'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 15, 2015
ဲ ဂြိုလ်အထာ
ဲ ဂြိုလ်အထာ
---
ဟူးသမီး အင်္ဂါသက်ရောက် မုဆိုးမလေး ကျန်ခဲ့ တာတွေက ထုထည်ကြီးတွေတော့ ရှိတယ် ငှားစားထားတယ်..ဒါပေမယ့် ကိုယ်တိုင်အလုပ်တစ်ခုခုမရှိသေးတော့  ငွေကျပ်တယ် ( စိတ်လိုသလောက်မရှိတာမျိုးလောက်ပါ)...ဒီတော့ ဘာသာရေးတွေ အရမ်းလုပ်တယ်လို့ ဆိုတယ် (သူ့ ဘာသာရေးက တစ်နေကုန်ပဌာန်းရွတ်တာ ပုတီးတွေထိုင်စိတ်နေတာမျိုး လို့ ပြောတယ် )...ဒါပေမယ့်  ကျပ်မြဲ...ဂိုထောင်တစ်ခု အငှားချတာ လာလာကြည့် ကြည့် ပြီး ပျက်ပျက်နေတယ် အဲ့ တော့ ငွေပိုကျပ်နေလို့  အငှားမြန်မြန်ရချင်တယ်လို့ ဆိုလာတယ်
အင်္ဂါ သက်ရောက်သဘောဟာ ဖြစ်ချင်လေလေ မဖြစ်အောင် နှောက်ယှက်လေလေ နဲ့  မဖြစ်ချင်ပါဘူး ဆိုတာကိုမှ လိုက်လိုက်ဖြစ်အောင် ရစ်တယ်...ဒီသဘာဝကြားမှာ အဲ့ ဟူးသမီး ညပ်နေ..ဒီလို စိတ်ဖိအားများနေရင် ဘာယတြာပေးပေး တိုးမှာမဟုတ်ဖူး...ဒီတော့  သူ့ ကို စလုပ်ခိုင်းရတာ ဘာသာရေးကို တော်ယုံပဲလုပ်ပါ အရမ်း ဖိမလုပ်ပါနဲ့  ပိုပြီး ကျပ်တည်းလာလိမ့် မယ်ဆိုတော့  ဒါဆို ပဌာန်းရွတ်တာ နားလိုက်ရမလား လို့ ပြန်မေးတော့  အခုရက်ပိုင်းလေးတော့  နားလိုက်ပါ..နောက်မှ ပြန်ရွတ်ချင်ရွတ်ပေါ့ လို့ ပြောလိုက်ရတယ် ( ဓမ္မန္တရာယ် မဖြစ်အောင်လည်း ပြောရသေးတယ်)
ပဌာန်းကြောင့်  ပိတ်ဆို့ နေတာမဟုတ်ဘူး ဂြိုလ်ကိုက ရတာမလို လိုတာမရ ဖြစ်နေလို့  စိတ်ကို အရင်လျှော့ ချခိုင်းလိုက်တာ လို့ ရှင်းပြရသေးတယ်..
ပြီးမှ စပယ်ပန်းတို့  ဘာတို့  မြေပဲကြော်ကပ်တာလုပ်ပါ ပုံမှန်လေးပဲ ဘုရားရှိခိုးရင်ရပါပြီ အလုပ်ဖြစ်သွားလိမ့် မယ်လို ပြောလိုက်ရတယ်...၁၀ရက်လောက်မှာ မြေအငှားရသွားလို့  ငွေကျပ်တာ အသက်ရှုချောင်သွားတယ်...ပဌာန်းမရွတ်တော့ မှ အလုပ်ဖြစ်သွားတာမဟုတ်ပဲ သူ့ စိတ်ထဲက လိုချင်မှု့ ဖိအားကြီး တင်းခံနေတာကို ငတ်မှမငတ်သေးတာ ကံ ပါပဲလေ ဆိုတဲ့ အထိ လျှော့ ချလိုက်တဲ့ သဘောကြောင့်  သူ့ စိတ်ကြောင့် သူ့ ပြန်ပိတ်ဆို့ နေတာတွေ သူ့ ဟာသူ ပြန်ပွင့့်သွားတာမျိုးသဘော တကယ်က ယတြာအစွမ်းက နဲနဲ ဂြိုလ်အထာကို ကစားပေးလိုက်တာကအဓိကပါ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..