Powered By Blogger

Monday, September 28, 2015

ချာရပတ်ရမ်းနေတဲ့ အိမ်ထောင်ရေးဆွေးနွေးခန်း

ချာရပတ်ရမ်းနေတဲ့ အိမ်ထောင်ရေးဆွေးနွေးခန်း :P      😁
---------------------------------
အဲ့ အမျိုးသမီးက မူလ ၃ကြွင်းနဲ့ မွေးချိန် ၅ကြွင်းပေါင်းထားတဲ့  တနင်္လာသမီးဗျ အသက်က ၃၇ ကြာသာပတေးသက်ရောက်ထဲမှာ ရောက်နေပြီ  သူ့ လာရင်းက ပြည်ပထွက်တော့ မလို့  အလုပ်ဖြစ်မဖြစ် အဓိကသဘော...ပညာတတ် ထက်ထက်မြက်မြက်ရှိပြီး သွက်လက်တယ်...ဒါနဲ့  မွေးချိန်သဘောအရရော သက်ရောက်သဘောအရရောနဲ့  ရှေ့ ဂြိုလ်က ရာဟုဂြိုလ်ဖြစ်နေတာပါကြောင့် ပါ ရတယ်ပေါ့ ...အဲ့ မှာ သူက ပြဿနာဖြစ်နေတာက ပြည်ပလမ်းက လမ်းနှစ်သွယ်ဖြစ်နေလို့ တဲ့  အိမ်က(မအေက)  ဖြစ်စေချင်တာက တစ်လမ်း သူသွားချင်တာက တစ်လမ်း တဲ့ ...ဒါနဲ့ ကျနော်က ပြောတယ် ဘယ်လမ်းရွေးရွေးကျနော်ကတော့  မတားဘူး ဒါပေမယ့်  ခက်တာက ကျနော်တို့ က ဗမာတွေဆိုတော့  မိဘဖြစ်စေချင်တဲ့  လမ်းကိုငြင်းပယ်ရတာ သိပ်ခက်တယ်..တစ်ချို့ ကတော့ 
ကိုယ့် ဘ၀တစ်ခုလုံးကို မိဘကိုထိုးကျွေးလိုက်တာမျိုးလည်းရှိတယ်....ဒီလို တနင်္လာအသက် ၃၇ ဆိုတာမျိုးကတော့  ကိုယ့် ဘ၀ ကံကောင်းမှု့ အသစ်တွေ စတင်တာမျိုးဖြစ်လို့   ဘယ်လမ်းရွေးရွေးကျဆုံးခန်းတော့ မဖြစ်ပါဘူး တစ်ချို့ ဆို အလုပ်သစ်လမ်းတင်မကဘူး အိမ်ထောင်ကံပါ တစ်ပါတည်းပေါ်လာသေးတာလို့ 
( သူလာမေးတာ ဗုဒ္ဓတိုင် တနင်္လာ စုတ်စန်းနဲ့ လာနေလို့  အိမ်ထောင်ကံပါ ထည့် ပြောတာ) ...ဆိုလိုက်တော့  အဲ့ တော့ မှ သူ့ အိမ်ထောင်စန်းအကြောင်း ကိုပြောတော့ တာ...