'
''ပါရမီဖြည့် ဖက် သက်လျာနု ၊ အမြဲတမ်း ဒုတိယလူ နဲ့  နှစ်ကိုယ့် တစ်စိတ်...'''
------------------
၆၀၀န်းကျင်လောက်က နာမည်ကြီးခဲ့ ပုံရတဲ့ အမေရိကားက ဘဏ်ဓားပြလင်မယားအကြောင်း ရုပ်ရှင်ခွေကြည့် ခဲ့ ရတုန်းက အတော် သဘောကျသွားတာက အဲ့ လင်မယား မကောင်းမှု့ သဘောဖြစ်တဲ့  မိုက်တွင်းနက်တဲ့ နေရာမှာတောင် တက်ညီလက်ညီရှိကြတာကိုပေါ့ ဗျာ...ဇာတ်ကားက ပေးချင်တဲ့  မတ်စိက ထုံးစံအတိုင်း ရာဇ၀တ်ဘေး ပြေးမလွတ်တို့  နောက်ဆုံးမှာ ကိုယ်စိုက်ခဲ့ သမျှ ကိုယ် ရိပ်သိမ်းရလိမ့် မယ် ဘာညာနေမှာပေါ့ ...
အဲ့ ဒါက ဇာတ်ကားပြီးခါနီးမှပါတာ..ဇာတ်ကားရဲ့  ၄ပုံ၃ပုံလောက်က အဲ့ ဘဏ်ဓားပြလင်မယားစုံတွဲ တက်ညီလ်ညီနဲ့  ကဲပြနေတာ ပျော်နေကြတာ ထင်ရာစိုင်းနေကြတာ ဘဏ်လေးတွေ ဓားပြ၀င်တိုက်လိုက် သုံးလိုက်ကြ ကဲလိုက်ကြနဲ့ ဆိုတော့  သူတို့ နဲ့ ပါရောပြီး ပျော်ချင်လာပြီး သူတို့ လိုတောင် မကောင်းမှု့ တွေ ထ လုပ်ချင်စိတ်ပေါက်လာတယ်..လူ့ သဘာဝမှာ အတူတူပါလာတဲ့  အပြုစိတ် အဖျက်စိတ်သဘောပေါ့ 