'
''ပါရမီဖြည့် ဖက် သက်လျာနု ၊ အမြဲတမ်း ဒုတိယလူ နဲ့  နှစ်ကိုယ့် တစ်စိတ်...'''
------------------
၆၀၀န်းကျင်လောက်က နာမည်ကြီးခဲ့ ပုံရတဲ့ အမေရိကားက ဘဏ်ဓားပြလင်မယားအကြောင်း ရုပ်ရှင်ခွေကြည့် ခဲ့ ရတုန်းက အတော် သဘောကျသွားတာက အဲ့ လင်မယား မကောင်းမှု့ သဘောဖြစ်တဲ့  မိုက်တွင်းနက်တဲ့ နေရာမှာတောင် တက်ညီလက်ညီရှိကြတာကိုပေါ့ ဗျာ...ဇာတ်ကားက ပေးချင်တဲ့  မတ်စိက ထုံးစံအတိုင်း ရာဇ၀တ်ဘေး ပြေးမလွတ်တို့  နောက်ဆုံးမှာ ကိုယ်စိုက်ခဲ့ သမျှ ကိုယ် ရိပ်သိမ်းရလိမ့် မယ် ဘာညာနေမှာပေါ့ ...
အဲ့ ဒါက ဇာတ်ကားပြီးခါနီးမှပါတာ..ဇာတ်ကားရဲ့  ၄ပုံ၃ပုံလောက်က အဲ့ ဘဏ်ဓားပြလင်မယားစုံတွဲ တက်ညီလ်ညီနဲ့  ကဲပြနေတာ ပျော်နေကြတာ ထင်ရာစိုင်းနေကြတာ ဘဏ်လေးတွေ ဓားပြ၀င်တိုက်လိုက် သုံးလိုက်ကြ ကဲလိုက်ကြနဲ့ ဆိုတော့  သူတို့ နဲ့ ပါရောပြီး ပျော်ချင်လာပြီး သူတို့ လိုတောင် မကောင်းမှု့ တွေ ထ လုပ်ချင်စိတ်ပေါက်လာတယ်..လူ့ သဘာဝမှာ အတူတူပါလာတဲ့  အပြုစိတ် အဖျက်စိတ်သဘောပေါ့ 
ကောင်းကောင်းနေလည်း သေမှာ ဆိုးဆိုးနေလည်း နောက်တော့ သေမှာပဲ..ဒီတော့  နောက်မှ ဘာဖြစ်ဖြစ် မသေခင် နဲနဲပါးပါး စိတ်လွတ်ကိုယ်လွတ်ကလေး အနှစ်၂၀ကျော် ၃၀လောက် နေသွား ပျော်သွားရလဲ မနဲဘူးဆိုတဲ့ စိတ်မျိုးတောင်ဝင်လာတယ် ရုပ်ရှင်ကြည့်  အဲ့ စိတ်မျိုးဝင်လာတဲ့ ကိုယ့် အသက်ပိုင်း ကိုယ်ပြန်ကြည့် တော့  ဆယ်ကျော်သက်မဟုတ်ဖူး အိုစနာကျလို့ သချိုင်းကုန်းဘက်ခြေတစ်ဖက် နဲ့ နောက်တစ်ဝက်ကချချင်နေပြီ...စိတ်လွတ်ကိုယ်လွတ်လေး လုပ်ချင်နေတဲ့ စိတ်က အသက်အရွယ် မရွေးပါဘူးပေါ့ လေ...
မိဘ၂ပါးမှာ ဘိုးတော်ကြီးက တစ်ခါတစ်လေ သိပ်ကဗျာဆန်ပြချင်တယ်.သူ့ ကြင်ဘက်သက်လျာက သူ့ ထက် ၁၀နှစ်ကျော်ကျော်လောက်ငယ်နေလို့ လားတော့  မပြောတတ်ပါဘူး..အိမ်ထောင်တစ်ခုမှာ နှစ်ကိုယ့် တစ်စိတ်ဖြစ်နေတာ အကောင်းဆုံးပဲတဲ့ ..အဲ့ ဒီ့ စကားလုံးက ဟိုဘဏ်ဓားပြလင်မယား ဓားပြ အတူတူ ထွက်တိုက် တဲ့ သဘောတရားနဲ့ သိပ်ကွာပုံမရပါဘူး..ဘိုးတော်ကြီး သူ့ သက်လျာနုကို အဲ့ ဒီလို စာဖွဲ့ ပြတော့ ကျနော်တို့ မောင်နှစ်မတွေက နောက်ကွယ်မှာ မေးငေါ့ အတင်း တုတ်ကြတယ်. .သူမှ အပြောကောင်း အဲ့ ဒါကြောင့်  ကြောင့်  ငါတို့ အမေလည်း မီးဖိုးချောင်ကိစ္စတင်မကဘူး သူ့ ကိစ္စ စီးပွားတွေပါ အကုန် လျှောက်ပါနေရလို့ အေးအေးမနေရ ဖတ်ဖတ်တွေမော....လို့ .ဟီးဟီး...ပေါ့ ..
ကျောင်းနေကျောင်းတက်စာဖတ်ဆရာသမားကောင်းတွေနဲ့ ဆုံစည်းခဲ့ ရလို့  ဥာဏ်ပညာနဲ့ အတွေးအေခ်ါတွေကို ရုပ်ပိုင်းပစ္စည်းတွေထက်ပိုသဘောကျတဲ့ စိတ်ဝင်လာသလို ထုံးဓလေ့ ယဉ်ကျေးမှု့ ဆိုတိုင်းလည်း အရင်လို မြင်ထောင့် တစ်ခုထဲကနေ လက်ခံထားတာမျိုးအားနဲသွားတယ်၊ နောက် ထပ်မြင်ထောင့် အသစ်တွေ ရှာကြည့် မိလာတယ်၊ အတွေးစဉ်သဘောဖြစ်လို့  လက်တွေ့ ဘ၀ထဲမှာတော့ အထိအခိုက်မဖြစ်အောင်တော သတိထားတတ်နေပြီ...ဘ၀က အသက်ရှင်ချင် ရှည်ချင်ရင် ဘယ်လိုနေလို့ သင်ပေးလိုက်တဲ့ သဘောပေါ့ ..
မဂ္ဂဇင်းတစ်အုပ်မှာပါတဲ့ ကဏ္ဍတစ်ခုက ထင်ရှားသူတွေ ကျားစပျစ်သီးတွေရဲ့ နောက်ကွယ်က ပါရီမီဖြည့် ဖက် ကြင်ဘက်သက်လျာတွေ ရဲ့ ပံ့ ပိုးပေးမှု့ အကြောင်းဖေါ်ထုတ်ပေးတဲ့  ကဏ္ဍပေါ့ မ, စပျစ်သီး တွေဖြစ်လာစေဖို့ ပေါ့  ...အဲ့ မှာ ''ပါရမီဖြည့် ဖက်'' ဆိုတဲ့ စကားလုံးကို စိတ်ဝင်စားခဲ့ တယ်..ဒီစကားလုံးက '''အမြဲတမ်း ဒုတိယလူ'' သဘောလိုဖြစ်နေပြီး တော်လေးဝ ဆိုတဲ့ အမရာ မဒီ ဘာညာတွေမှာ ပို ထင်ရှားတယ်..ဆုတောင်းခဲ့ တာက စတယ်ပေါ့ လေ..ဒါက စကားလုံးအစဟာ ယုံကြည်ကိုးကွယ်မှု့ ရဲ့ ဇာတကတွေထဲကနေ စပေါက်ဖွားလာတာလို့ သတိထားမိတာကို ဆိုလိုတာ..၊
ဥာဏ်ပညာအတွေးခေါ်ဖက်ကို အားသန်လာလို့  လူတွေကိုကြည့် တဲ့ အခ့မှာ လိင်ခွဲကြည့် တာ.ကာလာ အနွယ် အယူတွေထက် သူတို့ ရဲ့ ဆင်ခြင်မှု့ တွေ အတွေးတွေကောင်း မကောင်း ကိုယ့် အကြိုက်ဟုတ် မဟုတ်တွေနဲ့ သာချိန်မိလာတော့ တဲ့ အခါ အမြဲတမ်းလိုလို သူများနောက်က သူများကို ပံ့ ပိုးပေးနေရတဲ့ 
သဘောဆန်တယ်လို့ ခံစားမိတဲ့  ပါရမီဖြည့် ဖက် ဆိုတဲ့ စကားလုံးအပေါ် ကိုယ့် တစ်ယောက်ထဲ အတွက်တော့ အာရုံကသိပ်မလာတော့ ဘူးပေါ့ ...အဲ့ စကားလုံးထက်စားရင် ဘယ်သူ့  ဘယ်သူ အပေါ်မှာမှ အသာစီးသဘောတွေ မပါပဲ အကောင်းအဆိုး လောကဓံသဘောကို အတူတူရင်ဆိုင်ရင် ဘ၀ခရီးကို လျှောက်ကြတဲ့  နှစ်ကိုယ့် တစ်စိတ် တို့ ၊ မောင်တစ်ထမ်း မယ်တစ်ရွက် တို့ ဆိုတဲ့  စကားလုံးတွေကို ပိုသဘောကျလာတယ်...၊ ..
နောက်တစ်ချက်က ပါရမီဖြည့် ဖက်ဆိုတာ တစ်စုံတစ်ယောက်အတွက် နောက်ကနေ ပံ့ ပိုးမှု့ သရုပ်ဆောင်လို့  ကိုယ့် ခံစားလိုက်တဲ့  စကားလုံးကို ဖီလင် သိပ်မလာတော့ ဘူးဆိုတာ မာန တစ်ခုခု ခံနေတာများလား နဲ့ ချစ်ခြင်းမေတ္တာတွေတကယ်ဖြစ်လာရင် လိင်ကွဲအသက်ကွဲ အနွယ်ကာလာအယူ သဘော တွေပျောက်သွားပြီး တစ်စုံတစ်ယောက်အတွက် ဘာမဆိုပေးဆပ်ရဲတယ်ဆိုတဲ့ ခံစားမှု့ ကဏ္ဍလျော့ သွားပြီး နေရာကိုသွားကြည့် တဲ့ သဘောလားလို့ လည်း တွေးကြည့် ပါသေးကြောင်းပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..