'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 15, 2015
''ငါ'' ဗဟိုပြု ပညာကို အနားသပ်တဲ့ စတိုင်....
''ငါ'' ဗဟိုပြု ပညာကို အနားသပ်တဲ့ စတိုင်....
---------
ကျနော်တို့ တွေးပုံခေါ်ပုံတွေက မူလအစဉ်အလာ သမားရိုးကျသဘောကနေ ယူနီဗာစတီရောက်မှ ကိုယ်ယူတဲ့ ဘာသာတွဲက စာပေတွေကြောင့်  စပြောင်းလဲသွားခဲ့ တယ်
ငါမမွေးခင်က ဒီလောကရှိမရှိကို ငါမသိဘူး..ငါမွေးလာမှ ငါ့ လောကဖြစ်လာတာ ငါသေသွားရင် ကျန်ခဲ့ မယ့် ဒီလောကဟာ ငါ့ လောက မဟုတ်တော့ ဘူး ငါမသေခင်သာ ယာယီ ပတ်သက်နေရတဲ့  လောကသာဖြစ်တယ် နောင်ဘ၀မှာ လောကသစ်တစ်ခုကြုံရဦးမယ်ဆိုရင် အဲ့ လောကဟာသစ်ဟာ ငါ့ လောကသစ်ဖြစ်လာလိမ့် မယ်....
လောကကိုကြည့် တဲ့ အခါ ဒီလို ငါ ဗဟိုပြု အတွေးအမြင်စဖြစ်လာတယ်...အဲ့ ဒီမှာ လောကီပညာတွေ (၀ါ) ဒီဗေဒင်တွေနဲ့ ပတ်သက်လာတဲ့ အခါ
ငါ့ ဘ၀ခရီးအတွက် ခပ်မြန်မြန်လေး အသုံးချနိုင်မယ့် ပညာတွေကို ပိုစိတ်ဝင်စားသွားတယ် အဲ့ ဒီမှာ စဉ်းစား ဆုံးဖြတ်ရာမှာ သိပ်ပြီး မကွေ့ မကောက် စကားလုံးဒဲ့ တွေနဲ့  နားလည်ဖို့ သိပ်မြန်တဲ့ ဗေဒင်အမျိုးအစားတစ်ခုကိုသာ တစ်စိုက်မတ်မတ် လေ့လာပြီး သုံးတော့ တယ် ..
ကျန်တဲ့ ကိစ္စတွေဟာ ကျွဲကူးရေပါသဘောသူ့ ကံအလျောက် အလိုက်အထိုက်ဖြစ်လာပေးတယ်
ကျန်တဲ့ ခေါင်းစဉ်မျိုးစုံ နဲ့ လောကီပညာမျိုးစုံတွေဟာ ဖြတ်သွားဖြတ်လာသဘော ဗဟုသုတသဘော အရံသဘော အားလပ်တဲ့ အခါ ပဟေဠိတွေကို အဖြေညှိကြည့် တဲ့ အန်တာတိန့် မန့် တစ်မျိုးလောက်ပဲ အာရုံထားတော့ တယ်...
အဲ့ ဒီလို ကိုယ့် ဘ၀အတွက် တကယ် အသုံးမလိုတာတွေ သိယုံသာရှိပြီး သုံးရခဲတာတွေကို ဖယ်ထုတ် တကယ် အသုံးလိုတာတွေကို ဖြည့် တင်း လိုက်ရလို့ ရလာတဲ့ အဓိက အကျိုးကတော့  နေရတတ်သမျှ ဘ၀တိုလေးအတွက် အာရုံတွေ မများ ၀ါးတားတားတွေမဖြစ် အချိန်တွေ မပုပ်တော့ ဘူး
သိတတ်သမျှတွေကို ကိုယ့် ဘ၀ထဲမှာ ကိုယ့် မိသားစု ကိုယ့် အသိတွေ ကိုယ့် လူတွေအတွက် ခပ်မြန်မြန် အသုံးချနိုင်ခဲ့ ပြီ..
အဓိကကတော့  ကိုယ့် ဘ၀အတွက် ကိုယ့် မိသားစုအတွက် ကိုယ့် လူတွေအတွက် ခပ်မြန်မြန်သုံးလို့ ရဖို့ အသုံးတည့် ဖို့  အရင်ဆုံး စတွေးတာပါပဲ...
ဒီနေ့ မနက်ဖြန် နောက်အပတ် နောက်လ နောက်နှစ် ဒီ အသက် ဒီဘော်ဒီ တည်မြဲခြင် ရှိမရှိသဘောတောင် မသေခြာတဲ့ သဘောကြောင့်  ....
နောင် အနှစ် ၂၀ မှာ ငါဟာ သမတ ဖြစ်လာမလား မဖြစ်ဖူးလားဆိုတာမျိုး ကြိုသိချင်တဲ စိတ်ကို သတ်ပစ်နိင်ခဲ့ တယ်.
အကန့် အသပ်မဲ့ ရှိနေတဲ့ ပညာဟူသမျှနောက်ကို လောဘတကြီး ရေဆုံးကုန်းဖျား လျှောက်မလိုက်တော့ ပဲ.ကိုယ်လိုချင်သလောက်ပဲ ဖဲ့ ယူသုံးလိုက်တော့ တဲ့ ပညာအနားသပ်လိုက်တဲ့ စတိုင်ပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..