Powered By Blogger
Monday, June 15, 2015
နေးချား..
နေးချား..
---
အမှန်တစ်ခုခု သတ်မှတ်ဖို့  အမှားလို့  အမည်တပ်ခံရမယ့် တစ်ခုခု လိုလိမ့် မယ်...ကိုယ်က အမှန်လို့ တစ်ခုခုကို ကိုင်ပြီး တစ်ခြားတစ်စုံတစ်ရာကို သုံးသပ်ရင် တစ်ခြားတစ်စုံတစ်ရာကလည်း သူ့ တစ်စုံတစ်ရာကို  အမှန်လို့ ကိုင်ပြီး ကိုယ် ကိုင်ထားတဲ့  အမှန်ကို သူက အမှားလို့  သုံးသပ်လိမ့် မယ်...
သုံးသပ်ဖို့ က စက်ဝိုင်းတော့ တူမှဖြစ်လိမ့် မယ် အုန်းနို့ ခေါက်ဆွဲ စက်ဝိုင်းကနေ  ဖက်ရှင်စက်ဝိုင်းက အထည်ကို အင်းကျီလေးက ငံ လိုက်တာ လို့  လှမ်းသုံးသပ်ရိုးတော့ မရှိပေဘူး..
အတုပေါ်တယ်ဆိုတာ  အစစ်ရှိခဲ့ တယ် အစစ်ရှိနေတယ်လို့ ဖွင့် ဆိုလိုက်တဲ့ သဘောပဲ..
 သဘောဝတ္တတရားကြီးရဲ့  ပြိုင်ဘက်မရှိဖန်တီးချက်မှာတော့  အမှားအမှန် သဘော စံနှုံး မရှိဘူး. ကမ္ဘာမြေအတွက် နေ တို့  လ တို့ တည်ရှိနေခြင်းဟာလူတွေ အကဲဖြတ်တဲ့  အမှား အမှန်တွေရဲ့ ဘောင်တွေအောက်မှာ မရှိပေဘူး..ဒါဟာ သဘာဝလောကကြီး သဘော လို့ သာ....
နောင်တတရားရခြင်းရဲ့ အလှ
နောင်တတရားရခြင်းရဲ့ အလှ
------------
နောင်တတရားရဲ့ အလှ ဆိုတာ အနာဂတ်မှာ ကောင်းစားမယ့် သူတွေရဲ့ လက္ခဏာပါပဲ..လူကောင်းသူကောင်း စိတ်ရှိနေပါသေးတယ်ဆိုတာကိုလည်း ကိုယ်စားပြုတယ်လို့ ဆိုလို့ လည်းရကောင်းပါတယ်..
ဒီလို နောက်တရစိတ် ဖြစ်ပေါ်လာရခြင်းရဲ့  အကျိုးဆက်ဟာ..အကယ်၍ အမှားတစ်ခုခု ပြုမိခဲ့ ပြီလို့ တွေးဆဆင်ခြင်မိတဲ့ အခါ  နောင်အနာဂတ်မှာ ဒီလို အမှားတစ်ခုခုထပ်ပြုမိဖို့ အဖြစ်ကနေ ဝေးကွာနိုင်ခဲ့ ပြီ၊  ရှောင်ကျဉ်နိုင်ခဲ့ ပြီ ၊ ဆိုတဲ့ ကောင်းဖို့ ဖြစ်လာမယ့် အခြအနေတစ်ခုကို ရနိင်ခဲ့ ပြီ..
ပိုပြီးကောင်းမယ့် သူတွေက ကိုယ်ပြုမိမှားခဲ့ တာတွေကို မှားခဲ့ မိတဲ့ သက်ဆိုင်သူတွေအပေါ် ခွင့် လွှတ်ပေးပါဆိုတဲ့  အကြောင်း ပြောဆိုဖို့ ဝန်မလေးတဲ့ သူတွေပါပဲ...
ဆိုပါတော့  ရှင်ဒေ၀ဒတ်ဟာ သံသရာ တစ်လျှောက် နဲ့ ရှင်ဒေ၀ဒတ်ဘ၀ရောက်ခဲ့ အထိ ဘုရားရှင်အပေါ် အမှားတွေ အများကြီး ပြုမိမှားခဲ့ ပေမယ့်  နောက်ဆုံး မကောင်းမှု့ ကို မကောင်းမှု့ မှန် အသေအခြာသိမြင်သွားတဲ့  အသိတစ်ချက် လက်ကနဲဝင်လာချိန်မှာ...ငါမှားခဲ့ ပြီ ဆိုတဲ့ နောင်တတရားချက် မသေခင်လေးကပ်ပြီး ရလိုက်တယ်..
.ဒီအတွက် ဘုရားရှင်ကို သူ ပြုမိမှားခဲ့ တာတွေကနေ ခွင့် လွှတ်ပေးဖို အကြောင်း ကိုယ်တိုင် သွားရာက်ပြောကြားဖို့ စတင်ဆောင်ရွက်နေရင်း အမှားတွေက ကြီးမားခဲ့ အတွက် လတ်တလောအားဖြင့် တော့  နှောင်းလွန်နောင်တ သဘောအဖြစ်နဲ့  မြေမြိုခံရပြီး အနိစ္စရောက်ခဲ့ တယ်...
ကျနော်လည်း မေ့ အပေါ်မှာ ခဏခဏ မှားမိခဲ့ တာများရှိရင် ခဏခဏ ခွင့် လွှတ်ပေးပါလို့ ခဏခဏ တောင်းပန်ပါရစေမေ.......( အဟီးးးး..ခွိခွိခွိ...ခ်)
ဓါတ်တူနံတူဆေးကိုယူ
==========
ဒီစာသားက ကျမ်းရင်းလင်္ကာ (၄၀) ထဲက စာသားဆိုတာ စာဖတ်မှ သိတာ..ငယ်ကတည်းက မအေ က ဘုန်းကြီးညွှန်လို့ လှုတန်း လာတာကြာပြီ...မစပ်မိသေးတော့  ရိုးရိုးလှုတယ်ပဲ ထင်ထားတာ..အဖေ့ မွေးနံအညွန့် တစ်ညွန့် ကို ဘုရားပန်းလှုတိုင်းထည့် ထည့် လှုတာ အဓိက ကျမ္မာရေး အလွယ်နဲ့  မဖေါက်အောင်တို့  အသက်ရှည်အောင်တို့ တဲ့ ...နောက် လှုတာပါသေးတာက မွေးနံတူအစားအစာတွေ...အဖေက ဗုဒ္ဓဟူးသားမို့ တဲ့  ယိုမျိုးစုံ ခဏခဏလှုတယ် ကျမ္မာရေး တို့ စီးပွားရေးတို့ ဂွတ်နေအောင်ပေါ့ လေ...( သူ့ အတွက်တော့ သူလှုတာ သိပ်မတွေ့ ရဘူး..ဗေဒင်တောင် တစ်အိမ်လုံးစာသာ လျှောက်မေးတာ သူ့ အတွက်သူဆို မတွက်တော့ ပါဘူးဆြာရယ်ဆိုပြီး ထ ထ ပြန်လာတာ အဲ့ လို လင်သား အိမ်သားကို ပထမထားတဲ့  အမေမျိုးတွေ..)
အိမ်ထောင်ရေး ကေစ့် တစ်ခု
အိမ်ထောင်ရေး ကေစ့် တစ်ခု
---------
ကျနော်သွားနေတဲ့ လိုင်းက ၀င်လာတိုင်း တန်းမဟောဘူး.လာရင်းကေစ်က ဘာလဲကို တန်းမေးလိုက်တယ် ( အများစုက လာရင်းကိစ္စ တန်းပြောတယ် တစ်ချို့ က မြင်သမျှဟောပါတဲ့ ..မြင်သမျှဆိုရင်တော့  သက်ရောက်ကို ငုံ့ ကြည့် ပြီး သက်ရောက်သဘောတွေသာထိုင်ပြောလိုက်တော့ တယ်)... ပြီးရင် သူတို့ ပြောတဲ့  ပြဿနာတွေကို နားထောင်တယ်ပြီးရင် ဗေဒင်နဲ့ အဖြေရှာတယ် တွေ့ ပြီဆိုရင် ဒါဟာ ဘာကြောင့် ဘယ်လိုတော့ လုပ်ကြည့် ပါလို့ ပြောလိုက်တယ်...
အသေးအမွှားလို့ ထင်ရပေမယ့် ..
အသေးအမွှားလို့ ထင်ရပေမယ့် ..
----
အစွဲဟူသမျှ ကင်းမှ (၀ါ) ဘာကိုမှ တကယ်မစွဲတော့ ရင် ဘာမှ ထပ်မဖြစ်တော့ ဘူး (၀ါ) အပြီးလွတ်မယ် တစ်ခုခု ပြန်ဖြစ်နေသေးရင် တစ်ခုခု စွဲနေသေးလို့  ဆိုတဲ့ သဘောတရားကို သွားရာလမ်း အကြောင်းတွေဖတ်ရတာ အားရစရာ အားကျစရာပေါ့ အဲ့ မှာ အစွဲကင်းအောင် လျှော့ ချရတာ..စာထဲကလောက် မလွယ်ပါဘူး အတော်ကြိုးစားရလိမ့် မယ် လျှာဖျားလေးလောက်နဲ့ မလွယ်ဘူးဆိုတာ.ကိုယ့် .စိတ်ဖြစ်စဉ်တွေကို ကိုယ်ပြန်ဆင်ခြင်နေရင် ဘယ်လောက်တောင် အင်အားကောင်းကောင်းနဲ့ အစွဲထုကြီးသလဲဆိုတာ ပေါ်ပေါ်လာတယ်..
''ထိုညတာ...''
''ထိုညတာ...''
--------
တမေ့ မေ့ မူး
နှင်းဆီဖူးကြောင့် 
ရူးခဲ့ သည်လေ့ 
မေ့ ထံပါးက
ရနံ့ လှိုင်ရစ်
ကမ္ဘာသစ်လမ်း
ပန်းအလင်္ကာ
သစ္စာရည်ဖြန်း
လွမ်းစေတဲ့ မေ
လွမ်းရလေအောင်
မောင်နဲ့ မေ ရဲ့ ..
ထိုညတာ....
-------------------
''ထိုညတာ...''
--------
တရှိုက်မက်မက်
လှိုက်တက်ညှို့ ငင်
ရင်ခွင်နန်းကြောင့် 
ရူးခဲ့ သည်စမ်း
ပန်းအလင်္ကာ
သစ္စာရည်ဖြန်း
လွမ်းစေသည့် မောင်
လွမ်းရလေအောင်
မေနဲ့ မောင်ရဲ့ 
.ထိုညတာ...။
''သွေ့ ခြောက်ကြေ..''
''သွေ့ ခြောက်ကြေ..''
---
''လမ်းခွဲသွားလဲ လွမ်းရဲပါတယ်
အသည်းနွမ်းကိုတော့  မင်း မသိစေရ
ငါ မာနထား ခေါင်းမော့ သွားလည်း
မျက်ဝန်းအိမ်ထဲ မိုးရေဖွဲ့ တည်
မိုးနဲ့ အပြိုင်......''....။
''မလွမ်းတော့ ဘူးလေ မလွမ်းလောက်ပါဘူး
မင့် ဆူးဒဏ်ရာ ငါ ကြိတ်ခံမယ်
မာန်ထယ်နေလည်း  နာကျင်ခြင်းက
ရင်ထဲမှာ...''...။
နေစိမ့် သူက နေတတ်ခဲ့ အောင်
ပြုံးယောင်ဟန်သစ် မင်းမချစ်တော့ လည်း
သွားပေါ့ လေလို့  ငါဆိုသော်ငြား
ငါ့ နှုတ်ဖျားတွေ  ဆပ်ဆပ်တုန်စေ့ 
သွေ့ ခြောက် ကြေ....။
ဂြိုလ်ကောင်းတယ်ဆိုတာဘာလဲ ? ဂြိုလ်ဆိုးတယ်ဆိုတာဘာလဲ..?
ဂြိုလ်ကောင်းတယ်ဆိုတာဘာလဲ ?  ဂြိုလ်ဆိုးတယ်ဆိုတာဘာလဲ..?
-----------
ကျနော်တို့ တွေ ဒီဂြိုလ်အကောင်း အဆိုးသဘောရဲ့ ဘေ့စ်ကို လိုက်တဲ့ အခါ မှာ စက်ဝိုင်းကို နဲနဲချဲ့ ရပါတယ် အရွယ်တို့ ကျင်လည်ရာနယ်ပယ်တို့ အရပ်သားတို့ ဝန်ထမ်းတို့ စသဖြင့် အစုံစုံပေါ့ လေ...အများအားဖြင် နားလည်ထားတာက ဂြိုလ်ကောင်းဆိုတာနဲ့  ဘောစိကြီးဖြစ်နိုးနိုးနဲ့ ဂြိုလ်ဆိုးဆိုတာနဲ့ မြွေကိုက်ခံရတော့ မလိုလို မျိုးပေါ့ ...နောက်တော့  အခြေအအနေတွေကို စုစည်းပြီး သုံးသပ်လိုက်တဲ့ အခါ ဂြိုလ်ကောင်းရဲ့ သဘော အဆိုးရဲ့ သဘာဝတွေကို တွေ့ လာရပါတယ်..
သဘောက..
နငယ်ရေ န မ လုံးတင် တ သတ်မိတ် နမိတ်...ငိငိ
နငယ်ရေ န မ လုံးတင် တ သတ်မိတ် နမိတ်...ငိငိ
--------------
နမိတ်ကောက်တာမှာ အပိုင်း ၂ပိုင်း သဘောရှိမယ် ပထမအပိုင်းက ထင်မြင်ချက်သဘော..ဘာကြီးမြင်လို့  ဘာဖြစ်နိုင်တယ်လို့  အကောင်းတွေ အဆိုးတွေ တစ်ခုခု ပြောချလိုက်တဲ့ အပိုင်း..အဲ့ အပိုင်းက လူတိုင်းနီးပါး ထမင်းစားရေသောက်လောက်တောင်မခက်လို့  လွယ်တယ်..လွယ်တယ်ဆိုတာက မှားခြင်းမှန်ခြင်းအတွက် တာဝန်ယူစရာမလိုလို့ ..မယူလို့ ..တာဝန်ယူပါဆိုရင် ကောက်ပါဘူး. ဆီမရဆန်မရနဲ့ .....ငိငိ..
'' ကြေးစားဗေဒင်ဆြာ ဖြစ်ခွင့် ''
'' ကြေးစားဗေဒင်ဆြာ ဖြစ်ခွင့် ''
---------
ဗေဒင်ကို မယုံဘူးဆိုတဲ့ သူတွေထက် ပေါ်တင်ယုံ ဒိုင်လျိုယုံတယ်ဆိုတဲ့  ယုံတဲ့ သူ နဲ့ ..ဖာသိဖာသာနေတဲ့ လူတွေကပိုများတယ်..ဒါကြောင့် ပဲ ဗေဒင်ပညာရဲ့ ဖြစ်တည်မှု့ ကို ငြင်းပယ်တဲ့ အယူဝါဒမျိုးစုံနဲ့ အပြိုင် နှစ်ပေါင်း ထောင်ချီပြီး အသွင်မျိုးစုံနဲ့  ရှင်သန်နေခဲ့ တာဖြစ်တယ်...
ကိုယ့် အဖေ..တစ်နာရီပျော်ရလည်း မနဲပါဘူးဆိုပြီး....
ကိုယ့် အဖေ..တစ်နာရီပျော်ရလည်း မနဲပါဘူးဆိုပြီး....
-----------------
ခေတ်ပညာတွေရဲ့ အကြောင်းတွေးတောရင်းက ကျနော့် အဖေ ကျောက်ကပ်စဆေးတုန်းက သူ့ ဖြစ်ပုံလေး ပြန်သတိရလို့  ပြောပြရဦးမယ်ဗျားး.
''အဖေ နားမလည်ပဲ မကိုင်ပါနဲ့ ..''
''အဖေ နားမလည်ပဲ မကိုင်ပါနဲ့ ..''
-----
ဘ၀အသိတွေကို ဒီလိုပဲ ကိုယ့် ဝန်းကျင်ကအဖြစ်အပျက်တွေ ကြည့် ပြီး '' ငါ သာဆိုရင်တော့ '''ဆိုတဲ့  အသိကို မွေးယူခဲ့ ရတယ်..အမျိုးထဲမှာတကယ် ဖြစ်ခဲ့ တဲ့ 
စိတ်မကောင်းစရာအဖြစ်ပေါ့ ..
သားကြီးသြရသဟာ အမျိုးထဲမှာ ပထမဆုံး စက်မှု့ ကျောင်းဆင်းဘွဲ့ ရပညာတတ်ဖြစ်လာပြီး ကြီးပွားစပြုလာပြီ..ဒါကို တောနေတောစားဘ၀ကနေ မြို့ တက်အသက်မွေးရင်း သားတွေကို  ပညာတတ်ကြီးတွေဖြစ်လာအောင် ကျောင်းထားပေးခဲ့ ရင်းက အရွယ်လွန်ရွေ့ လျားတော့  အိမ်မှာနားသူ ဖြစ်လာတဲ ဖအေအိုကြီးက ဂုဏ်ယူမဆုံး  သားကြီး သားကြီး..နဲ့ ပေါ့ ..ကျနော်တို့ က ခေးတွေ ..သူတို့ အိမ်မှာ အောက်စက်ရှိလို့ ခွေငှားပြီး သူတို တိုရှိဘာမှန်နှစ်ထပ်ကြီးမှာ သွားသွားကြည့် ကြတယ်...
ယတြာခြေရတဲ့ အကြောင်း...
ယတြာခြေရတဲ့ အကြောင်း...
-----------
ဆိုပါတော့  လူတစ်ယောက်ဟာ စနေဂြိုလ်ဖြတ်ရောဆိုပါတော့  စနေဂြိုလ်ဖြတ်ရင် ဆေးရုံတက်ရမယ်လို့ အဟောခံရရောဆိုပါတော့ ..ဒါပေမယ့်  တကယ် တက်ရ မရက မပြောနိုင်သေးဘူး (အိုးလ်ဆားဗစ် ဆရာကြီးတွေကတော့  ပြောနိုင်လည်း မပြောပေးကြဘူး ဖြစ်တန်ရာခြေပဲ ပြောပေးကြတယ်
အကြောင်းက လျို့ ဝှက်ပြီး လာပုံလာနည်း ပရိယာယ်များတဲ့ အတိတ်ကံအတွက် ကံတစ်ကွက် ချန်ထားရတဲ့ သဘောပေါ့ )
ကျနော်တို့ တွေ ဒီဗေဒင်ကို သုံးနေတဲ့ စတိုင်....
ကျနော်တို့ တွေ ဒီဗေဒင်ကို သုံးနေတဲ့ စတိုင်....
------------
ကျနော်တို့ ဒီဗေဒင်ကို သဘောထားပုံက မသေခင် တစ်ဘ၀စာလေး ကြုံရမယ့် ဒုက္ခတွေက သက်သာရာ သက်သာကြောင်းလေး ဘေးအကူ အဖြစ် လောက်ပဲ  သဘောထားတာ..ပြီးတော့  ဘ၀ဆိုတာ တကယ်က ရာကျော် နေရတယ်ဆိုတာ ရှားတယ်.ဒီတော့  ဘ၀ခရီးကို လျှောက်လှမ်းရတဲ့ အခါ ကိစ္စတစ်ခုခု ဗေဒင်ကြောင်းအရ သိရဖို့  အချိန်တွေ အများကြီး မပေးနိုင်ဘူး..
ဒီတော့ ခပ်သုတ်သုတ် နဲ့ အဖြေတွေ အမှား နဲနဲနဲ့ အမြန်ထွက်မယ့် လောကီပညာတွေကို ပိုအားသန်သွားတယ်..အဲ့ မှာ အမြန်ဆုံး ရက်စ် အော် နိုး ဆုံးဖြတ်နိုင်တဲ့ ပညာတွေကို လက်တွေ့ ချသုံးတော့ တာပါပဲ....
ဗေဒင်ဆရာ့ ပစ္စည်းပျောက်တော့ 
ဗေဒင်ဆရာ့ ပစ္စည်းပျောက်တော့ 
---
တစ်ခါကပေါ့ .ဘုရင့် နောင်ပွဲရုံတန်းကို ပွဲရုံရှင်းဖို့  အောက်ဒိုးလိုက်ရတယ်.ရင်းလွန်းနေလို့ သာလိုက်တာ အတွေ့ အကြုံတွေကြောင့် ဘယ်တုန်းကမှဘယ်လောက် မက်လောက်အောင်ပေးပေး အောက်ဒိုးထွက်လိုက်တာမျိုး မလုပ်တော့ ဘူး.ကိုယ့် ဂူထဲ ကိုယ်ဗျင်ပဲလုပ်နေတော့ တာ..
ပွဲရုံကို ရွှေရည်ငွေရည် အမွှေးနံ့ သာရည်နဲ့  ပက်ဖြန်းရမယ်ပေါ့ ..မေ့ ချက်က ငွေရည်လုပ်ဖို့ ငွေအကြွေစေ့ တွေကပါသွားပေမယ့်  ရွှေရည်လုပ်ဖို့  ရွှေဆိုင်းပြားတွေက ပါမသွားဘူး..ရေမွှေးပုလင်းတော့ ပါလာသား...အဲ့ မှာ ဗေဒင့် ဆရာ ဥာဏ်က ဘာရမလဲ ကိုယ့် လက်မှာ စွပ်ထားတဲ့ 
ပြောင်ကွင်းရွှေလက်စွပ်ကို ချွတ်ပြီး ဂလောက်ကနဲ ဖလားထဲထည့် စိမ်လိုက်တော့  ရွှေရည်ဖြစ်ကရောပေါ့ လေ
..အယူအဆ ရီဗော်လူးရှင်း...
..အယူအဆ ရီဗော်လူးရှင်း...
----
တစ်ယာက်စ နှစ်ယောက်စကို ကြည့် ပြီး အယူအဆတစ်ခုကို ချပြောလို့  တကယ်ထင်ပြီး စိတ်ဒုက္ခရောက်ခဲ့ ရသေးတယ်..နောက် မြင်ထောင့် တစ်ခုကနေ တွေးကြည့် ဖို့  တွေးတောင် မတွေးမိခဲ့ ဘူး.တွေးရကောင်းမှန်းလည်းမသိဘူး.....ငယ်တုန်းက ကြားဖူးခဲ့ တာက .....
ဲ ဂြိုလ်အထာ
ဲ ဂြိုလ်အထာ
---
ဟူးသမီး အင်္ဂါသက်ရောက် မုဆိုးမလေး ကျန်ခဲ့ တာတွေက ထုထည်ကြီးတွေတော့ ရှိတယ် ငှားစားထားတယ်..ဒါပေမယ့် ကိုယ်တိုင်အလုပ်တစ်ခုခုမရှိသေးတော့  ငွေကျပ်တယ် ( စိတ်လိုသလောက်မရှိတာမျိုးလောက်ပါ)...ဒီတော့ ဘာသာရေးတွေ အရမ်းလုပ်တယ်လို့ ဆိုတယ် (သူ့ ဘာသာရေးက တစ်နေကုန်ပဌာန်းရွတ်တာ ပုတီးတွေထိုင်စိတ်နေတာမျိုး လို့ ပြောတယ် )...ဒါပေမယ့်  ကျပ်မြဲ...ဂိုထောင်တစ်ခု အငှားချတာ လာလာကြည့် ကြည့် ပြီး ပျက်ပျက်နေတယ် အဲ့ တော့ ငွေပိုကျပ်နေလို့  အငှားမြန်မြန်ရချင်တယ်လို့ ဆိုလာတယ်
ကိုတတ်ပတို့ သည်....
ကိုတတ်ပတို့ သည်....
-----------
ကိုတတ်ပတွေကတော့  ကိုတတ်ပတွေပါပဲ..နေရာတကာ ရုပ်ရှု့ ထောင့် ကချည်း တွေးမြင်ဝေဖန်နေရင် အ၀တ်အစား ဘရမ်းနယူးအဆန်း ဒီဇိုင်းအလန်း ဖက်ရှင် အန် ဗျူးတီး သမိစ် အင်း သည် ဂွိ တွေဘာတွေလုပ်မနေပါနဲ့ တော့ ကိုယ်ပေါ်မှာဖုံးရတဲ့ အကြောင်း အဓိက ဖြစ်တဲ့ အအေးအပူအရှက်လုံပြီးတာပဲ ဂွမ်းစောင်ကြီးကြီး ချင်းစောင်ကြီးကြီး တစ်ထည်လောက်ပဲ တစ်ကိုယ်လုံးပတ်နေလိုက်ပါတော လို့ ဆိုရမယ့် အပေါက်ပေါ့ ..
တစ်ခါတစ်ခါ...
တစ်ခါတစ်ခါ...
ဘ၀ဆိုတာ
အိပ်မက်ထဲမှာပါ
စာမေးပွဲ ကျတယ်....
အများသဘောနဲ တစ်ယောက်ချင်း စိတ္တဇ..
အများသဘောနဲ တစ်ယောက်ချင်း စိတ္တဇ..
----------
ဗေဒင်တွေ တွက်တော့ ကိန်းတွေ အခြေခံပြီးတွက်ထုတ်ရပေမယ့် တစ်ယောက်ချင်းရဲ့ စိတ္တဇ တို့  ယဉ်ကျေးမှု့ တို့ ပါ ထည့် စဉ်းစားပေးရသေးတယ်...သဘောက
ကာလာ အနက် (၀) မဟူရာ ကျောက်တို့  အဆောင်တို့ က ဒီလူနဲ့  တည့်  တယ်လို့  အဖြေက ထွက်နေပေမယ့် အဲ့  လူရဲ့ ယဉ်ကျေးမှု က အနက် ကို အမင်္ဂလာအရောင်လို့  သတ်မှတ်ထားတာကို သူက လက္ခံထားရင် (သို့ ) သူကိုယ်တိုင်က အနက်ရောင် တစ်ခုခု ကို သုံးလိုက်တိုင်း မကောင်းမှု့ တစ်ခုခု သူ့ ဆီကို ကျရောက်လာတယ်လို့ သူက စိတ်စွဲနေရင် ဗေဒင်က ဘယ်လိုပြောပြော ကိုယ့် စိတ်က မတည့် ဘူးထင်ရင် ရှောင်သာရှောင်ပါ  မသုံးရလို့  မဆောင်ရလို့  ဘာမှဖြစ်မသွားဘူး လို့ ...
ဒါ ကျနော့် တွေးခေါ်မှု့ စတိုင်ပါ.
''ငါ'' ဗဟိုပြု ပညာကို အနားသပ်တဲ့ စတိုင်....
''ငါ'' ဗဟိုပြု ပညာကို အနားသပ်တဲ့ စတိုင်....
---------
ကျနော်တို့ တွေးပုံခေါ်ပုံတွေက မူလအစဉ်အလာ သမားရိုးကျသဘောကနေ ယူနီဗာစတီရောက်မှ ကိုယ်ယူတဲ့ ဘာသာတွဲက စာပေတွေကြောင့်  စပြောင်းလဲသွားခဲ့ တယ်
ငါမမွေးခင်က ဒီလောကရှိမရှိကို ငါမသိဘူး..ငါမွေးလာမှ ငါ့ လောကဖြစ်လာတာ ငါသေသွားရင် ကျန်ခဲ့ မယ့် ဒီလောကဟာ ငါ့ လောက မဟုတ်တော့ ဘူး  ငါမသေခင်သာ ယာယီ ပတ်သက်နေရတဲ့  လောကသာဖြစ်တယ် နောင်ဘ၀မှာ လောကသစ်တစ်ခုကြုံရဦးမယ်ဆိုရင် အဲ့ လောကဟာသစ်ဟာ ငါ့ လောကသစ်ဖြစ်လာလိမ့် မယ်....
လောကကိုကြည့် တဲ့ အခါ ဒီလို ငါ ဗဟိုပြု အတွေးအမြင်စဖြစ်လာတယ်...အဲ့ ဒီမှာ လောကီပညာတွေ (၀ါ) ဒီဗေဒင်တွေနဲ့ ပတ်သက်လာတဲ့ အခါ
ခေတ်ဗေဒင်ဆရာနဲ့ သိပ္ပံခေတ်
ခေတ်ဗေဒင်ဆရာနဲ့ သိပ္ပံခေတ်
--
အရင်က ဗိုက်ကြီးသည်တစ်ချို့  ဗိုက်ကြီး ကားယားကားယားနဲ့  လာရင် ဘာလေးမွေးမှာလဲလို့  မေးတတ်တယ် ခုနောက်ပိုင်းတော့ မေးလေ့ သိပ်မရှိတော့ ပါဘူး ဂျူ့ ဒိတ်နဲ့ ခွဲချိန် ချိန်တာမျိုးသာ အဓိက ထားကြတော့ တယ်..
ဗေဒင်ပညာ ရဲ့  အခါတိုင် ဆိုတဲ့ စန္ဒရောသောရီ ဘာညာတွေဆိုတဲ့  အင်္ဂါ့ ဝိဇ္ဇာ အင်တူလက်မျှ နဂိုပ အောင်ဆုလည်းပွား စာတန်းတွေဘာညာတွေ ရှိတယ်
အသံထွက်ဗေဒင်
အသံထွက်ဗေဒင်
---------
တစ်သက်လုံးက သူများတွေကချည်း ကိုယ့် အသံဖမ်းယူသွားတာပဲခံနေရတာ ဒီနေ့ တော့ စိတ်ကူး ပေါက်တာနဲ့ ကျနော်က ကိုယ်ဗေဒင် တွက်ပေးနေတာ ကိုယ့် ဟာကိုယ်  အသံ ဖမ်းထားလိုက်ပြီး ပိုစ်လုပ်ပေးလိုက်တာဗျား.
လာနေကျ ကိုယ့် မြို့ နယ်ထဲက အမျိုးသမီးပါ..၁၀လပိုင်း ၇၁ဖွား သုံးကြွင်း တနင်္လာသမီး အထွန်းဖွားပါ.အိမ်ထာင်သည်ပါ ..အသက် ၄၄ ထဲမှာ ဖြစ်ပြီး စနေ ၂ ထပ်လို့ လည်း ခေါ်ပါတယ် စနေ ဂြိုလ်အိပ်ကြီး ၁၀နှစ်အတွင်းနဲ့  သက်ရောက်စနေ တစ်နှစ် ထပ်သွားလို့ ပါ..တနင်္လာသားသမီးတွေ အတွက် စနေသက်ရောက်ဟာ ၄ခွင်မြာက် ဘုမ္မိလို့ လည်းဆိုပါတယ်
ကျနော့် ရဲ့ တွက်ပုံ တွေးပုံ ပြောပုံ အယူအဆ လိုတိုရှင်းတွေ အပိုတွေ မပါတာ အရေးမကြီးတာတွေ မပါတာ မလိုအပ်ပဲ လျှာကြော မရှည်တာတွေကို တကယ့် အလုပ်မှာ ပိုက်ဆံယူပြီး တွက်ပေးရင် ခေတ်သစ်ဗေဒင်စတိုင် နဲ့ အချိန်ဟာ ပိုက်ဆံဖြစ်နေတဲ့  ခေတ်လူတွေ အတွက် အဓိက အရေးကြီးတာက ဘာတွေလဲဆိုတဲ့  ဘာတွေကိုပဲ အဓိကထား ပြောပေးတယ်ဆိုတာကို  သူငယ်ချင်းတွေ ဗဟုသုတရအောင် ကျနော့် အသံ အစစ်နဲ့ တင်ပေးလိုက်တာပါပဲဗျာ..
အဲ..ကျနော်က အသံထွက် ဗေဒင်ဘာညာတွေလည်း မဟောပါဘူး..ဟောစာတမ်းလည်း မရေးပါဘူး သင်တန်းပြသလို သူများကို ပြန်လည်း  မသင်ပေးတတ်ပါဘူး
လာတွက်သူက ဗေဒင်လာတွက်ရတဲ့ အဓိကပါလာတဲ့ အကြောင်းအရင်းကိစ္စကို စမပြောရင်  ကျနော်က သက်ရောက်ကိုသာ အရင်ချပြလေ့ ရှိပြီး နောက်မှဖြစ်နေဆဲကိစ္စတွေကို တိုင်ပင်ကြတဲ့ သဘောနဲ့ ယတြာကိစ္စတွေကိုသာ အဓိကထားတဲ့ လိုင်းပါဗျာ..
ဧည့် သည်လာပြီဆိုမှ အိပ်ယာက ၀ူးဝူးဝါးဝါးထပြီး မျက်နှာရေဆွတ် ပြီး (ငိုက်ငိုက်နဲ့ ) ထိုင်ပြီး တန်းဟောတာပါ..(အာပုပ်စော်နံမှာစိုးလို့ ကွမ်းတစ်ယာကောက်ဝါးပြီး ၀ူးဝူးဝါးဝါးတွေ ဟောတာပါ..ငိငိ..) 15MB / 16မီးနစ်နဲ့  ၃၉စက္ကန့် ရှိပါတယ်...( နောက်တစ်သုတ်က သုံးယောက် နန်းစတော့ ကြီးဖြစ်လို့  နာရီဝက်နီးပါးဖြစ်နေလို့ မတင်တော့ ပါဘူး..)
အဲ နောက်လည်း ဒီလို အလုပ်ခွင် အစစ်က အသံထွက်ဗေဒင်ကို တင်မှာ မဟုတ်တော့ ပါဘူးဗျားး.ဟီးဟီး
ဒီအသံထွက်ဗေဒင်ကို စိတ်ကူးပေါက်လို့ နားထောင်မိရင် ကျနော် ဗေဒင်ကို ဘယ်လိုသုံးနေတယ်ဆိုတာ တစ်ခုခုတော့ ရကောင်းပါရဲ့ လိုစ်....