'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, July 5, 2015
ဘာတွေကို ပုံပြီးယုံရဲမလဲ...
ဘာတွေကို ပုံပြီးယုံရဲမလဲ...
------------
ဘယ်လောက် ဗရုပ်သုတ်ခတွေဖြစ်နေတဲ့ လောကလဲဆိုတာ တရားရေးကရှေ့ နေတွေတောင် ဗေဒင်ဆရာတွေလောက် အမှု့ စုံရဲ့လားထင်ရတယ်....ဘယ်လောက် ရီစရာကောင်းလဲ ရှေ့ နေကြီးကိုယ်တိုင် ကိုယ်ဖြစ်နေတဲ့ တရားမမှု့ အမွေလုပွဲ ကိုယ်တိုင် လာဘ်ထိုးတာတောင် ၁၅နှစ်ရှိပြီ အမှု့ မပြီးသေးဘူး လူလည်းသေခါနီပြီ.တက်ကြွသူ စာရေးဆရာတဲ့  ဆော်လေးတွေကို ကဲပြီ ပစ်ထားခဲ့ တတ်လို့ စွာကျယ်မလေးတစ်ယောက်ထပြီးတရားစွဲလို့  တရားရင်ဆိုင်လိုက်ရပြီး နောက်ဆုံးတော့  ကျိတ်ပြီးအလျော်ပေးလိုက်ရတယ်....
ဘယ်လောကသားတွေရဲ့  ဘာလုပွဲ ညာလုပွဲတွေများ ချပြောလို့ မကောင်း ကျော်မကောင်းကြားမကောင်းတွေများ တစ်ပုံကြီး..ဓမ္မစာမေးပွဲအောင်ဖို့ ယတြာတဲ့ ...ဟာသတွေ ဟာသတွေ တစ်ပုံကြီး....မုဆိုးမဆီက ငွေချေးပြီး ပြန်မပေးပဲ လူပါ တက်ဝါးတဲ့ ကြယ်တွေ သတင်းပေါက်လာမှ ရင်းမှုးတွေက လက်သိပ်ထိုးရှင်းရတဲ့ အကျင့် ပျက် ဇာတ်ထုတ်တွေ...နတ်ဟောသမားပါတဲ့  အကြားအမြင်ဟောသမားပါတဲ့  လူများများလာအောင်လို့  ဗေဒင်ဆရာဆီမှာ ဒိုင်လျိုလေး ယတြာလာတောင်းတာတွေ....အဟာ့ ...ဘာတွေကို ပုံပြီးယုံရဲမလဲ...ဘယ်စာတွေကို ဖတ်ပြီး ဘယ်လူကို ဇာစ်မြစ်မသိပဲ ယုံရဲရမလဲ....အနတ္တတိုင်းပြည်က အတ္တကောင်တွေ တစ်ပုံကြီးရှိနေတာ....လှောင်ချင်စရာ..ရယ်ချင်စရာသိပ်ကောင်းတယ်....ကိုယ့် တိုင်းပြည်က အရှုတ်ထုတ်တွေကြောင့်  ကိုယ့် ကိုယ်တော်ရှင်မြတ်ကြီးကိုတောင် အားနာစရာကောင်းတယ်..
ရက်စိတ်
ရက်စိတ်
--
အခုပြတာ ဇန်န၀ါရီ ၁ရက်မွေး သောကြာသားအဖြစ်နမူနာပြတာပါ.. ပြန်ပြတာပါ ကံ အကြောင်းသိစေချင်လို့ ပါ.. တစ်နှစ်မှာ ၁၂ လ ရှိပါတယ် အဌလက် ၈ ခွင်သဘောအရ ၈ နဲ့ စားရင် လစိတ် ဂြိုလ်တစ်ခွင်မှာ ၄၅ ရက် ( တစ်လခွဲ)လောက်ကြာပါတယ်...သဘောက ၁လပိုင်း ၁ရက်ကနေ ၂လပိုင်း လတစ်ဝက်အထိက မွေးနံ သောကြာဂြိုလ်အဌလက်ခွင်ထဲမှာပေါ့ ..။ ၂လပိုင်း လတစ်ဝက်ကနေ ၃လပိုင်း လကုန်အထိဆို ရှေ့ က တနင်္ဂနွေလစိတ်ထဲမှာပေါ့ 
ပေါ့ ပါးသော ကောင်းမှု့ 
ပေါ့ ပါးသော ကောင်းမှု့ 
---
ဘယ်လောက်ကံဆိုးဆိုး အညွန့် တစ်ခုခု ဘုရားရည်စူး လှူထားတာ မမှားဘူး နံ မကောက်တတ်ရင် ဘာနံမှမကောက်တော့ ဘဲ ဘာပန်းဖြစ်ဖြစ် အရောင်ကို ယူပြီးလှု.... အရောင်ပါ မယူတတ်ရင် ရောင်ခြည်တော် ၆သွယ်ကို အာရုံပြုပြီး အရောင် ၂မျိုးသုံးမျိုး စပ်လှု..ပန်း.အရေအတွက်က ဂုဏ်တော်ကို အာရုံယူပြီး ၉ န၀င်းကိုက်တွေ ဖြစ်အောင်လှု ဂုဏ်တော် ကို တစ်နေ့  တစ်ပါး သက်စေ့ ရွတ်ရွတ် ပုတီးသုံးပတ်စိတ်စိတ် ကောင်တာနှိပ်နှိပ် ၉ ရက်ဆက် လုပ် ၉ရက်ပြည့် ရင် ကြားမှာနား..နောက်မှ စိတ်ပါသေးရင်ပြန်စ ....
ကောင်းမှု့ ကို ပေါ့ ပေါ့ ပါးပါး အကြော ဆက်ပေးနေရင် လောကဓံကြောင့်  ကံဆိုးနေရင်တောင် ကံဆိုးနေတာထက် ပိုကံမဆိုးတော့ ပဲ တစ်စတစ်စ ဦးပြန်မော့ လာလေ့ ရှိတယ်...
ကောင်းမှု့ ဟာ ထောင်ကျချင်းတူတောင် ကောင်းမှု့ လုပ်နေတဲ့  ထောင်ကျက အသားတစ်တုံး ကန်းစွန်းရွက်တစ်ဖတ် ရေတစ်ခွက် ပိုရလေ့ ရှိတယ်
အခုညွှန်တဲ့  ကောင်းမှု့ ဟာ ဒဲ့ ပြောရရင် ကိုယ့် ဘုရားရှင်ရဲ့ အနန္တတန်ခိုးရိပ် ဘုန်းရိပ် ကံရိပ်ကို မှီပြီးလုပ်တဲ့  အညွန့် လှုတာ ဆွမ်း သစ်သီး အချိုပွဲ ကပ်တာ ဂါထာရွတ်နေတာ စတဲ့  ကောင်းမှု့ ကို ဆိုလိုတာဖြစ်တယ် လူလူချင်း ပရဟိတ္တသဘော ဒါနခန်းတွေ ကို မဆိုလိုပါဘူး...
တကယ့် အတွေ အကြုံတွေပါ
တကယ့် အတွေ အကြုံတွေပါ န၀င်းထိုင်နေတုန်း အီးပါချင်တာ ဇောချွေးတွေတောင်ပြန်လာပြီး အောင့် မထားနိုင်တော့ ဘူးဆိုလို့  ခြေမန်းကွင်းချွတ်ချပေးလိုက်ရတာလည်း သုံးလေးယောက် ကြုံခဲ့ ဘူးပါတယ် နောက်မှာ ပြန်လာထိုင်ရတယ် အခါ ကျော်သွားပေမယ် အစ အခါမှန်နေလို့  န၀င်း ရိုက်ပေးလိုက်တာပါပဲ
အယူခြား နဲ့ ယတြာကစားကွက်..
အယူခြား နဲ့ ယတြာကစားကွက်..
--------
တော်ကီတွေက အရေးကြီးပါတယ်...ဗမာပြည်ပေါက် အယူခြားတွေက အများအားဖြင့်  စတောင်း သိပ်မဖြစ်တာ များတတ်ပြီ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေတွေရဲ့  ရင်းနှီးမှု့  အခြေအနေကြည့် ပြီး ယောတောရှိတွေ လုပ်တတ်ပါတယ် ဒါဟာ လူ ဆိုတာ လူလို တွေးတယ် လူတွေလိုချင်တာ မလိုချင်တာ မှာ လူတွေဟာ အတူတူပဲသဘောကို ပြနေတဲ့ သဘောပါ
ပွဲ
ပွဲ
---
ဘုရားပွဲ န၀င်းပွဲ ငှက်ပျောပွဲ နတ်ပွဲ ဂိုဏ်းပွဲ ဆေးပွဲ ဘာပွဲဖြစ်စေ ''' ပွဲ ''' ဆိုတာ ကြာသာပတေးနံ ဂုရုတိုင် မူလ အလည်အခြာ ပဲ ဗျား....အဲ့ ဂုရုတိုင်မှာ အမြစ်ခိုက် ..က ဗုဒ္ဓဟူးနံ လူ ဗျာ....လူခိုက် ဆိုတာ ပွဲကိုင်တဲ့  စေတနာ မမှန်ရင် ယုတ်ရင် လူခိုက် ။
စေတနာမှန်ရင် ခိုက်လွတ်ပြီ ခိုက်လွတ်ရင် န၀င်းတက်သွားတယ် လူန၀င်း န၀င်းလူ
( လူန၀င်း န၀င်းလူ ဆိုတာ စနေတိုင် န၀င်းသမား စနေတိုင်မှာ သောကြာနံအမြစ် သစ္စာစကားသမား န၀င်းလူရဲ့ စကား...နှုတ်စီးပြီ )
ပွဲကိုင်သူတွေဟာ စေတနာ မမှန်ရင် လူခိုက် သွားလို့  ဂုရုတိုင်ရဲ့ အညွန့်  သုံးနံ တနင်္လာ သောကြာ အင်္ဂါနံတွေ အားပျက်ကုန်တယ် အောက်သုံးနံအားတွေ ပိုဆိုးကုန်တယ် အလယ်အခြာ မူလ ကြာသာပတေးနံပါ ခိုင်မာမှူ့ ပျက်လာတယ် နောက်ဆုံး တတိုင်လုံး ပျက်တယ်
ပွဲကိုင်သူတွေဟာ ပွဲအပေါ် ပွဲရည်ရွယ်ချက် ပွဲစကား စေတနာ မှန်ရင် ဂုရုတိုင်ရဲ့ အပေါ်သုံးနံ ကောင်းကျိုးတွေ ရလာတယ် အောက်သုံးနံ အဆိုးတရားတွေ လျော့ သွားတယ် ...အလယ်အခြာမူလ ကြာသာပတေးနံ ပညာ မာလာတယ်ခိုင်လာတယ်
ပွဲ ကိုင်တဲ့ သူ ပွဲကြောင့်  ဒုက္ခ ပြန်ရောက်မရောက် ကီးက ဒါပဲဗျာ....ပွဲ အပေါ်ဘယ်လို စေတနာထားလဲပေါ့ 
ဒါကြောင့်  လောဘစိတ် ကပ်နေရင် သဒ္ဒါပျက်နေရင် စေတနာ မမှန်နေရင် ဂုဏ်ခံနေရင် မာနခံနေရင် ဒေါသစိတ်ဖြစ်နေရင် ပညာလမိုင်း မကပ်ရင် ဖီလင်မလာရင် စိိတ်မပါရင် ဘာပွဲမှ မကိုင်ဘူး ၀တ်ကျေတန်းကျေတောင် ပွဲ မကိုင်ဘူး လို့ ပြောတာပါ...

'' မာယာလူ.''
'' မာယာလူ.''
----
အကုန်
ပုံပေးခဲ့ ပြီးမှ
လမ်းချင်း ငြိတယ်ဆိုပြီး
ချိုညနေရီမှာ ဆိုခဲ့ ကြတဲ့ အနာဂတ်တွေက
.ခါး...ခါး..ခါး...အလကား..တဲ့ လား..
သွား..သွား...သွားတော့ မယ်လား...
အပြစ်ဖွဲ့ စကားတွေနဲ့ 
လှစ်ထွက်ပြေးခွာ ထားရစ်ရက်သူလို့ သိပေမယ့် 
မင့် ညှို့ ချက် ဆိုးချက်
ငါလေ မင်းနဲ့ 
ပြန် မဆုံချင်တော့ လောက်အောင်
ပြန်ဆုံချင်နေခဲ့ တာက
ကိုယ့် ဝဋ်ချစ်နဲ့ ကိုယ့် အဖြစ်ပါ
မာယာလူ..။
''' ငါလေ..ငိုချင်သည်..'''
''' ငါလေ..ငိုချင်သည်..'''
~~~~~~~~~~~~~~
အချိန်တွေ ပြောင်းခဲ့ ပေမယ့် 
မဟောင်းနိုင်သေးတဲ့ 
တေးသွားဟောင်းတွေထဲ တ၀ဲလယ်လယ်
နှစ်ကိုယ်တူ အကြား ဂန္တ၀င်ဖြစ်ခဲ့ တာတွေက
ကိုယ်စီထား သစ္စာတိုင် ချိုစကားတွေ....
ဆိုခဲ့ ကြတဲ့ အလင်္ကာတေးလေးတွေက
ခုတော့ လည်း ရင်နာတေးအဖြစ် သီဆိုလို့ 
နှလုံးသား ဧယဉ်ကျူးနေရတဲ့ အဖြစ်က
ငါလေ...ငိုချင်းသည်......။ { န၀င်းသီဟ }
အလံဖြူ..
အလံဖြူ..
----
သံယောဇဉ်နယ်အတွင်း
နှလုံးသားတပ် ကျွံဝင်သွားခဲ့ တော့ 
အောင်မြင်စွာ ဆုတ်ခွာခြင်းဆိုတာ
ငါ့ အတွက်တော့ ဓါတ်ရှင်ထဲသာ...
ဒဏ်ရာတွေ ဗလပွနဲ့  တပ်ဆုတ်ဖို့ ကြံဆဲမှာ
ငါလေ....
အလံဖြူထောင်ချင်ခဲ့ ပြီ....။
'' ပွဲ ''
'' ပွဲ ''
--
ပွဲတဲ့ လား
ပွဲစပြီလား
ပွဲမစသေးဘူးလား
ပွဲစနေပြီလား
ပွဲဝင်ကနေသလား
ပွဲဝင်မကဘူးလား
ပွဲကြည့် သူလား
ပွဲပြင်သူလား
ပွဲငှားလား
ပွဲစားလား
ပွဲကတော်လား
ပွဲတော်လား
ပွဲပျော်လား
ပွဲခေါ်လား
ပွဲမြှောက်သူလား
ပွဲထိုးသူလား
ပွဲသွင်းသူလား
ပွဲစားလား
ပွဲသွားလား
ပွဲပြန်လား
ပွဲရောင်းလား
ပွဲတော့ပွဲ မဟုတ်လား
ပွဲဆိုတာရော သေခြာလား
ပွဲတဲ့ လား...
Subscribe to:
Posts (Atom)