Powered By Blogger
Thursday, May 14, 2015
လွမ်းရတဲ့ အကြောင်းလေးတွေနဲ့ 
ပုံအောပြီး သံယောဇဉ် တွယ်ငြိ ခဲ့ မိလိုက်တာမို့ 
ကြာခဲ့ ပြီဖြစ်တဲ့ အတိတ်အကြောင်းလေးတွေက
ကာလတွေ ဘယ်လိုဟောင်းဟောင်း..
အချိန်တွေ ဘယ်လိုပြောင်းပြောင်း...
ချစ်တဲ့ သူ မင့် အကြောင်းတွေးမိလိုက်တဲ့ အခါတိုင်း
လွမ်းရတဲ့ အကြောင်းလေးတွေနဲ့ 
အမြဲတမ်း လန်းဆန်းသွားမြဲပါပဲပေါ့  ချစ်သူ..။
အရိပ်လို....
ဖြစ်နိုင်တာတွေထက် ပိုမျှော်လင့် မိတာတွေ များသွားတဲ့ အခါ လွမ်းတမ်းတမှု့  ဆိုတာ ကိုယ့် အရိပ်လို....
.
ဒဏ္ဍာရီ
ချိုသာတဲ့ ကတိတွေကို ယုံစားမိတာတွေ များသွားတဲ့ အခါ  ပျော်ရွှင်စရာတွေကို သယ်လာပေးမယ်လို့ ထင်မိခဲ့ တဲ့ သစ္စာတရားတွေဆိုတာ ဒဏ္ဍာရီထဲက ဖတ်ကောင်းယုံ ပုံပြင်တွေလောက်ပဲလားလို့ .....
မတိုက်ဆိုင်သေးလို့ 
မတိုက်ဆိုင်သေးလို့ 
--
ရှေ့ စကား နောက်စကားကို မညီတာ ကိုယ်က အစပဲ...ဘုရားကိုယုံတာက ယုံတာသပ်သပ် .ယုံတယ်ဆိုတိုင်း ဘုရားလမ်းညွှန်ခဲ့ သမျှတွေကို အချိန်ပြည့် လိုက်နာနေတာ မဟုတ်ပြန်ဘူး..ကိုယ်မလုပ်ချင်တာ မလုပ်ရဲတာ နဲ့  ဘုရားစာနဲ့ ရောချပြီး နိုး ပါဏာတိ ဆိုပြီး ရှောင်ကျဉ်ပါ၏ လုပ်ထားတော့ တာမျိုးပဲ...ဒါတောင် လူ ကို ပါဏာတိ တာ နိုး လို့  ဆိုလိုတာ..ကျန်တာက မတိုက်ဆိုင်လို့  မလိုအပ်လို့ ကိုယ့် ကို မထိခိုက်သေးလို သဘောက ပိုများတယ်..
ပုံမှန်စိတ်သဘောကတော့  သနားစရာကို သနားတတ်ပေမယ့်  အလွန်အကျွံလည်း မသနားတတ် တမင်သက်သက်တို့  အလွန်အကျွံတို့ လိုလည်း မရက်စက်တတ်ဖူးဆိုတာလောက်တော့ ပြောနိုင်တယ် ခုထိ ကြမ်းပိုးတွေ့ ရင် ခြင်ဆိုရင် တမင့် ကို ရိုက်သတ်ပစ်လိုက်ဖို့  ၀န်မလေးသေးဘူး...ကြွက်အဆင့် လောက်ကိုတော့  ပါဏာတိရမှာ ၀န်လေးနေပြီ...( ကြွက်ကိုတော့  သနားလို့ မဟုတ်ပဲ .၀ဋ်ကြွေးတို့ အတုန့် အလှည့် တို့ ဆိုတဲ့  ကိုယ်ပြန်ခံရမှာကို ပိုကြောက်လို့  တစ်ခါ တစ်လေ ကြွက်ထောင်ဖို့ အရေး စတွန့် နေတာ ပါဆိုတာတော့  ပိုမှန်နိုင်မယ်)...လူ ကို နိုး ပါဏာတိ ဆိုတာတောင်  အနာဂတ် အတွက် .ကိုယ့် အသက်နား နီးလာရင် အဲ့  နိုး ပါဏာတိက ခိုင်မခိုင်  မသေခြာသလား သေခြာသလားက မပြောတတ်သေးဘူး.
ဘာလို့ မသေခြာသေးဘူးလည်းကို ပြန်တွေးကြည့် ရင် ကိုယ့် မှာ မတိုက်ဆိုင်သေးလို့  မထွက်ရသေးတဲ့  ဒေါသ အကြီးကြီးတွေ အများကြီး ကျန်သေးတယ်ဆိုတာ တွေ့ နေရလို့ ပေါ့ ...ဒါတွေက ပါဏာတိ အကြောင်းစတိလေး ပြန်တွေးကြည့်  ယုံရှိသေးတာ..ကျန်တာတွေ အတော်များများမှာ လည်း ဒီလို သဘောများတယ် ကိုယ်ပြန်ခံရမှာကို  သူများ ထိခိုက်သွားမှာထက်ကို ပိုကြောက်မိလို့ သာ...ဆိုတာမျိုး...၀ါစာ စကားတွေ စိတ်ထင်ရာပြောတာ ဆဲတာ ကတိဖျက်တာ လိမ်တာတွေ ဘတ်လွှတ်တာတွေ ချိုးဖေါက်လွယ်နေတာတော့  ပြောမနေပါနဲ တော့ ..အင်း မပြောတော့ ပါဘူး....
ဟိုလိုလို ဒီလိုလို
 ဟိုလိုလို ဒီလိုလို
----------------
ပင့် တင် သယ်ဆောင် ထမ်းပိုးသွားရမယ့်  ကျောက်တုံးကြီးတစ်တုံးလို ဖြစ်လာပြီလို့ ခံစားလာရတဲ့ အခါ ....ဆက်ထမ်းရနိုးနိုး...လွှတ်ချခဲ့ ရ နိုးနိုးတွေနဲ့  ဒွဟစိတ်တွေ ၀င်လာတတ်လေတော့ တယ်..ဘ၀ဟာ သာမန်လောက်တောင် ပျော်စရာ မကောင်းပေတော့ ဘူးလား..ပုံမှန်ထက်တောင် လေးလံနေခဲ့ ပြီလားလို့  တွေးစရာတွေဖြစ်လာတတ်ပြီ..
ဘယ်သူကမှ ဇွတ် အတင်းလာထည့် ပေးထားတာတော့  မဟုတ်ပါဘူးဆိုရင် တောင့် တမှု့ ကြောင့် ကြမှု့  ဆန္ဒတစ်ခုခုကြောင့်  ကိုယ့် သဘောနဲ့ ကိုယ် ဆုပ်ထားတာမျိုးလို့ ဆိုလိုတဲ့ သဘောပါလား...အကယ်၍ ကိုယ်အမှီပြုမိထားတဲ့ အခြေအနေတစ်ခုဟာ ကိုယ့် အတွက် လေးလံလှတဲ့  ကျောက်တုံးလို့  ထင်လာရင် ရဲရဲ လွှတ်ချလိုက်ဖို့  ခွန်အားမရှိပါဘူးလား...
-----------
အာ့ ဘာပြောတာလဲငင်....နားလည်ဝူးးး..
-------------
လောကီပညာဘာညာသာရကာတွေကိုအကြောင်းလေ..အဟိ
------------------
ဟာဂျာ....ဗေဒင်တွေ လောကီပညာတွေကို ဘေးအကူသဘော သုံးကြည့် ရင်းကနေ အဲ့ တာတွေကို ပြန်ကြောက်သွားရင် အလုပ် မဖြစ်ဖူးဆိုလဲ ပြီးတဲ့ ဟာ ဟိုလိုလို ဒီလိုလိုဖြစ်အောင်...ဒဂဒဲ.....၀ိုက်ကို ၀ိုက်တယ်...ခ်ခ်..
----------------
အဟီးးးး...ခ်ခ်
၄၃၁
၄၃၁
---------
၎ ပုံ မှာ ၃ပုံ နဲ့  ရှေ့ ကို ချီတက်နေတုန်း ထ ထပြီ ပြဿနာ လိုက် လိုက် ရှာတတ်တဲ့  ၁ပုံ ကြောင့်  ရှေ့ သို့  ဆိုပြီး ချီတက်နေရင်းကနေ ဟတ်ကော့ ကြီး ဖြစ်ဖြစ်သွားရတယ်ဆိုတာ...အခုဖြစ်နေတဲ့  လူ့ ဘ၀ပေါ့ ...
.၃ပုံ က ပစ္စုတ်ပန်ကံ + ပစ္စုတ်ပန် ဥာဏ်ဆိုတဲ့ တွေးခေါ်စဉ်းစားပုံ+ ပစ္စုတ်ပန် ၀ီရိဆိုတဲ့  လက်တွေ့ ထလုပ်မှု့  သဘောပေါ့ ....ဟိုတစ်ပုံက ကိုယ်လုပ်ခဲ့ တာပဲဖြစ်ပြီးတဲ့  အဲ...ဘာလုပ်ခဲ့ မိမှန်းလည်း မမှတ်မိတော့ တဲ့  ကိုယ် မမွေးခင်ဘ၀အဆက်ဆက်က လုပ်ခဲ့ တဲ့ အကျိုးဆက် အတိတ်ကံလို့ ဆိုတယ်...
အဲ့ ကိစ္စက ရှင်းရတာခက်သတဲ့ ..အဲ့ တော့ ...သံသရာက ကိစ္စတွေ မမှတ်မိတော့ တဲ့ အတူတူ  အခု ထင်သာမြင်သာရှိတဲ့  ပစ္စုတ်ပန် ၃ပုံသာ အားပြု ချီတက်စရာရှိတာ ဆက်ချီတက်...ထင်မထားတာတွေ ထည့် တွက်မထားမိတာတွေ ကြုံလာရင်  ကိုယ် တွေးတောရတာ ဥာဏ်မမီတော့ ရင် ကိုယ်ဘာလုပ်ခဲ့ မိမှန်းမသိတဲ့ အတိတ်ကံကြီးကို လွှဲချလိုက်....ရှေ့ ဆက်စရာရှိတာ အခြေအနေကြည့်  ဆက်ချီတက်...ဘယ်ရောက်ရောက်.ကိုယ့် လမ်းကိုယ်လျှောက် လျှောက်သာ လျှောက် ရဲရဲလျှောက် လျှောက်နိုင်သလောက်လျှောက် ရတဲ့ နည်းနဲ့ လျှောက် လျှောက် လျှောက်.လျှောက်........လျှောက်သောသူ ခြေညောင်း၏တဲ့ ....ခ်ခ်
အောင်မြင်သူဆိုတာ....
အောင်မြင်သူဆိုတာ....
----------------------
အောင်မြင်ရေးတို့ အောင်မြင်သူတို့ ဆိုတာနဲ့  စပျစ်သီးတွေ ဘောစိတွေလေက်ကိုပဲ  စိတ်အာရုံထဲ ပြေးမြင်လိုက်တာကိုက စပြီး ဆင်ခြင်မှား သဘောပဲ...လက်ငင်းဆိုးကျိုးက ကိုယ့် ဘ၀ရဲ့  အစစ်အမှန်ဖြစ်တည်နေမှု့ ကို မျက်ကွယ်ပြုရာ ကျသွားတယ်...အဲ့ ဒါရဲ့  အကျိုးဆက်ဟာ အဆင်မသစ့် ရင် စိတ်ကျရောဂါကို ဖြစ်လာစေတတ်တယ်...
ပထမဆုံး စ စဉ်းစားရတာက အဲ့ ဒီ  အောင်မြင်ရေးတို့ အောင်မြင်သူတို့ ဆိုတာ..ဘာကို ဆိုလိုပါသလဲဆိုတာပါပဲ....ဒီလိုတွေးတောတဲ့ အခါ...ကိုယ်ရည်ရွယ်ရာကို ရောက်သွားရင် ကိုယ်လိုချင်တာကို ရလိုက်ပြီဆိုရင် အဲ့ ဒီ  တဒင်္ဂမှာတင် ကိုယ်ဟာလည်း အောင်မြင်သူဖြစ်ခဲ့ ပြီး အောင်မြင်ရေကို ဆောင်ရွက်နိုင်ခဲ့ သူဖြစ်ခဲ့ ပြီပေါ့ 
ဒါဆို ကိုယ်ဟာလည်း ခဏခဏ အောင်မြင်သူဖြစ်ခဲ့ ဘူးသူပေါ့ ..ကျောင်းနေတုန်းကဆိုရင် တစ်နှစ်တစ်တန်း စာမေးပွဲအောင်မြင်ရေးကိုကြိုးစားခဲ့ လို့  စာမေးပွဲတွေ
ဒီတော့  သူများတွေချည်း အောင်မြင်သူ မဟုတ်ဘူး ကိုယ်လည်း ကိုယ့် ကိစ္စနဲ့  ကိုယ် ကိုယ့် အတိုင်းအတာနဲ့ ကိုယ် အောင်မြင်သူ ဘ၀ ခဏခဏ ရနေခခဲ့ တဲ့ သူတွေပေါ့ ....
--------
အင်းးးး....ဧကန္တ လိုချင်နေတဲ့ အရုပ်ကလေးတစ်ခု သွားဝယ်ခဲ့ ပြီနဲ့  တူတယ်...ဟီဟီဟိ...
----------------------
ငင့် ...အဟီးးး..ခ်ခ်
နောက် ၁၈ခုဖွား တနင်္ဂနွေသမီးတျောက်...
နောက် ၁၈ခုဖွား တနင်္ဂနွေသမီးတျောက်...
------
ဒီ တော်သလင်းလ ၁၈ ခုဖွား တနင်္ဂနွေသမီး အသက် ၅၉  အင်္ဂါသက်ရောက် ကြတော့  ရောဂါ မဟုတ်တော့ ဘူး...နေရင်းထိုင်ရင်း အိုးမဲ့ အိမ်မဲ့ လိုဖြစ်သွားတာမျိုးဗျားးး...
မနှစ်ကတဲ့  သူ့ အိမ်ကို ကန်ထရိုက်တိုက်ပြန်ဆောက်ဖို့ စီစဉ်လိုက်တာ...အိမ်လည်းဖျက်ပြီးသွားပြီတဲ့  ပြောင်းလဲပြောင်းပေးလိုက်ရပြီးပြီ...အလိုက်ရတဲ့ ငွေလေးနဲနဲလည်းရပြီးသွားပြီ...ဒါပေမယ့်  တိုက်ခန်းဆောက်ဖို့ က စကို မစဖြစ်သေးဘူး..တဲ့ ..အဲ့ ဒါ...  ( တိုတိုပြောရရင် ညစ်နေပြီပေါ့ ဗျာ..).ငှားနေရတာကြာလာလေလေ ညစ်လေလေပေါ့ ..ပြီးးတော့ ဗေဒင်ဆီ ဒါမျိုးလာပြီဆိုရင် အလိုက်နဲနဲ ရထားတုန်းက ပျော်ပျော်ကြီးဝိုင်းသုံးလိုက်ကြလို့ အဲ့  မူလမြေရှင်အိမ်ရှင်တွေ ဘိုင်ပြတ်စပြုလာလို့  တွေးပူပြီ သတင်းကြားတဲ့  လက်တို့ လိုက်တဲ့ ဗေဒင်ဆြာဆီလစ်ရတော့ တာ...
ပြောချင်တာက ၁၈ခုဖွား တနင်္ဂနွေသမီး အင်္ဂါသက်ရောက် ချင်းအတူတူ  ဟိုတလောက တနင်္ဂနွေသမီးက ခေါင်းကအကျိတ်ခွဲစိတ်ကုရပြီး ဒီတနင်္ဂနွေသမီးကတော့  တိုးလို့ တန်းလန်းတိုက်ကိစ္စ ငွေကိစ္စဖြစ်သွားတယ်....ဖြစ်ရပ် ၂ခုမှာ တစ်ယောက်က အသက်လုလိုက်ရတယ်...ဒီတစ်ယောက်ကတော့  လူက အလတ်ကြီး သူ့ အိမ်
ကတော့ အဖျက်ပြခံထားရတော့  နံတူပျက်သွားတဲ့ သဘောပေါ့ ...ငွေ အတွက်ညစ်စရာကောင်းတာ စိတ်ပူရတာတွေဆိုတဲ့ အခြေခံတော့ အင်္ဂါသက်ရောက်ရဲ့  ဘေ့ စစ်တွေသဘောမှာတော့ အတူတူပဲဗျား..
ဒါကဒီလိုရှိတယ်လေ...ခိခိ
ဒါကဒီလိုရှိတယ်လေ...ခိခိ
------------
သည်းထိပ်ရင်ဖိုတွေဆိုတာ ငယ်ငယ်ကတည်းကပေါ့ ..အဲ့ အဖြစ်တွေထဲက အရှက်ကွဲခဲ့ တဲ့  အဖြစ်က...ဟိုတုန်းကတည်း လိုင်းကားကျပ်ချက်က အခုအထိပဲ ဆိုပါတော့ ...ဟိုတုန်းက လိုင်းကားဟီးနိုးကားတွေမှာ ဘန်ပါ ပါသေးတယ်...ကျောင်းသွားချိန်ဆို ကျပ်လွန်းလို့  တံခါးဝကခြေတစ်ဖက်တင် တွဲလောင်းခိုစီးဖို့ အဲ့ ခြေတစ်ဖက်အတွက် တောင် ခြေချစရာနေရာ မရတတ်တော့ တဲ့ အခါမျိုးတွေ ကြုံခဲ့ ရတယ်...
အဲ့ အခါမှာ လွယ်အိပ်ကိုစလွယ်သိုင်း ပုဆိုးကို တင်းနေအောင်စီး.ပြီး ကားနောက်က ဘန်ပါပေါ်တက်ရပ် လက် ၂ဖက်က ကားခေါင်မိုးက ရေသယောက် မြောင်းလေးထဲ ကုပ်ကိုင်ခိုစီးခဲ့ ရတယ်..အဲ့ ဘန်ပါတန်းမှာ သုံးယောက် လေးယောက်လောက် တန်းစီပြီး ခိုကြတာပေါ့ ...ကျောင်းသားတွေဆိုတော့  စပယ်ယာတွေနဲ့  ဘေးက ပေါ်တင်မပြောသာပါဘူး..
တစ်ခါတော့  အဲ့ လို စောင်းငန်းငန်းကြီးကားကို ဘန်ပါကနေခိုစီးလိုက်သွားတာ...၀တ်ထားတဲ့ ပုဆိုးက ကွင်းလုံးပုံကျွတ်ကျပြီး ဘန်ပါပေါ် ဖလပ်ဖလပ်နဲ့ တင်နေပါရောဗျာ...အဲ့ နေ့ မှ လူက အတွင်းခံက စွတ်မသွားတော့  ဖင်အပြောင်သားကြီးနဲ့ ပေါ့ ...ကားမှတ်တိုင်ကလည်း အဝေးကြီး ကျန်သေး..မီးပွိုင့် က
ကြားမှမရှိ....အီလေးဆွဲ စောင်းငန်းငန်းနဲ့ မောင်းနေတဲ့  ဟီးနိုးနောက်မှာ တန်းစီးပြီး ပါလာတာက..ကျောင်းသူမလေးတွေ ပါလာတဲ့  ကျောင်းကားနဲ့  အိမ်စီးကားတန်း
ကြီး...အပြင်ဘက်က ခိုစီးတာမို့  ကားဆရာ ရပ်ပေးပါဦးလို့ လှမ်းအော်တာလည်း တော်တော်နဲ့ မကြား...ဘေးက အဖေါ်တွေကလည်း သူတို့ လက်တွေပါမအားတော့  ဘာမှမကူညီနိုင်တဲ့ အပြင် တခွီးခွီးခွီး တဟီးဟီးနဲ့ ...ဒီကြားထဲ  ကျနေတဲ့ အင်ဂျင်ကားအိပ်ဇောပိုက်  ကို ပုတ်ပုတ်ပြီး..လီဘားနင်း. ကစားလိုက်လို့  စောင့် ပြီး အူထွက်လာတဲ့  မီးခိုးမဲမဲတွေက တထောင်းထောင်းထွက်လာပြီး ကျောနဲ့ ဖင်ပြောင်ကြီးကို မီးခိုးတွေလာရိုက်.နဲ့ ......
ရှက်လိုက်တာဆိုတာလေ...ဟီးဟီးးး...သြော်..ဘွဘွ....ခ်ခ်