Powered By Blogger

Tuesday, February 24, 2015

မြိုမကျသူ....


မြိုမကျသူ....
---
မငယ့်တငယ်က ထူးဆန်းတဲ့ သဘောထားရှိတဲ့ ဦးလေးကြီးတစ်ယောက်နဲ ဆုံခဲ့ ဘူးတယ်..တစ်နေ့ မှာ ကြည့် မြင်တိုင်က ရပ်ကွက်ကြီးတစ်ခု  မီးဘေးဖြစ်ခဲ့ တယ်၊ ရပ်ကွက်ကြီး ပြောင်ရောဆိုပါတော့ 

မီးလောင်ချိန်မှာ ကျနော်တို့ က မနေတော့ ဘူး မြို့ ထဲကိုပြောင်းခဲ့ ပြီ..၊ ရပ်ကွက်နဲ့ ရပ်ကွက်ကလူတွေကို သံယောဇဉ်ရှိနေလို့ သွားကြည့် ခဲ့ တော့  အဲ့ ဦးလေးကြီး အိမ်တစ်အိမ်ထဲ မီးလောင်ပြင်ကြီးထဲမှာ ငေါင်းစင်းစင်းနဲ့  မီးကွင်းပြီးကျန်ခဲ့ တယ်..။ ပွဲခင်းကြီး တစ်ခုလို  မီးလောင်ပြင်ကို လာလာကြည့် ကြရင်း အဲ့ မီးကွင်း အိမ်လေးကိုကြည့် ပြီး အံ့ တွေသြကြတာပေါ့ ။ ဘုရားတန်ခိုးပါဆိုတာပါ ချီးမွမ်းကြတယ်....

အိမ်ရှင် ဦးလေးကြီးကိုပါ ၀ိုင်းစပ်စုကြတယ် ဘာဘုရားပုံတော်လဲ ဘယ်ကနေ ပူဇော်ထားတာလဲ ပေါ့ .ကံကောင်းလိုက်တာ ဘာညာတွေလည်းပါတယ်...အဲ့ ဦးလေးကြီးရဲ့ မျက်နှာက အရယ်အပြုံးမရှိပဲ ပြန်ပြောပုံက....

'' ငါ့ အိမ်တစ်အိမ်ထဲကွက် မီးကွင်းနေတာ မပျော်ပါဘူး..တစ်ရပ်ကွက်လုံးက ငါ့ လူတွေ မီးထဲပါသွားတာ ငါက ဘယ်လိုလုပ် ပျော်ရမလဲ..''.လို့ ပြန်ပြောတယ်...

လူတွေက အဲ့ ဦးလေးကြီး အဲ့ လိုပြန်ပြောတော့  အန်းကုန်ပြီ  ဆက်မပြောကြတော့ ပဲ ဂေါက်သွားပြီနဲ့ တူတယ်ဆိုတဲ့ အကြည့် နဲ့ ပြန်ကြည့် ကြတယ်...တစ်ချို့ ကတော့  အစား မြေကွက်ပြန်မရမှာစိုးလို့ နဲ့ တူတယ်လို့ ဟာသလုပ်ကြတယ်...တစ်ချို့ ကတော့ 
အဲ့ လူကြီးက သက်သက်ဂလန့် ပြောနေတာလို့ ဝေဖန်တယ်....ကျနော်လည်း သူ ဘာကို ဆိုလိုမှန်း နားမလည်ခဲ့ ပါဘူး...ညဖက်မှာတော့  အဲ့ အိမ်လေးတစ်အိမ်ထဲ မီးလောင်ပြင် မဲမဲသဲသဲထဲ ထီးထီးကလေးမြင်နေရတာ စိတ်ခြောက်ခြားစရာတောင် ကောင်းနေတယ်...

နောက်တော့  ခုလိုကာလတွေမှာ အဲ့ ဦးလေးကြီးရဲ့ ဖီလင်သဘောကို ပြန်ခံစားပေးလို့ ရလာတော့ တယ်...အဲ့ ဒါ  မွဲနေတဲ့ သူတွေရဲ့ ရှေ့ မှာ ကိုယ်တစ်ယောက်ထဲ ဟင်းစားကောင်းလေး နဲ့ စားရတာ မြိုမကျပါဘူးဆိုတဲ့ ကရုဏာတရားရှိတဲ့ သူတွေရဲ့ စိတ်မျိုးပဲလို့ ပေါ့ လေ.



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..