Powered By Blogger

Wednesday, February 25, 2015

''သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး ..''


သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး သူလုပ်လို့ ရတာတွေ လုပ်သွားနေတာကို အဓိကမြင်နေရတာ...အဲ့ ဒါမျိုးစိတ်လေးကို သဘောကျတာ....
------------
သူက အကယ်ခံဖို့ မိုးသက် မုန်တိုင်းထပြီး လှိုင်းထန်နေတဲ့  မဟာသမုဒ္ဒရာရေပြင်ကျယ်ကြီးကို ဖြတ်ကူးနေတာ မဟုတ်ပဲ...ကိုယ်စီးလာတဲ့ သင်္ဘောကြီး စ နစ်နေတုန်း အခြေ အနေ မကောင်းမှန်းသိကတည်းက သူဘာလုပ်လို့ ရမလဲကို စကြံပြီး လုပ်လို့ ရတာ ရုန်းလို့ ရသလောက် နာရီပိုင်း ရက်ပိုင်းဖြစ်ဖြစ် ရုန်းကန်နေသွားမယ့် သဘော...
ကိုယ်နဲ့ ဘ၀တူတွေလို .ဖြစ်သမျှအကြောင်း ကံမကောင်းလို့ ပါလေတို့  ဒီလောက် အပြောကျယ် လှိုင်းထန်နေတဲ့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးထဲ ဘာမှလုပ်လို့ မရတော့ ပါဘူး.ဘာလုပ်လုပ် သေမှာပါပဲလေတို့ ......

စသဖြင့် ပေါ့  အဲ့ လို ရုန်းမှ မရုန်းကြည့် ရသေးဘူး ခွန်အားတွေကြိုကျ ငြီးတွားပြီး ငုတ်တုတ် အသေခံသွားဖို့ စိတ်ကူး မရှိခဲ့ ဘူး...အဲ့ စိတ်ကလေးကို အတော်သဘောကျတာ...ကံကြမ္မာဆိုးရဲ့ အောက်မှာ လူ့ အား မတန်တာတောင်မှ စိတ်ခွန်အားက မလျှော့ ပေးဘူး.....



နောက် အကွက်ကလေးတစ်ခုက..သူလုပ်လို့ ရတဲ့ ထောင့် ကနေ တွေးတောနိုင်သမျှ တွေးတောပြီး လုပ်သွားတဲ့ နေရာမှာ ရေကူးရင်း လမ်းမှာ ခြေကုန် လက်ပမ်းကျပြီး ရေနစ် သေရင်တော့ ဒုက္ခပါပဲတို့ ဘာတို့ တွေ.နဲ့ ငုတ်တုတ်တော့ အသေမခံ ရုန်းလို့ ရသလောက် ရုန်းကန်နေမယ်လို့ တွေးပြီး ရုန်းနေတုန်း..မောလိုက်တာ ခုနေ မေခလာနတ်သမီးလေး လာကယ်ရင် ကောင်းမှာပဲတို့ ဘာတို့ နဲ့ ကယ်တင်ရှင် မျှော်နေတာမျိုးလည်း မတွေ့ ရပြန်ဘူး

ပြောရရင် မဏိမေခလာနတ်သမီး ဘွားကနဲ ပေါ်မလာခင်အထိ ဒီကမ္ဘာကြီးမှာ မေခလာနတ်သမီးဆိုတာ ရှိသလားတွေ မရှိဘူးလားတွေတောင် တွေးနေပုံမရသလို မေခလာနတ်သမီး အမည်တောင် အစကကြားဖူးခဲ့ ပုံတောင်မရပါဘူး..

သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး သူလုပ်လို့ ရတာတွေ လုပ်သွားနေတာကို အဓိကမြင်နေရတာ...အဲ့ ဒါမျိုးစိတ်လေးကို သဘောကျတာ...

(သြော်..နာတော့ ဒီတစ်ခါတော့  တေပြီ လို့  ဂိတော့ မယ်ထင်လို့  ဖျားစာတွေ ရသလောက် အသားကုန် ရွတ်နေတာလဲ ဂန့် သွားရင် မကောင်းတဲ့ နေရာမရောက်အောင်သဘောပဲနော်...အဲ့ ဒါမျိုးက လူမရုန်းနိုင်တော့ ရင်တောင် စိတ်ထဲကနေ ရုန်းနေတာ.တိုက်ပွဲကြားထဲ ရောက်သွားဖူးတာကြုံဖူးလို့ ......ဟဲဟဲ)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..