ် ရှောင်သင့် တာရှောင်ပါ ကျနော်တို့ ကိန်းခမ်းအတိုင်း လိုက်မလုပ်နဲ့  စိတ္တဇဖြစ်နေတာတွေဟာ
ဖျောက်ရခက်တယ် အဆင်မသင့်  ကိုယ့် စိတ်နဲ့ ကိုယ် ကိုယ့် အစွဲနဲ့ ကိုယ် ဒုက္ခတွေ ရောက်လာတတ်တယ်လို့  မှာပေးလေ့ ရှိတာမျိုးပေါ့ ....