တကယ့် ကို ဆင်းရဲဘူးလို့ ပါလေ...
-------------
ဒယ်ဒက်အူး လေဆိပ်က ထိုင်ခုံကို အုပ်ခဲခုထားတဲ့ ပုံတဲ့ ဗျ..၊ အဲ့ ပုံလေးမြင်လိုက်တော့  ကိုယ့် ငယ်ဘ၀ကိုတောင်သတိရသွားတယ်.၊
ဒါမျိုး အိုင်ဒီယာတွေဆိုတာ ဆင်းရဲဘူးမှ ဘယ်လို ထွက်လာသလဲဆိုတာ ပိုရိပ်မိမယ်ထင်တယ် ၊ ဆင်းရဲတော့ လိုချင်တဲ့ နိုင်ငံခြားဖြစ်အရုပ်တွေ
ဈေးကြီးလို့ မ၀ယ်နိုင်ဘူး အဲ့ တော့  ကိုယ့် ဟာကိုယ် အုန်းလက်နွားလေးဆိုပြီး တံမျက်စီးခ တစ်ကလုပ် တစ်ကလုပ်နဲ့ ပါးစပ် ခွာသံထွက်ပြီး ပြေးလွှားဆော့ ရတာ သစ်သားချောင်းကို ကိုယ့် ဟာကိုယ် လှေထွင်း ပြီမြောင်းထဲသွားလွှတ်ဆော့ ရတာတွေနဲ့ ထွင်ဆော့ ခဲ့ ရတယ်...
လေးပေမီးချောင်းကျွမ်းသွားရင်တောင် အသစ်ချက်ချင်းမ၀ယ်နိုင်လို့ ကြေးနန်းကြိုးနဲ့ ငုတ်စ ၂ဖက်ပတ်ပြီးပြန်ထွန်းလို့ ရအောင်လုပ်ယူခဲ့ ရတယ်
ဂျပန် ဖိနပ်လေးမျိုးကိုတောင် သဲကြိုးပြတ်သွားလို့ ငွေရေးကြေးရေးရှားပါးနေတဲ့  အမေက အသစ် မ၀ယ်ပေးနိုင်ခင် တွက်ချိတ်ထိုးပြီးစီးနေခဲ့ ရတာတွေဆိုကျနော်တို့ နဲ့ ခေတ်ပြိုင်တွေ ပိုသိပါ့ ....ပြောရရင် ဆင်းရဲလို့  အသစ်မ၀ယ်နိုင်ခင်မှာ အကြံအဖန်မျိုးစုံနဲ့ ပြန်လုပ်သုံးရတဲ့ ပစ္စည်းတွေအများကြီးပဲ...
အဲ့ ဒီလိုပြန်ထွင်သုံးနေခဲ့ ရတာကို ရှက်စရာတွေ ဂုဏ်ယူစရာတွေ ဆိုပြီး ဝေဖန်ခံစားတာတွေ လုပ်ရကောင်းမှန်းလည်းမသိခဲ့ ဘူး..စပ်ထဘီဆိုတာ ဒီဘက်ခေတ်မှာ ဖက်ရှင်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်  ဟိုခေတ်ကတော့  ထဘီတစ်ကွင်း အသစ်မ၀ယ်နိုင်သေးခင် ပိတ်စအတိုအထွာအပိုတွေကို
အထည်ဖြစ်အောင် စပ်ဟတ်ဝတ်ခဲ့ ရတဲ့ ဆင်းရဲသူလေးတွေရဲ့ အရှက်လုံထဘီလေးပေါ့ 
တစ်ချို့  မရှိမဖြစ်ပစ္စည်းတွေ ပျက်သွားလို့ အသစ်မ၀ယ်နိုင်ခင် ပြင်သုံးနိုင်တာကိုပဲ တော်ပါသေးရဲ့ လောလောဆယ်ပြန်သုံးလို့ ရသေးတယ်ဟ ဆိုပြီး ၀မ်းသာနေရတဲ့ ဘ၀တွေပါ....ဘိလပ်ရေပုလင်းတောင် အခုခေတ်လို လွယ်လွယ်နဲ့ လွှင့် မပစ်နိုင်ပဲ ဆီပုလင်း ငံပြာရည်ပုလင်းပြန်လုပ်သုံးခဲ့ ရတယ်.
..
ဆင်းရဲခြင်းရဲ့လက္ခဏာတွေထဲက လက္ခဏာတစ်ခုပေါ့ ...