နတ်သုဒ္ဓာ
--
နတ်သုဒ္ဓာ တဲ့ ..အများနားလည်သလိုပဲ နားလည်တာက မြေကြီးကို မှီနေတဲ့  လူ တွေထက် စားဝတ်နေရေး တို့ အရေးသုံးပါး ခံစားခွင့် ကံ ပိုအဆင့် မြင့် တဲ ကောင်းကင်မှာနေတဲ့  နတ် ဆိုတဲ့  နတ် တွေမှီဝဲတဲ့  တွတ်တီးတစ်မျိုးပေါ့ .ယေဘူယျသဘောအရ နတ်တွေရဲ့  ဘော်ဒီဖွဲ့ စည်းပုံက သိပ်ပြီး
စမတ်ကျ နူးညံ့ လို့  နတ် အစားအစာတွေကလည်း ဂွတ်တကာ့ ရှယ်လို စာထဲမှာ ပြောတယ်. ..
ဂွတ်လွန်းအားကြီးလို့  လူ့ တွတ်တီးတွေနဲ့ ဆို ယှဉ်မရအောင် ကောင်းလွန်းသတဲ့ ..အဲ့ ဒီ့  နတ်တွတ်တီးကို သာမန်လူတွေများ တွတ်တီးပေးလိုက်ရရင် နတ်နဲ့ လူဘော်ဒီဖွဲ့ စည်းပုံ သဘာဝ မတူလို့  အဲ့ ဒီ ကောင်းလှပါတယ်ဆိုတဲ့  နတ်တွတ်တီးစားပြီး အစာ မချက်နိုင်တာနဲ့ ပဲ သာမန်လူတွေ ဂန့် သွားနိုင်ပါတယ်တဲ့ ..
သဘောက နတ်တွေရဲ့ ဘော်ဒီသဘာဝနဲ့  နတ်တွေရဲ့ စားစရာက ကွက်တိဖြစ်ပေမယ့်  သဘာဝမတူတဲ့ လူတွေ အတွက် နတ်သုဒ္ဓာ က အာဟာရ မဖြစ်ပဲ သေသွားနိုင်တယ်ပေါ့ လေ.....ဒီသဘောကို မြတ်ဘုရားရဲ့  နောက်ဆုံးဆွမ်း ကဏ္ဍမှာ ဖတ်ခဲ့ ရတယ်...
ဒီလိုပဲ တစ်ချို့  နက်ရှိုင်းတဲ့  အနက်တွေရှိတဲ့ အယူဝါဒတွေ တစ်ချို့ လူတွေရဲ့ အတွေးအမြင်တွေ တစ်ချို့ လူတွေရဲ့ စကားတွေဟာ သဘာဝတူတဲ့ သူတွေအတွက် ခွန်အားဖြစ်နိုင်သလို တစ်ချို့ တွေအတွက် ကြားနာလိုက်ရတာနဲ့  အဆိပ်ဖြစ်သွားနိုင်လောက်တာ....လဲသေသွားနိုင်လောက်တာမျိုးလည်း ရှိနိုင်လောက်မယ်ပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..