ချာရပတ်ရမ်းနေတဲ့ အိမ်ထောင်ရေးဆွေးနွေးခန်း :P 😁
---------------------------------
အဲ့ အမျိုးသမီးက မူလ ၃ကြွင်းနဲ့ မွေးချိန် ၅ကြွင်းပေါင်းထားတဲ့  တနင်္လာသမီးဗျ အသက်က ၃၇ ကြာသာပတေးသက်ရောက်ထဲမှာ ရောက်နေပြီ သူ့ လာရင်းက ပြည်ပထွက်တော့ မလို့  အလုပ်ဖြစ်မဖြစ် အဓိကသဘော...ပညာတတ် ထက်ထက်မြက်မြက်ရှိပြီး သွက်လက်တယ်...ဒါနဲ့  မွေးချိန်သဘောအရရော သက်ရောက်သဘောအရရောနဲ့  ရှေ့ ဂြိုလ်က ရာဟုဂြိုလ်ဖြစ်နေတာပါကြောင့် ပါ ရတယ်ပေါ့ ...အဲ့ မှာ သူက ပြဿနာဖြစ်နေတာက ပြည်ပလမ်းက လမ်းနှစ်သွယ်ဖြစ်နေလို့ တဲ့  အိမ်က(မအေက) ဖြစ်စေချင်တာက တစ်လမ်း သူသွားချင်တာက တစ်လမ်း တဲ့ ...ဒါနဲ့ ကျနော်က ပြောတယ် ဘယ်လမ်းရွေးရွေးကျနော်ကတော့  မတားဘူး ဒါပေမယ့်  ခက်တာက ကျနော်တို့ က ဗမာတွေဆိုတော့  မိဘဖြစ်စေချင်တဲ့  လမ်းကိုငြင်းပယ်ရတာ သိပ်ခက်တယ်..တစ်ချို့ ကတော့ 
ကိုယ့် ဘ၀တစ်ခုလုံးကို မိဘကိုထိုးကျွေးလိုက်တာမျိုးလည်းရှိတယ်....ဒီလို တနင်္လာအသက် ၃၇ ဆိုတာမျိုးကတော့  ကိုယ့် ဘ၀ ကံကောင်းမှု့ အသစ်တွေ စတင်တာမျိုးဖြစ်လို့  ဘယ်လမ်းရွေးရွေးကျဆုံးခန်းတော့ မဖြစ်ပါဘူး တစ်ချို့ ဆို အလုပ်သစ်လမ်းတင်မကဘူး အိမ်ထောင်ကံပါ တစ်ပါတည်းပေါ်လာသေးတာလို့ 
( သူလာမေးတာ ဗုဒ္ဓတိုင် တနင်္လာ စုတ်စန်းနဲ့ လာနေလို့  အိမ်ထောင်ကံပါ ထည့် ပြောတာ) ...ဆိုလိုက်တော့  အဲ့ တော့ မှ သူ့ အိမ်ထောင်စန်းအကြောင်း ကိုပြောတော့ တာ...
အဲ့ ဒါ သူမှပြဿနာတက်နေတာ..အိမ်က (မအေက ယူစေချင်တာ) သဘောတူတာတစ်ယောက်ဖြစ်နေတယ်..ကျမသဘောကျတွဲနေတာက တစ်ယောက်ဖြစ်နေလို့ ..လို့  ကျမတွဲနေတာကို အိမ်က သဘောမကျဘူး အိမ်က သဘောတူနောကို ကျမက သဘောမကျ လို့ ဆိုလာပါရောဗျာ...အဲ့ မှာလည်းကျနော်က ဂြိုလ်သဘောအရ အခု အသက် ၃၇ကနေ ၄၀လောက်အထိ အိမ်ရာထူထောင်ခွင့် တော့ ရနေတယ်.သောကြာကလွဲရင်ပေါ့ ....ဒါနဲ့  အိမ်သဘောကျနေတာက ဘာနေ့ သား အသက်ဘယ်လောက်မို့ လဲ လို့ မေးလိုက်တော့ ...မွေးသက္ကရာဇ်ပါသိတယ် အင်္ဂါသား အသက် ၄၉ထဲမှာ လူပျိုကြီး အနေအထိုင်စတိုင်ကအေးသလိုလိုပဲ ကျမတော့ သဘောမကျဘူး စိတ်ထဲ တစ်ခုခုထင်နေတယ် အမေကတော့  သဘာကျနေတာ..လို့  ဆိုလာတယ်...
အင်္ဂါအသက် ၄၉ ဆိုတာနဲ့  သဘောပေါက်လိုက်ပြီ...ဒီဘဲကြီး မိန်းမလိုချင်တာ ဆေးပေးမီးယူအဆင့် လောက်ယူချင်တာ သူ့ ဂြိုလ်သက်ရောက်က အင်္ဂါသက်ရောက် ရှေ့  ၅၀တို့ ၅၁တို့ ဆိုပျားတုတ်ဦးမှာ ခုတောင် ဟန်ပဲရှိတာ အဆံက သိပ်မရှိတော့ ဘူး ပြီးတော့  တစ်ခုလပ် မဟုတ်ပဲ အခုအထိလူပျိုကြီး လုပ်လာတယ်ဆိုတာ မိသားစုဘ၀ထက် သူ့ ကိုယ်သူပိုချစ်လို့ ပဲ လို့  တွေးပြလိုက်ပြီး ဒီဘဲကြီးကိုတော့  ငြင်းသာငြင်းလိုက်ပါ သူ့ ကိုသာယူရင် ကိုယ်လူမမာဖြစ်သွားလိမ့် မယ် မအေသဘောတူတဲ့  ယောက်ျားကို မယူလို့ မြေမမြိုပါဘူးလို့ ပြောလိုက်တော့  ..အဲ့ အမျိုးသမီးက ဟုတ်တယ် ကျမလည်း စိတ်ကိုက မသင်္ကာနေလို့  ဘယ်သူ့ မှမယူဘူးလို့  ပြောထားလိုက်တာ အမေနဲ့ ကျမတောင်စကားကာင်းကောင်းမပြောဘူး...တဲ့ ဗျာ...အဟီးးး..
ဒါနဲ့  ကျနော်က သူ့ ကိုဆက်မေးတာက ဒါနဲ့ ကိုယ့် ရီးစားကိုကျတော့  ဘာလို့  သဘောမတူရတာလဲ ဘာနေ့ သားမို့ လဲလို့ ဆိုတော့  ၈၅ တနင်္ဂနွေ အသက် ၃၀ပြည်ပြီ အသက်က ၆ နှစ်လောက် ငယ်နေလို့ တဲ့ ဗျ...ဟင်..ဒါဆို သူလဲ ၃၁ထဲမှာပေါ့ .....အဲ့ ဒါလဲ ပြဿနာပဲဗျ..သူကထက်တော့ ထက်တယ် ဘရိမ်းလဲပြေးတယ် တဇွတ်ထိုးတော့ နဲနဲနိုင်မယ်ဗျ..လို့ ဆိုတော့ ..ဟုတ်တယ် တစ်ခါတစ်ခါ တဇွတ်ထိုးတော့ ဆန်တယ်..သူက အခု ကျမကို ဇွတ်လက်ထပ်ချင်နေတာ ကျမလဲ အဲ့ ဒါကြောင့် ခေါင်းစားနေတာ လို့  ဆိုပြန်ရောဗျာ...ဒါနဲ့ ကျနော်က ခက်တာကဗျာ...တနင်္ဂနွေတွေအသက် ၃၁ ဆိုတာကလည်း
အိမ်ထောင်ပြုဖို့ နေနေသာသာ ရှိပြီးသားဆိုရင်တောင် အသက်၃၁ မှာ ကွဲလွယ်ပျက်လွယ်တွေဖြစ်လွယ်တာမျိုး ရန်ပွဲတဂျိမ်းဂျိမ်းဖြစ်တတ်တာမျိုး ဒီလို နှသ်မျိုးမှာမှ
အိမ်ထောင်ထပြုမယ်ဆိုရင် အိမ်ထောင်သက်ရှည်ဖို့ က ခက်နေတာမျိုးဗျာ...သူနဲ့ သာ တကယ်လက်တွဲချင်ရင် အဲ့ တနင်္ဂနွေသား အသက် ၃၂ ထဲရောက်မှ ကောင်းမယ်လို့ ပြောလိုက်တော့  အဲ့ အမျိုးသမီးက အဲ့ တနင်္ဂနွေသားက အသက်တွေ သိပ်ကြီးသွားမှာစိုးလို့ လို့  ယူချင်နေပြီ လို့ ပြောတယ် လို့ ဆိုလာပြန်တယ်..ဒါနဲ့ ကျနော်က အိမ်ထောင်ရေးမှာ အသက်ထည့် တွေးတာ သားရေးသမီးရေးသဘောကြောင့်  အဓိကပဲ အဲ့ ကိစ္စသိအရေးမကြီးရင် ၂ယောက်သား ၅၀တွေကျော်မှလည်းထယူချင်ယူနေတာမျိုးလို့ ပြောလိုက်ပြန်တော့ ...အဲ့ အမျိုးသမီးက......
အဲ့  မှ အရင်ရီးစားဟောင်းက ပြန်လာချိတ်နေတယ်တဲ့  အိမ်ထောက်ကကွဲခဲ့ ပြီတဲ့  ကျမသာ အခွင့် အရေးပေးမယ်ဆိုရင် လက်ထပ်ချင်တယ်လို့ ပြောလာတယ် လို့ ဆိုပြန်ပါရောဗျာ...ဒါနဲ့ ...ဟင် ..အဲ့ ရီးစားဟောင်းက ဘာနေ့ သားလဲ အသက်ဘယ်လောက်မို့ လို့ လဲဆိုတော့  ကျမနဲ့ အသက်အတူတူပဲ ၃၇ ကြာသာပတးသား တဲ့ ဗျာ...ဟားးးး အဲ့ ကြာသာပတေးသားကလည်း လာမယ့်  ၃၈ ဆို မြောင်းထဲရောက်တော့ မှ အခု ၃၆ တို့ ၃၇ တို့ ကတော့  လောလောဆယ်စင်ပေါ်မှတော့ ဖြစ်နေမှာပေါ့  သူ့ ယူမိပြီးပြီး သူက ၃၈ ၃၉ ၄၀ မြောင်းထဲရောက်ချိန်နဲ့ ဆို ကိုယ်ပါရောကျွမ်းပစ်နေမယ့် ပုံပဲဗျာ...ကိုယ့် ဟာကိုယ်အပျိုကြီးလုပ်နေတာပဲ ကောင်းမယ်နဲ့ တူပါရဲ့ ဗျာ...လို့  ကျားသုံးယောက်ကံကြမ္မာအကြောင်းထိုင်နားထောင်ပြီး စိတ်ပျက်လက်ပျက် နဲ့ ငြီးပြလိုက်တော့  အဲ့ အမျိုးသမီးက ဟီးဟီးတဲ့ ...အဟီးးး....အဖြစ်က ဘာဆက်ဆက်နွေးပေးရမှန်းမသိတော့ ဘူး...၃ယောက် ၁ယောက် နဲ့  ချာရပတ်ရမ်းနေတာ...
အမှန်က အခုလို အိမ်ထောင်ပြုဖို့ တွေးတော့ မှ ချာရပတ်တွေရမ်းနေတာ ၃ကြွင်းတန်ခိုးမဟုတ်ဖူး မွေးချိန် ၅ကြွင်းက မရဏ တနင်္ဂနွေနံ အိမ်ယာထူထောင်ရတာခက်တာ မိသားစုဖမ်မလီတိုက်ပ် နဲ့ နေခွင့် ကံအားနဲနေတာမျိုးကြောင့်  အိမ်ယာထူထောင်မယ်လို့ အတည်ကြံကြည့် တိုင်း အဲ့ လို အုံးစားစရာဇာတ်ကွက်တွေဆုံလာတာမျိုးပဲ....ပြီးတော့  စုတ်ရော လာဘ်ဆိုတဲ့  အလုပ်ကံ ပေါ်လာတဲ့  သက်ရောက်မျိုးမှာ အိမ်ထောင်ရေးလာအုံးစားနေတယ်ဆိုတာ အလုပ်လမ်းကို ရွေးတဲ့ အခါမှာ တွေဝေသွားအောင် ကံကြမ္မာက လာရစ်နေတာမျိုးသဘောဗျား...ချုပ်လိုက်တော့  ဆွေးနွေးခန်းက လာတုန်းက အလုပ်လမ်းကိစ္စ နိဂုံးချုပ်သွားတာ အိမ်ထောင်ရေးချာရပတ်ရမ်းနေခန်းနဲ့ အဖြေ မယ်မယ်ရရ မရှိပဲ နိဂုံးချုပ်သွားပါရောဗျာ... :P 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..