ဓါတ်တူနံတူဆေးကိုယူ
==========
ဒီစာသားက ကျမ်းရင်းလင်္ကာ (၄၀) ထဲက စာသားဆိုတာ စာဖတ်မှ သိတာ..ငယ်ကတည်းက မအေ က ဘုန်းကြီးညွှန်လို့ လှုတန်း လာတာကြာပြီ...မစပ်မိသေးတော့  ရိုးရိုးလှုတယ်ပဲ ထင်ထားတာ..အဖေ့ မွေးနံအညွန့် တစ်ညွန့် ကို ဘုရားပန်းလှုတိုင်းထည့် ထည့် လှုတာ အဓိက ကျမ္မာရေး အလွယ်နဲ့  မဖေါက်အောင်တို့  အသက်ရှည်အောင်တို့ တဲ့ ...နောက် လှုတာပါသေးတာက မွေးနံတူအစားအစာတွေ...အဖေက ဗုဒ္ဓဟူးသားမို့ တဲ့  ယိုမျိုးစုံ ခဏခဏလှုတယ် ကျမ္မာရေး တို့ စီးပွားရေးတို့ ဂွတ်နေအောင်ပေါ့ လေ...( သူ့ အတွက်တော့ သူလှုတာ သိပ်မတွေ့ ရဘူး..ဗေဒင်တောင် တစ်အိမ်လုံးစာသာ လျှောက်မေးတာ သူ့ အတွက်သူဆို မတွက်တော့ ပါဘူးဆြာရယ်ဆိုပြီး ထ ထ ပြန်လာတာ အဲ့ လို လင်သား အိမ်သားကို ပထမထားတဲ့  အမေမျိုးတွေ..)
နောက်တော့  နယ်က အမျိုးတွေအိမ်မှာလည်း အဲ့ လိုပဲမွေးနံအညွန့် လေးတွေ လှုလှုထားတတ်ကြတာ တွေ့ ရတယ် အသက်ရှည်ဖို့ ပေါ့ လေ..ဒီသဘောကို ရိုးရာမှာ နံတူသားဘုရားထုပူဇော်ရင် သက်ရှည်တယ်ဆိုတဲ့ သဘောရှိနေတာမျိုးနဲ့ အတူတူပဲ...။
အဲ့ သဘောကနေ ဓါတ်တူနံတူကို ကိုယ့် ရဲ့ အသက်ရှည်ဖို့  ကျမ္မာဖို့  လာဘ်တိတ်နေရင်လာဘ်ပွင့် အောင်လို့ ဆိုပြီးလုပ်တဲ့ ဒါနခန်းတွေ ဓါတ်ပညာတွေ အများ
ကြီးဖြစ်လာတယ်
...လုပ်နေကြတစ်ခုမှာနေမကောင်းတာကြာလာရင် ဝေဒနာရှင်ရဲ့ မွေးနံတူ ရဟန်းတစ်ပါးကို ဆွမ်း သင်္ကန်ကပ်လှုတာမျိုးလည်းပါတယ်...ကိုယ့် မွေးနံတူ အပင်လေးတွေ အများသူငါ သုံးစွဲနိုင်အောင် ဘုရားဝင်းကျောင်းဝင်းတွေမှာအပင်ရေများများလေးသွားစိုက်လှုဒါန်းတာတွေလည်း ဖြစ်လာတယ် အမေတို့ နယ်ဘက်မှာဆို ငွေကြေးတတ်နိုင်တဲ့  ကုန်သည်ကြီးတွေတစ်ချို့  သူ့ စီးပွား ကျမ္မာသက်ရှည်ဖို့ တဲ့  သူ့ မွေးနံတူ ရဟန်းတစ်ပါးကို ပစ္စည်းလေးပါဒယကာခံထားလေ့ ရှိတယ်တဲ့  ကုသိုလ်လည်းဖြစ်အောင် ကိုယ်လည်း ဂွတ်အောင်သဘောပေါ့ ...အဲ့ ဒီမှာ ဒဏ်ခံပင်တို့  ကိုယ်စားတို့ ကိုယ်ငှားတို့  ကိုယ်ပွားတို
့အပင်ရှင်တို့  စသဖြင့် ပေါ့ လေ အဲ့ စာတစ်ကြောင်းထဲကနေ ထွက်လာတာ မနဲဘူး....
သဘောကတော့  စာတစ်ကြောင်းဟာ တစ်ကြောင်းလို့ သာဆိုတာ..ချဲ့ ကားတွေးဆ ကြံစီ လုပ်သွားနိုင်ရင် လုပ်စရာတွေ လုပ်လို့ ရတာတွေ တော်တော်များတယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..