'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, February 25, 2015
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
--------------
ခေတ်က ၂၀ရာစုတောင်မဟုတ်တော့ ဘူး.....၂၁ရာစုခေတ် နည်းပညာ တော်လှန်ရေးတွေ နေ့စဉ်လိုလိုဖြစ်နေတဲ့ ခေတ်...၊
ဟိုခေတ်ကတည်းက နည်းပညာနောက်ကျခဲ့ လို့  မဟာဗန္ဓု လအုဗုံးမှန်လို့  ကျနော်တို့ ငယ်ငယ်က ပြက်လုံး အထုတ်ခံခဲ့ ရပြီးပြီ ရှေ့ တန်းစစ်မြေပြင်မှာ ရွှေထီးတ၀င်းဝင်းနဲ့  သွားကွပ်ကဲနေမှတော့  ဒီရွှေထီးအောက် က ဗွီအိုင်ပီက စနိုက်ပါပစ်မှတ်ကြီးဖြစ်နေတာပေါ့ တဲ့ .ခေတ်ပညာကွာသွားရင် ခံရလွယ်တယ်ဆိုပါတော့ ..
ဝေးဝေးမကြည့် နဲ့  အခုလောက်ကိုင်ပဲကြည့် ပါ...မြေပြင်စစ်တိုက်စွမ်းရည်ချင်း တူတယ် ထားဦး. လေကြောင်း ပစ်ကူ ကိုင်ထားနိုင်တဲ့ တပ်က နည်းပညာအရကြည့် ရင် တပမ်းသာတယ် မဟုတ်လား ဒါ..ကလေးတောင် တွေးလို့ ရတယ်...
'''ခေတ်ပညာ ခေတ် စာမတတ်ရင် နေပါစေ ငါတို့ အစဉ်အလာ ယုံကြည့် မှု့ တွေ တော့ အပျက် မခံနိုင်ဘူးဆိုတာ လက်တွေ့ မကျပါဘူး ''' အာရွှီးယုံလောက်ပါ ဆိုတာရဲ့ သက်သေက.. မဟာယာနတွေရဲ့ တိဘက်ပြည်ကြီး ဘာလို့ တရုပ်က လွယ်လွယ်နဲ့ ဝင်သိမ်းပိုက်သွားနိုင်လည်းဆိုရင် ဘာလက်နက်မှ ကောင်းကောင်း ကန်းကန်းမရှိလို့ ပေါ့ 
ခုလို နည်းပညာသစ်တွေ နေ့ စဉ်လစဉ်လိုလို ပေါ်ထွက်လာနေတဲ့ ခေတ် နည်းပညာမြင့်  စစ်လက်နက်တွေကို နည်းပညာ (၀ါ) ခေတ်ပညာ မတတ်ရင် ကိုယ်တိုင်တီထွင်ဖို့ နေနေသာသာ သူများ ထွင်ပေးတာတောင် မသုံးတတ်လို့  သုံးပုံသုံးနည်းတောင် မနဲ ပြန်လိုက်သင်နေရပြီမဟုတ်လား..
ရိုးရိုးလေးတွေးလို့ ရတယ်...ခေတ်ပညာ နည်းပညာအား နောက်ကျန်ခဲ့ လေလေ...ကိုယ့် ထက် ခေတ်ပညာ နည်းပညာ သာလွန်တဲ့ နိုင်ငံတွေရဲ့ ဗိုလ်ကျတာ ခံရလေလေ....လွတ်လပ်ရေး ဆုံးရှုံးဖို့ ပိုလွယ်လေလေ သူများလက်အောက်မှာ သာသနာပါ ငုတ်သွားဖို့ ပိုနီးသွားလေလေလို့  မြင်လို့ ရတယ်..
အမေရိကန်တွေ အီရတ်ကို ၀င်သိမ်းသွားတာ ထင်တာထက် တွက်ထားတာထက် မြန်ဆန်လွန်းလို့ ကမ္ဘာကြီးက အံ့ အားတွေ သင့် ကုန်တာ စစ်လက်နက်ပစ္စည်း နည်ပညာ အဆမတန် သာလွန်နေလို့ ပဲ တာလီဘန်တွေရဲ့ မျိုးချစ်စိတ်ကရော အီရပ်ကီးတွေရဲ့ စစ်ပွဲတကာတို့ ရဲ့ မိခင်စစ်ပွဲကြီးဆိုတဲ့ ကြွေးကြော်သံတွေရော ဘာမှ လုပ်မရဘူး....ငုတ်တုတ်မေ့ပဲ....စစ်ဝတ်စုံပါ ချွတ်ပြေးရတော့ တယ်.နည်းပညာ ခေတ်ပညာက သိပ်ကွာနေတာကိုး.
အဲ့ ဒီ့ ခေတ်သစ်စစ်ပွဲ ၂ပွဲ၃ပွဲကို မြင်လိုက်ရတဲ့  တရုပ်ကြီးပါ ကျွတ်ကျဲသွားလို့  သမားရိုးကျ စစ် လက်နက်တွေထဲမှာ လေယာဉ်တင်သင်္ဘောအုပ်စုတွေ ပိုင်ထားဖို့ ဆိုတာဟာ မရှိမဖြစ်ပါလား ဆိုပြီး မြင်တဲ့ အတိုင်းပဲ...ကမန်းကတမ်း နောက်ကလိုက်နေရပြီ...အနုမြူဗုံးဆိုတာ အဖျက်စွမ်းအင်ကြီးပေမယ့်  ဘယ်ကောင်မှ စ မပစ်ရဲလို့  စားရိပ်တွေမချိမဆန့် အကုန်ခံပြီး ပြန်တောင်စောင့် ရှောက်နေရတဲ့  အကောင်းလွန်းသွားလို့ လူတွေ စားမရတဲ့ နတ်သုဓာနဲ့ အတူတူပဲလေ....။
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..