Powered By Blogger

Monday, June 15, 2015

..အယူအဆ ရီဗော်လူးရှင်း...



..အယူအဆ ရီဗော်လူးရှင်း...
----
တစ်ယာက်စ နှစ်ယောက်စကို ကြည့် ပြီး အယူအဆတစ်ခုကို ချပြောလို့  တကယ်ထင်ပြီး စိတ်ဒုက္ခရောက်ခဲ့ ရသေးတယ်..နောက် မြင်ထောင့် တစ်ခုကနေ တွေးကြည့် ဖို့  တွေးတောင် မတွေးမိခဲ့ ဘူး.တွေးရကောင်းမှန်းလည်းမသိဘူး.....ငယ်တုန်းက ကြားဖူးခဲ့ တာက .....



''' လက်တစ်ဖက်ထဲကဖြစ်စေ လက်နှစ်ဖက်စလုံးကဖြစ်စေ..လက်သန်းလေးကောက်နေရင် စိတ်ပုပ်တတ်တယ် ..''လို့  အမျိုးထဲက အစ်မတစ်ယောက်ပြောတာကို တကယ်ထင်သွားခဲ့ ဘူးတယ်...''

ထင်ရလောက်အောင်လည်း လက်သန်းလေးကောက်ပြီး စိတ်ပုပ်တဲ့ သူ တစ်ယောက်နှစ်ယောက်က လက်တွေ့ ရှိနေတယ်....အဲ့ မှာစိတ္တဇဖြစ်တော့ တာပါပဲ...ကိုယ့် လက်တစ်ဖက်က လက်သန်းလေးက ကွေးယောင်သန်းနေတယ်လေ...ဘယ်လောက် ဇွတ်တင်းပြီးတန်းထားထား အချိန်တန်တာ  နဲနဲပြန်ကွေးသွားတာပါပဲ လက်ညှိုးလို လက်သူကြွယ်လို တန်းနေအောင်ကိုမဖြောင့်ဘူး...

အဲ့ မှာပြဿနာတက်နေတော့ တာက ဒီလက်သန်းလေးကွေးယောင်သန်းနေတာ သူများမသိစေချင်ဘူး သိသွားရင် ကိုယ့် ကို စိတ်ပုပ်ကောင်လို့ ထင်သွားမှာစိုးနေတယ်...အဲ့ စိတ္တဇ က ဥာဏ်ကို ဘယ်လာက်ပိတ်ဆို့ သွားလဲဆိုရင် လက်သန်းကွေးတာဟာ စိတ်ပုပ်တဲ့ သူတွေရဲ့ လက္ခဏာဆိုတာ သူများတွေ သိချင်မှ သိလိမ့် မယ် လို့ ဆိုတဲ့ အတွေးမျိုးကိုတွေးကိုမတွေးမိခဲ့ ဘူး ကိုယ့် အသိ ကိုယ့် အတွေးနဲ့  ကိုယ့် ဟာကိုယ် စတ္တဇဖြစ်နေတာမျိုးပဲ

အရွယ်တစ်ခုရလာချိန်မှာတော့ တွေးတတ်ခဲ့ ပြီ ကြည့် တတ်ခဲ့ ပြီ..ဘယ်လက်ချောင်းမှ ကောက်မနေတဲ့ အပြင် ကြာသွယ်ဖူးငုံလို ဖြောင့် စင်းလှပနေတဲ့  လက်ပိုင်ရှင်တွေထဲမှာ သိပ်ကို စဉ်းလဲကောက်ကျစ်တဲ့ စိတ်ပုပ်စိတ်ယုတ်သမားတွေ ဒုနဲ့ ဒေး ရှိနေတာ တွေ့ ခဲ့ ရပြီ....အပြင်ရုပ်နဲ့ အတွင်းသရုပ်ကို ဒဲ့ ကြည့် ဆွဲစိပစ်လိုက်ရင် အမှားဖြစ်လွယ်တယ်ဆိုတာ..ကိုယ့် စိတ်ကို ကိုယ်ပြင်တဲ့  အယူအဆရီဗော်လူးရှင်း..အဖြစ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..