နငယ်ရေ န မ လုံးတင် တ သတ်မိတ် နမိတ်...ငိငိ
--------------
နမိတ်ကောက်တာမှာ အပိုင်း ၂ပိုင်း သဘောရှိမယ် ပထမအပိုင်းက ထင်မြင်ချက်သဘော..ဘာကြီးမြင်လို့  ဘာဖြစ်နိုင်တယ်လို့  အကောင်းတွေ အဆိုးတွေ တစ်ခုခု ပြောချလိုက်တဲ့ အပိုင်း..အဲ့ အပိုင်းက လူတိုင်းနီးပါး ထမင်းစားရေသောက်လောက်တောင်မခက်လို့  လွယ်တယ်..လွယ်တယ်ဆိုတာက မှားခြင်းမှန်ခြင်းအတွက် တာဝန်ယူစရာမလိုလို့ ..မယူလို့ ..တာဝန်ယူပါဆိုရင် ကောက်ပါဘူး. ဆီမရဆန်မရနဲ့ .....ငိငိ..
နောက်တစ်ပိုင်းကတော့  ပိုခက်တယ်...နမိတ်တစ်ခုခုလို့ ထင်လို့  နမိတ်ကောက်ပြီ...အဲ့ ကောက်တဲ့ နမိတ် နဲ့ ပတ်သက်တဲ့  အချင်းအရာအကြောင်းက ဘယ်တော့ စဖြစ်ပြီး ဘယ်ကာလမှာ အဲ့ နမိတ်ကိစ္စပြီးပြီလို့  ယူရမှာလဲ..ဆိုတဲ့ အပိုင်းပဲ...( ဥပမာ ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်မယ်ဆိုပါလျင် ဤရွှေခွက် မြစ်ညှာသို့ ဆန်တက်ပါစေလို့  အဓိဌာန်ပြု ရေမျှောလိုက်တဲ့ အခါ ရွှေခွက်က တကယ်ပဲ ရေဆန် တက်ပြတယ်...ဒါဟာ ဘုရားဖြစ်ကို ဖြစ်မှာပါဆိုတဲ့  နမိတ်ပေါ့ ...ပြီးတော့ ဘုရားဖြစ်တယ်ပေါ့ .အဲ့ ဘုရားဖြစ်တဲ့ အချိန်မှာမှ ရွှေခွက် ရေဆန်တက်ပြတဲ့  နမိတ်ပြချက် တာဝန်က ပြီးဆုံးပြီသဘောမျိုးပေါ့ )...
ခုလည်း အွန်လိုင်းပေါ်မှာ နမိတ်တွေက ခဏခဏပေါ်ပြ ကောက်ပြကြတာပဲ..တစ်ချို့ နမိတ်ဆို ခဏခဏပြလို့  အဲ့ ပုံတွေတစ်ချို့ တောင် အလွတ်ရနေပြီ ကလုံး နမိတ်ပုံတွေများလား မသိ..ပြီးတော့  အွန်းလိုင်းမှာက ဒါ့ ပုံပဲ မြင်ရတော့  လူလုပ် အင်နမိတ်လား သဘာဝနမိတ်လားကလည်း ကမ်မလေးတွေပုံကလွဲရင် ကျန်တာဆို မှုံးဝါးဝါးဖြစ်နေတတ်တဲ့  ဘက်လိုက်တတ်တဲ့  မျက်လုံးက အသေအခြာ မဝေခွဲတတ်..
ဖိုတိုလျှော့ တွေ လက်ရာမြောက်ချက်က လွှတ်ကောင်းလွန်းကို ဟိုအဆိုတော် ကပ်ပလီဖိုတိုလျှော့ ပုံတောင် ..ငင့်  ဂယ်ကြီးလားဟလို့ အောင့် မေ့ ချင်စရာရယ် ထင်တော့ ထင်သား ..ဒီကပ်ပလီ အစက..ဒီ လောက် ယဉ်ကျးပုံမရပါဘူးလို့ .ငိငိ....အဲ ၀ိုင်းကောက်လိုက်ကြတဲ့ နမိတ်တွေက
ကောက်တာသာ လွယ်ထှာ အဲ့ နမိတ်ကြောင့်  အကောင်းအဆိုးတစ်ခုခုဆိုတာ ..အများအားဖြင့်  ဘယ်ကာလစလို့  ဘယ်အခါမှာ ဒီနမိတ်ပြီးကြောင်း ကာလသတ်မှတ်ချက် မတွေ့ ရသလောက်ပဲ..ရွှေတိဂုံစေတီတော်မှာ လဒ နားတဲ့  နမိတ်က ခုထိ ပြီးပြီလား မပြီးသေးဘူးလားက ၀ါးတားတားရယ်....ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..