Powered By Blogger

Saturday, May 23, 2015

မအေဆိုတာ..



မအေဆိုတာ..
--------
မအေလုပ်ရတာလည်း လွယ်တော့ လွယ်ဘူးပဲ...မောင်နှမ ၂ ယောက်ရဲ့ မအေတဲ့  သမီးက နား တပူပူလုပ်နေပုံက သမီးက အခု ၁၀တန်း ၊ ဘော်ဒါမှာ မတ်လကတည်းကတဲ့ 

၉၉ဖွား ၃ကြွင်းနဲ့ မွေးချိန် ၅ကြွင်းပေါင်းထားတဲ့ ကြာသာပတေးသမီး အဆောင်က အစားအစာတွေ မစားနိုင်ဘူး ဆိုလို မအေက သမီး ကျမ္မာရေးအတွက် စိတ်ပူနေတာ.
.
ဂိုက်သင်တာတွေ နားလည်ဝူးးဆိုလို့   မအေက ဂိုက်ရှာ အသစ်လဲလဲ ပေးနေရလို့  အုံးတွေစားနေရတာကတစ်မှု့ ...

သားက ၉၇ဖွား သူကလည်း ၁ ကြာသာပတေးသား..ပထမနှစ်ကျထားပြီးသားတဲ့ ဗျ...ကျတာထက် အုံးစားရတာက

မအေနဲ့ ဖအေ ခရီးထွက်ရလို့ အိမ်မှာ သူ့ ချည်းထားခဲ့ တာ...အဲ့ ဒါသားရဲ့ ရီးစားလေးက အိမ်လိုက်လာနေပြီး မပြန်တော့ ပါဘူးဆိုလို့ တဲ့  အဲ့ ကိစ္စရှင်းလိုက်ရတာ တော်တော်ဖတ်ဖတ်မောသွားသတဲ့ ..

.ကျောင်းပြီးမှ ယူကြပါဆိုပြီး မိန်းကလေးသွားပြန်ပို့ ပြီး ကတိက၀တ်တွေ လုပ်ပေးထားရတယ်ပေါ့ လေ..အခုက ၁၈နှစ်တောင်မပြည့် သေးလို့ တဲ့ ဗျ...

မအေကတော့  သူ့ သားကို အိမ်ထောင်ပြုဖို့ ငယ်သေးတယ်လို့ ပြောတာပဲဗျာ..သားရီးစားလေးက ၁၉နှစ်တဲ့ .

အဲ့ မှာ မအေ ပျားတုတ်နေတာ တစ်ချက်က သားရီးစားလေးက ဖွဘုတ်မှာ သူနဲ့ စေ့ စပ်လိုက်တဲ့ ချစ်သူပါဆိုပြီး ..

သူ့ သားနဲ့ ဘာဘာညာညာပုံတွေတင် ဘာတွေတင်နဲ့ ကြော်ငြာထိုးနေတာကို အောင့် သီးအောင့် သက်နဲ့ ကြည့် နေရတယ်တဲ့ ....

မအေဆိုတာ သူ့ သားတွေကို ဘယ်တော့ မှ အသက်ပေးကြီးချင်တဲ့ ပုံမပေါ်ဘူးနဲ့ တူပါရဲ့ ဗျာ။။။.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..