နောက် ၁၈ခုဖွား တနင်္ဂနွေသမီးတျောက်...
------
ဒီ တော်သလင်းလ ၁၈ ခုဖွား တနင်္ဂနွေသမီး အသက် ၅၉ အင်္ဂါသက်ရောက် ကြတော့  ရောဂါ မဟုတ်တော့ ဘူး...နေရင်းထိုင်ရင်း အိုးမဲ့ အိမ်မဲ့ လိုဖြစ်သွားတာမျိုးဗျားးး...
မနှစ်ကတဲ့  သူ့ အိမ်ကို ကန်ထရိုက်တိုက်ပြန်ဆောက်ဖို့ စီစဉ်လိုက်တာ...အိမ်လည်းဖျက်ပြီးသွားပြီတဲ့  ပြောင်းလဲပြောင်းပေးလိုက်ရပြီးပြီ...အလိုက်ရတဲ့ ငွေလေးနဲနဲလည်းရပြီးသွားပြီ...ဒါပေမယ့်  တိုက်ခန်းဆောက်ဖို့ က စကို မစဖြစ်သေးဘူး..တဲ့ ..အဲ့ ဒါ... ( တိုတိုပြောရရင် ညစ်နေပြီပေါ့ ဗျာ..).ငှားနေရတာကြာလာလေလေ ညစ်လေလေပေါ့ ..ပြီးးတော့ ဗေဒင်ဆီ ဒါမျိုးလာပြီဆိုရင် အလိုက်နဲနဲ ရထားတုန်းက ပျော်ပျော်ကြီးဝိုင်းသုံးလိုက်ကြလို့ အဲ့  မူလမြေရှင်အိမ်ရှင်တွေ ဘိုင်ပြတ်စပြုလာလို့  တွေးပူပြီ သတင်းကြားတဲ့  လက်တို့ လိုက်တဲ့ ဗေဒင်ဆြာဆီလစ်ရတော့ တာ...
ပြောချင်တာက ၁၈ခုဖွား တနင်္ဂနွေသမီး အင်္ဂါသက်ရောက် ချင်းအတူတူ ဟိုတလောက တနင်္ဂနွေသမီးက ခေါင်းကအကျိတ်ခွဲစိတ်ကုရပြီး ဒီတနင်္ဂနွေသမီးကတော့  တိုးလို့ တန်းလန်းတိုက်ကိစ္စ ငွေကိစ္စဖြစ်သွားတယ်....ဖြစ်ရပ် ၂ခုမှာ တစ်ယောက်က အသက်လုလိုက်ရတယ်...ဒီတစ်ယောက်ကတော့  လူက အလတ်ကြီး သူ့ အိမ်
ကတော့ အဖျက်ပြခံထားရတော့  နံတူပျက်သွားတဲ့ သဘောပေါ့ ...ငွေ အတွက်ညစ်စရာကောင်းတာ စိတ်ပူရတာတွေဆိုတဲ့ အခြေခံတော့ အင်္ဂါသက်ရောက်ရဲ့  ဘေ့ စစ်တွေသဘောမှာတော့ အတူတူပဲဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..