-------
ဖြစ်တောင့် ဖြစ်ခဲမို့  တိုက်ဆိုင်မှု့ လို့ သုံးလိုက်တာ...ဒီအကြောင်းက လာတွက်သူက ပြောသွားတာပါ..သူမပေါ့  ရုံးဝန်ထမ်းပါ လည်တယ် အပေါင်ခံပါစားတာ...သူလာပြောတာ ၁ တနင်္ဂနွေသမီး အပျိုကြီးဖြစ်ပြီး သောကြာသက်ရောက်ဖြတ်နေတယ်...ကျနော့် ဆီ လာရတဲ့ အကြောင်းက လာဘ်တအားပိတ်နေလို့ တဲ့  ( သူပြောတဲ့ လာဘ်ပိတ်တယ်လို့ ပြောတာ
ဘယ်သူမှ သူ့ ဆီမှာ ဘာမှ လာမပေါင်ကြတော့လို့  တဲ့ ဗျ)..အဲမှာ ကျနော်က သူလာတဲ့  ဘောမတိုင် ( အင်္ဂါတိုင်) ကို တွေးတယ် ဘောမတိုင်မှာ တနင်္ဂနွေ ကတိုင်ပေါ်မှာ ဆပွတ်နေရာမှာ စုတ်တောင်စီးနေတာ အသားလွတ်တော့  လာဘ်ပိတ်စရာ မရှိလောက်ပါဘူး အပျိုကြီးကကြည့် ရတာလဲ ပိုက်ဆံသာ ဘ၀ ဖြစ်နေပုံ...လို့ တွေးမိတယ်..ဒါနဲ့  ရမ်းပစ်ကြည့် ဦးမှဆိုပြီး...နောက်ဆုံး အပေါင်ခံထားတဲ့ ပစ္စည်းက ရွှေလား ဂရမ်လား ကျောက်ထည်တွေ တစ်ခုခုပါလားလို့ မေးလိုက်တော့ ...သူက နဲနဲတွေးလိုက်ပြီး...
န၀ရတ်လောကက်သီးလေးက နောက်ဆုံးပဲ...ဟုတ်တယ် ဟုတ်တယ် ဆြာပြောမှ သတိထားမိတယ် အဲ့ ဒါ အပေါင်ခံပြီးကတည်းက လာဘ်ပိတ်နေတာ...လို့  သူ့ ဟာသူထပြောရောဗျာ....( အဲ့ မှာ သောကြာသက်ရောက်ရဲ့  နိစ္စပြကြိုးတွဲ သဘောကို ( စနေနံ +ဟူးနံ )သဘောနဲ့  ပြန်သတိထားမိတော့ တာပဲ...အဲ့ သောကြာသက်ရောက်ဖြတ်နေတုန်းမှာ ရုံးသမားတွေတစ်ချို့  ဒေါ်တင်တင်လှတို့ ကိုဝင်းတင်တို့  စသဖြင့် ပေါ့ လေ အဲ့ လို စနေနံ+ဟူးနံတွေ ဖြစ်နေတဲ့  နိစ္စပြကြိုးတွဲကြောင့်  အာရုံတွေနောက်ရတာ ခဏခဏကြုံဖူးတယ် ) ထူးဆန်းတာက အဲ့ သက်ရောက်ကျော်သွားရင် (၀ါ) သောကြာလစိတ်ကျော်သွားရင်လဲ ဘာမှ မဟုတ်တော့ ပြန်ဘူး...ကိန်းသဘောနဲ့  တိုက်ဆိုင်မှု့ သဘောလောက်ပဲ လူတိုင်းကြုံနေရတာမျိုးလဲမဟုတ်သလို တစ်ချို့ ကအဲ့ ကိန်းကြောင့် ဆိုတာ သိပုံတောင်မရလိုက်ဖူး ၀ူးဝူးဝါးဝါးနဲ့ ကျော်သွားကြတာများတယ်...ဗေဒင်ဆရာဆီရောက်မှသာ သြော်...ဂလိုကိုးဖြစ်သွားတာ
( အာ့ ကြောင့်  တစ်ခါတစ်ခါ ပြောတာ လိုတုန်းလေး အရေးေါ်လေး ဗေဒင်မေး ယတြာခြေတာလောက်ပဲ ကောင်းတယ် ကိုယ်တိုင် လျှောက်တတ်နေတာ ကောင်းဝူးးးး...တစ်ခါတစ်ခါ အရှုံးကို စွတ်ကျွတ်နေပြီး တွေဝေနေတတ်တယ်တယ် လို့ စ်...ခ်ခ်)
အဲ့ အပျိုကြီးကိုတော့  ပြောလိုက်ပါတယ် အတိုးရရမရရ အရင်းပြန်မလာသေးတောင် အဲ့ န၀ရတ်လော့ ကက်ကြီး ပြန်ပေးထားလိုက်ဗျာ...အ၀င်မှမတော်တာ သူ့ ဆီကရမယ့် အတိုးလေးနဲ့  ကိုယ်လာဘ်နေတာက မကာမိပါဘူးဗျာ လို့ ပြောလိုက်တော့  မနက်ဖြန် ရုံးရောက်ရင် ပြန်ပေးထားလိုက်တော့ မယ်ဆြာတဲ့ ...အဟီး...အေးရောနော့်  ဖြေရှင်းနည်းက..ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..