မတိုက်ဆိုင်သေးလို့ 
--
ရှေ့ စကား နောက်စကားကို မညီတာ ကိုယ်က အစပဲ...ဘုရားကိုယုံတာက ယုံတာသပ်သပ် .ယုံတယ်ဆိုတိုင်း ဘုရားလမ်းညွှန်ခဲ့ သမျှတွေကို အချိန်ပြည့် လိုက်နာနေတာ မဟုတ်ပြန်ဘူး..ကိုယ်မလုပ်ချင်တာ မလုပ်ရဲတာ နဲ့  ဘုရားစာနဲ့ ရောချပြီး နိုး ပါဏာတိ ဆိုပြီး ရှောင်ကျဉ်ပါ၏ လုပ်ထားတော့ တာမျိုးပဲ...ဒါတောင် လူ ကို ပါဏာတိ တာ နိုး လို့  ဆိုလိုတာ..ကျန်တာက မတိုက်ဆိုင်လို့  မလိုအပ်လို့ ကိုယ့် ကို မထိခိုက်သေးလို သဘောက ပိုများတယ်..
ပုံမှန်စိတ်သဘောကတော့  သနားစရာကို သနားတတ်ပေမယ့်  အလွန်အကျွံလည်း မသနားတတ် တမင်သက်သက်တို့  အလွန်အကျွံတို့ လိုလည်း မရက်စက်တတ်ဖူးဆိုတာလောက်တော့ ပြောနိုင်တယ် ခုထိ ကြမ်းပိုးတွေ့ ရင် ခြင်ဆိုရင် တမင့် ကို ရိုက်သတ်ပစ်လိုက်ဖို့  ၀န်မလေးသေးဘူး...ကြွက်အဆင့် လောက်ကိုတော့  ပါဏာတိရမှာ ၀န်လေးနေပြီ...( ကြွက်ကိုတော့  သနားလို့ မဟုတ်ပဲ .၀ဋ်ကြွေးတို့ အတုန့် အလှည့် တို့ ဆိုတဲ့  ကိုယ်ပြန်ခံရမှာကို ပိုကြောက်လို့  တစ်ခါ တစ်လေ ကြွက်ထောင်ဖို့ အရေး စတွန့် နေတာ ပါဆိုတာတော့  ပိုမှန်နိုင်မယ်)...လူ ကို နိုး ပါဏာတိ ဆိုတာတောင် အနာဂတ် အတွက် .ကိုယ့် အသက်နား နီးလာရင် အဲ့  နိုး ပါဏာတိက ခိုင်မခိုင် မသေခြာသလား သေခြာသလားက မပြောတတ်သေးဘူး.
ဘာလို့ မသေခြာသေးဘူးလည်းကို ပြန်တွေးကြည့် ရင် ကိုယ့် မှာ မတိုက်ဆိုင်သေးလို့  မထွက်ရသေးတဲ့  ဒေါသ အကြီးကြီးတွေ အများကြီး ကျန်သေးတယ်ဆိုတာ တွေ့ နေရလို့ ပေါ့ ...ဒါတွေက ပါဏာတိ အကြောင်းစတိလေး ပြန်တွေးကြည့်  ယုံရှိသေးတာ..ကျန်တာတွေ အတော်များများမှာ လည်း ဒီလို သဘောများတယ် ကိုယ်ပြန်ခံရမှာကို သူများ ထိခိုက်သွားမှာထက်ကို ပိုကြောက်မိလို့ သာ...ဆိုတာမျိုး...၀ါစာ စကားတွေ စိတ်ထင်ရာပြောတာ ဆဲတာ ကတိဖျက်တာ လိမ်တာတွေ ဘတ်လွှတ်တာတွေ ချိုးဖေါက်လွယ်နေတာတော့  ပြောမနေပါနဲ တော့ ..အင်း မပြောတော့ ပါဘူး....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..