နှစ်လိုဘွယ်ကောင်းတဲ့ လူ
--------------
အရင်လို တင်းကျပ်နေအောင် သိပ်ပြီး မဆုပ်ထားတော့ တဲ့ အခါ
အတွေးလေးတွေဟာ အသက်ရှုချောင်လာတယ်..
အပြီး လွှတ်ချလိုက်ဖို့  အချိန် မရောက်လောက်သေးဘူးဆိုတာ
ကိုယ့် အကြောင်းကိုယ်သိ ကိုယ့် ခရီး ကိုယ်သွားရင်း တွက်မိတော့ 
အတွေးချိုလေးတစ်ချို့ ကို
ဖွဖွလေးပိုက်ပြီးတော့ တော့ 
လွမ်းရမယ့် သူတွေ လွမ်းမိနေဆဲပဲပေါ့ လေ..
ကိုယ့် အတွေးလေးတွေ တစ်ချို့ 
ဘေး စကားတွေရဲ့ ဘောင်ခတ်မှု့ အောက်မှာ ထောင်ကျနေခဲ့ ရာက
ကိုယ့် စိတ်စေရာ အာရုံတွေကို လွတ်လပ်စွာ တွေးတောခွင့် ပေးလိုက်တဲ့ အခါ...
လောကရဲ့ ထောင့် စွန်းလေးမှာ မထင်မရှားလေးရောက်လာပြီး
ငြိမ်ငြိမ်ကုပ်ကုပ်လေး လူမသိ သူမသိ လောကထဲက ပြန်ထွက်သွားတဲ့ သူဟာ
လောကကို ဒုက္ခကမ်းပါးကနေ ပျက်သုဉ်းခြင်း ချောက်ကမ်းပါးကြီးထဲ တွန်းချလိုက်သူတွေထက်
ပိုပြီး နှစ်လိုဘွယ်ကောင်းတဲ့ လူအဖြစ် တွေးပေးလို့ ရလာခဲ့ ပြီ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..